backup og meta

သင့်အသည်း ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသည်း ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့။

    ကျန်းမာတဲ့အသည်းတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ အလွန်ကိုပဲ အရေးကြီးပါတယ်။ အသည်းဆိုတာ သူ့ဘာသာသူဆို အကောင်းပါ။ လူတွေ ကြောင့်သာ အသည်းကျန်းမာရေး ယိုယွင်းလာရတာဖြစ်ပါတယ်။ အစားမှာဆို ဆီကြော်မုန့်တွေ၊ ဆိုးဆေးတွေ၊ မှိုတက်နေတဲ့ငရုတ်သီးတွေ၊ ဆေးတွေ ကနေ အသည်းကို ဒုက္ခပေးနိုင်ပြီး အသောက်ဆိုရင်တော့ အရက်က အသည်းကို ထိခိုက်စေတဲ့ နေရာမှာ ထိပ်ဆုံးပါ။ အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေကို လူတွေက သိရက်နဲ့ဖြစ်ဖြစ် မသိဘဲနဲ့ဖြစ်ဖြစ် လုပ်မိနေတတ်ကြပါတယ်။ ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကို လုပ်မိနေပြီဆိုရင်တော့ သင့်အသည်း ကျန်းမာဖို့ ပြန်ပြီးလုပ်ပေးသင့်တာတွေရှိပါတယ်။ အရက်လျှော့သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားတာ၊ အသည်းအားဆေးတွေ သောက်တာ၊ မျိုးတွေ လုပ်ပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓါ ကျန်းမာစေဖို့အတွက်လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း အသည်း အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အသည်းအတွက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေ အကြောင်းပြောပြချင်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အသည်းကျန်းမာရေး။

    လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေး အတွက် ကောင်းတဲ့ အရာတစ်ခုဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ သက်လုံကို ကောင်းစေတယ်။ နှလုံးကို ကျန်းမာစေတယ်။ စိတ်ကို ကြည်လင်စေတယ်။ ခုလိုကျန်းမာရေးနဲ့ မညီညွတ်တဲ့စားစရာတွေ ပေါများနေတဲ့ ခေတ်ကြီးမှာ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာမှုကို ထိန်းသိမ်းဖို့ဆိုတာ ဦးစားပေး လုပ်ဆောင်မယ့် အရာဖြစ်လာပါပြီ။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားတော့ နှလုံးကိုထိတယ်၊ ကိုယ်အလေးချိန်တက်တယ်။ ဒါတွေကိုပြန်လည်ပြုပြင်ဖို့လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ ဒါဆို အရက်သောက်တာ ကြောင့်ထိတဲ့အသည်းအတွက်ရော လေ့ကျင့်ခန်းက ဘယ်လို အခန်းကနေ ပါဝင်ပြီး အသည်းကျန်းမာအောင် လုပ်ပေးမှာလဲ ။ ကြည့်ရအောင်။ သင့်အသည်း ကျန်းမာဖို့  ဒီလို လေ့ကျင့်ခန်း လုပ်ဆောင်တဲ့အခါ

    • လေ့ကျင့်ခန်း လုပ်လိုက်တာကြောင့် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ မြန်လာပြီး စားလိုက်တဲ့ အစားထဲပါသွားတဲ့အဆီတွေကို မြန်မြန်လောင်ကျွမ်းစေတာကြောင့် အသည်းမှာ အဆီစုဖို့ အချိန်မရှိတော့ပါဘူး။
    • လေ့ကျင့်ခန်းလုပ်ရင် ထွက်သွားတဲ့ ချွေးတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အတွက်ကြောင့် အသည်းကနေ ကိုယ်တွင်းသန့်စင်ရေး လုပ်ငန်းကို တအား ကြိုးစားပမ်းစားလုပ်နေဖို့လည်း မလိုတော့ပါဘူး။
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ရင် ကိုယ်တွင်း သွေးလည်ပတ်မှုလည်းကောင်းလာတာကြောင့် အသည်းဆီကို အောက်ဆီဂျင်များများရောက်စေပါတယ်။
    • လေ့ကျင့်ခန်းလုပ်ရင် ထွက်လာတဲ့ ဟော်မုန်းတွေက ကိုယ်တွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ ဓါတုပစ္စည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးလို့ အသည်းကို ကျန်းမာစေပါတယ်။
    • လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်တွင်း ခုခံအား စနစ်ကိုလည်း ကောင်းမွန်စေလို့ အသည်းဆီကို ဝင်နိုင်တဲ့ ပိုးတွေကိုလည်း တိုက်ထုတ်ပြီးသားဖြစ်မှာပါ။

    ဒါကြောင့် အသည်းအတွက်သာမက ကိုယ်ခန္ဓာ တစ်ခုလုံးကျန်းမာစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးဖို့ အလွန်ကို အရေးကြီးပါတယ်။ ဒါဆို ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဒီအပိုင်းကို အသိချင်ဆုံးပဲ မဟုတ်လား။

  • တစ်နေ့ကို အနည်းဆုံး ၄၅ မိနစ်လမ်းလျှောက်ပေးရပါမယ်။ လမ်းလျှောက်တာဟာ ကျန်းမာရေး အတွက် အရမ်းကောင်းတဲ့အရာတစ်ခုဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။
  • အေရိုးဗစ်ဆော့ပေးရပါမယ်။ အေရိုးဗစ် လေ့ကျင့်ခန်းဆိုတာ နှလုံးကျန်းမာရေးအတွက် အထိရောက်ဆုံး အရာတစ်ခုပါ။ အေရိုးဗစ်ဆော့တာကြောင့် နှလုံးပိုအားကောင်းလာပြီး သွေးလည်ပတ်မှုကောင်းလာတာကြောင့် အသည်းဆီကို အောက်ဆီဂျင်များများရောက်မှာဖြစ်ပါတယ်။
  • ဝိတ်မခြင်းဟာ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ အသည်းရောဂါတွေက နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေမှာ အရိုးပါးခြင်းကို ဖြစ်စေတဲ့ အတွက်ကြောင့် ဝိတ်မပြီး အသည်းရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့အရိုးပါးခြင်းကို ကာကွယ်နိုင်ပါတယ်။
  • ကိုယ်အလေးချိန်ချတာကို ဦးစားပေးတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးရင် အသည်းအဆီဖုံးတာကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။
  • အရေးကြီးတာတစ်ချက်ကတော့ အသည်းရောဂါရှိနေပြီးသားလူတွေကတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ စကားပြောသံကို ပြန်နားထောင်ဖို့ပဲဖြစ်ပါတယ်။ မောပန်းနုန်းခွေတယ်ဆိုတာ အသည်းရောဂါတွေရဲ့ လက္ခဏာ တစ်ခုပါ။ ဒါကြောင့် အသည်းရောဂါရှိသူတွေ အနေနဲ့ အရမ်းနုန်းကျသွားတဲ့ အထိလေ့ကျင့်ခန်းလုပ်ဖို့ မလိုပါဘူး။ စစချင်းမှာ တစ်ပတ်ကို ၃ ရက်လောက်ပဲလုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးကောင်းပြီး အသည်းရောဂါ မရှိတဲ့သူတွေကတော့ တစ်ပတ်ကို ၅ရက်လောက်တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လုပ်လိုက်တဲ့ လေ့ကျင့်ခန်းတွေမှာ အေရိုးဗစ်လေ့ကျင့်ခန်း နဲ့ ဝိတ်မတာကတော့ မပါမဖြစ်ပါသင့်ပါတယ်။ သင့် ကိုယ်ခန္ဓာကိုရော ၊ သင့်အသည်းကိုရော ကျန်းမာစေဖို့ အပျင်းထူမနေဘဲ လေ့ကျင့်ခန်းလုပ်ပါ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေစဉ် ရေများများသောက်ေပးပြီး သင့်ကိုယ်ခန္ဓာနဲ့ အသည်းကို ရေဓာ်ပြည့်ဝအောင်ထားပေးဖို့လည်း မမေ့နဲ့နော်။ ။

    Dr. Thinn Yadanar

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement