အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား

ကလေးဆိုတာက ပြေးပြေးလွှားလွှား ဆော့တတ်တာက သဘာဝပါပဲ။ အဖော်စုံရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ နောက်ကလိုက်ထိန်းရတဲ့ မေမေကတော့ ပင်ပန်းတာပေါ့။ ပြေးရင်းလွှားရင်း ချော်လဲမလား၊ ချွေးတွေထွက်ပြီး အအေးပတ်မလား မိဘကတော့ မျိုးစုံစိတ်ပူတာပဲလေ။ ဒီတော့ ငြိမ်ငြိမ်လေး နေခိုင်းတာပေါ့။ ဒါပေမဲ့ ကလေးဆို လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမယ်၊ အကြမ်းခံတယ်၊ တော်တန်ရုံ မဖျားဘူးလို့လည်း သိထားတော့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကလေး ကိုယ်ခံအားကို ထိခိုက်စေသလား ဆိုပြီး ပြန်တွေးရပြီလေ။  ကလေးတွေ ပြေးလွှားဆော့တဲ့ခေတ် ကုန်များသွားပြီလား! ကလေးဆိုတာ ပြေးလွှားဆော့တယ်ဆိုတဲ့ ခေတ်က ကုန်များကုန်သွားပြီလားလို့တောင် ထင်စရာ ရှိပါတယ်။ ကလေးတွေ ပြေးလွှားဆော့တယ်ဆိုတာ ကိုယ်တွေခေတ်မှာပဲ ကျန်ခဲ့သလိုပေါ့။ ဒီလို ပြောရတာက အခုနောက်ပိုင်း ကလေးတွေဟာ ပြေးလွှားဆော့ဖို့ထက် ယူကျူ့ကြည့်တာ၊ ဖုန်းနဲ့ ဂိမ်းဆော့တာမျိုးတွေကို […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

သင့်တော်တဲ့ ကလေးအထူးကု ဆရာဝန်တယောက်ကို ဘယ်လိုရွေးချယ်မလဲ

ကလေးအထူးကုဆရာဝန်တွေဟာ အရမ်းအလုပ်များတဲ့အတွက် သူတို့နဲ့ရက်ချိန်းယူဖို့က တခါတလေ နည်းနည်းတော့ခက်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို ကလေးအထူးကုဆရာဝန်တယောက်နဲ့ပထမဆုံးအကြိမ် ပြသမယ်ဆိုရင် သင့်အနေနဲ့ဆရာဝန်ကို မျက်နှာချင်းဆိုင်တွေ့ပြီး စကားအနည်းငယ်တော့ အရင်ပြောဖို့လိုအပ်တဲ့အတွက် ရက်ချိန်းကို ရအောင်ယူရပါမယ်။ ဒါမှသာ ဒီဆရာဝန်ဟာ သင့်ကလေးအတွက် မှန်ကန်သင့်တော်တဲ့ ဆရာဝန်တယောက်ဟုတ်မဟုတ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာတွေကို လေ့လာရမလဲ။ သင့်အနေနဲ့ ဆရာဝန်ကို ထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ ဘာတွေကိုလေ့လာရမလဲ။ သင့်အနေနဲ့ဆရာဝန်ကိုထိုင်စောင့်နေချိန်မှာ ဖုန်းပွတ်နေမယ့်အစား ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပါ။ • သန့်ရှင်းမှု : ဒါဟာပထမဆုံး လေ့လာသင့်တဲ့အချက်ဖြစ်ပါတယ်။ လူနာတွေစောင့်ဆိုင်းရတဲ့နေရာဟာ သန့်ရှင်းသပ်ယပ်နေရမှာ ဖြစ်ပြီးလူနာစမ်းသပ်ခန်းဟာလည်း လုံခြုံစိတ်ချမှုရှိရမှာဖြစ်တဲ့အပြင် ပိုးမွှားကင်းစင်သန့်ရှင်းနေရမှာ ဖြစ်ပါတယ်။ • ဆရာဝန်ရဲ့ဆက်ဆံရေး : ဒါကတော့ လူနာတယောက်နဲ့တယောက် အယူအဆမတူတတ်တဲ့အတွက် သင်ဘယ်လိုတွေးလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ တချို့လူနာတွေက ဖော်ရွေနွေးထွေးတဲ့ဆရာဝန်ကို သဘောကျသလိုတချို့ကျပြန်တော့လည်း ခပ်တည်တည်နဲ့တိတိကျကျ ပြတ်ပြတ်သားသားအလုပ်လုပ်တတ်တဲ့ ဆရာဝန်ကိုမှ ပိုပြီးအမှတ်ပေးတတ်ကြလို့ပါ။ • ဝန်ထမ်းတွေရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးမှာ စိတ်ကူးယဉ်သူငယ်ချင်းတယောက်ရှိနေပြီဆိုရင် ဘာလုပ်မလဲ

မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေဟာ မမြင်ရတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောနေတာ ဒါမှမဟုတ် ဆော့ကစားနေတာမျိုးကို တွေ့ဖူးကြမှာပါ။ ဒါဟာ ပုံမှန်မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်မှုတွေရှိမှာဖြစ်သလို ဒါဟာဘာဖြစ်တာများလဲလို့ သိချင်ကြမှာလည်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းကြီးတော့လည်း မစိုးရိမ်ပါနဲ့။ သင့်ဘေဘီလေးအနေနဲ့ စိတ်ကူးယဉ်သူငယ်ချင်းတယောက် ရနေတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါဟာ ကလေးသဘာဝမျှသာ ဖြစ်ပါတယ် အသက်နှစ်နှစ်ခွဲအရွယ် ကလေးလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေ ရှိတတ်ကြတယ်လို့လေ့လာမှုတခုက ဆိုပါတယ်။ ဒါဟာလက်တွေ့ဘဝကို ကျော်လွန်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတရပ်ဖြစ်တယ်လို့ပြောလေ့ရှိကြပါတယ်။ ကလေးတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေးတွေဟာ သူတို့လေးတွေသိတဲ့ သူတယောက်ယောက် ဒါမှမဟုတ် ပုံပြင်ထဲ၊ တီဗီထဲက ဇာတ်ကောင်တယောက်ယောက် ဖြစ်နိုင်သလို လုံးဝစိတ်ကူးယဉ်ဖန်တီးထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုစိတ်ကူးယဉ်သူငယ်ချင်းရှိခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုလွှမ်းမိုးမှုရှိစေနိုင်သလဲဆိုတာကိုတော့ ကလေးငယ်များဖွံ့ဖြိုးမှုဆိုင်ရာကျွမ်းကျင်သူတွေက ဆွေးနွေးလေ့လာနေကြဆဲ ဖြစ်ပါတယ်။ တချို့တွေက ဒါဟာဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတခုလို့ယူဆကြသလို တချို့တွေကျပြန်တော့လည်း ဒါဟာကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့သဘာဝမျှသာလို့ပြောကြပြန်ပါတယ်။ ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာတာလဲ။ ကလေးတွေက ဘာလို့စိတ်ကူးယဉ်သူငယ်ချင်းတွေကိုဖန်တီးရတာလဲ။ အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသူငယ်များ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်တိုက်ခိုက်မှုခံနေရသည်ကို သိနိုင်မည့်လက္ခဏာများ

ဒီနေ့ခေတ်တွေမှာ ကလေးတွေက နည်းပညာဆိုင်ရာပစ္စည်းတွေ နဲ့ လူမှုကွန်ရက်တွေမှာ အချိန်ကုန်ဆုံးမှုများလာတာနဲ့အမျှ သူတို့တွေကို အွန်လိုင်းကနေ တိုက်ခိုက်အနိုင်ကျင့်နိုင်မှုတွေလည်း မြင့်တက်လာပါတယ်၊ သင့်ရဲ့ကလေးက အနိုင်ကျင့်ခံနေရသူဖြစ်နေပြီလားဆိုတာကို မသိနိုင်သေးခင်မှာတင် အွန်လိုင်းပေါ်မှာအနိုင်ကျင့်တိုက်ခိုက်ခံရခြင်းက တကယ့်လက်တွေ့ဘဝမှာ အနိုင်ကျင့်ခံရခြင်းထက် မလျော့နည်းတဲ့ အရေးကြီးပြဿနာတစ်ခုဖြစ်လို့နေပါပြီ။ အွန်လိုင်းပေါ်ကနေတိုက်ခိုက်အနိုင်ကျင့်ခံရခြင်းတွေမှာ ခြိမ်းခြောက်စာတွေ၊ ဆိုးရွားပြီး စော်ကားတဲ့ စကားလုံးတွေ ပုံတွေကို ဖေ့စ်ဘုတ်ခ်၊ အင်စတာဂရမ် စသည့်အမျိုးမျိုးသော မီဒီယာတွေကနေတဆင့် ပေးပို့ခံရတာတွေပါဝင်နိုင်ပါတယ်။ ဒါ့အပြင် သင့်ကလေးဟာ သူတို့ရဲ့ရှက်ဖွယ်ပုံတွေကို တခြားသောအွန်လိုင်းအသုံးပြုသူတွေရဲ့ လိုက်ခ်ပေးခံရခြင်း၊ မျှဝေခံရခြင်းတွေအားဖြင့် များစွာသောအွန်လိုင်းအသုံးပြုသူတွေဆီမှာ အနိုင်ကျင့်ခံရသူတစ်ဦးဖြစ်နေနိုင်သလို ၊ ဆိုးရွားတဲ့နာမည်ပြောင်တွေရထားတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးတွေကို အလွန်အမင်းစိတ်ဓါတ်ကျစေပြီး သူတို့ကို အထီးကျန်ကာ တခြားလူတွေဆီကနေ တသီးတခြားနေတတ်သူတွေ ဖြစ်သွားစေပါလိမ့်မယ်။ ဒါဆို သင့်ကလေးက ဘာကြောင့် သင့်ကို အဲဒီကိစ္စ ပြောမပြရတာလဲ။ သင့်ကိုသင် ယခုမေးနေလောက်ပြီပေါ့။ အဲ့ဒါက ပထမဆုံးအနေနဲ့တော့ ကလေးဟာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

တိရစ္ဆာန်မှာသုံးတဲ့ဆေးတွေနဲ့ သင့်ကလေးရဲ့ ကျန်းမာရေး

သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားကောင်း မွေးထားမှာပါ။ ဒါပေမယ့် သင့်မှာ ခွေးလေးကြောင်လေးတွေအပြင် ကလေးတွေပါရှိတယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီ။ တိရစ္ဆာန်လေးတွေရဲ့ ဆေးတွေကို ထိတွေ့ကိုင်တွယ်စားမိပြီး အရေးပေါ်ရောက်လာတဲ့ ကလေးတွေ တနေ့တခြား ပိုပိုများလာလို့ပါပဲ။ ဒီတော့ ခွေးလေးကြောင်လေးတွေ မွေးထားရင်း ကလေးတွေကိုပါ အန္တရာယ်မဖြစ်စေရအောင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်လိုက်ပါဦး။ တိရ စ္ဆာန်ဆေးတွေနဲ့ ကလေးတွေ တိရ စ္ဆာန်ဆေးတွေကြောင့် အရေးပေါ်ရောက်လာတဲ့ ကလေးတွေ ပိုပိုများလာနေပါပြီ။ အားလုံးသိတဲ့အတိုင်း ဒီဆေးတွေဟာ တိလေးတွေရဲ့ အသက်ကိုကယ်တင်နိုင်၊ရောဂါပျောက်ကင်းစေနိုင်ပေမယ့် ကလေးတွေအတွက်တော့ အန္တရာယ်ပါ။ သင့်ကလေးတွေဟာ နည်းအမျိုးမျိုးနဲ့ ဒုက္ခရောက်နိုင်ပါတယ်။ တိလေးတွေ မစားဘဲ အန်ထုတ်ထားတဲ့ ဆေးပြားတွေကို ကလေးတွေက ကောက်စားမယ်။ တိလေးတွေအတွက် ဆေးထည့်ထားတဲ့ အစားအသောက်တွေကို ကလေးလေးက ယူစားမယ်။ ကလေးတွေက ခွေးစာ၊ကြောင်စာဟာ အနံ့လေးမွှေးလိုက်တာ၊အရသာရှိလိုက်တာလို့ ထင်ရင်ထင်နေမှာ ဖြစ်ပါတယ်။ ခွေးလေး၊ကြောင်လေးတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ငိုနေတဲ့ကလေးအတွက် အလိုအလျောက်တုံ့ပြန်မှု ကုထုံး

ကလေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ငိုကြွေးနိုင်ကြပြီး အငိုတိတ်အောင်ချော့မြှူဖို့က မိဘတွေအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါတယ်။ ကလေးတွေက သူတို့မှာဘာတွေဖြစ်နေတယ်ဆိုတာ မပြောပြတတ်ပါဘူး။ ဗိုက်နာနေတာ၊ ဝမ်းချုပ်နေတာ၊ ချမ်းနေတာ၊ သွားလေးတွေပေါက်လာလို့ သွားယားနေတာ စသည်ဖြင့် နေထိုင်လို့မကောင်းတာအမျိုးမျိုးရှိနိုင်ပါတယ်။ အငိုတိတ်စေဖို့စမ်းသပ်ကြည့်သင့်တဲ့ အန္တရာယ်ကင်းတဲ့နည်းကောင်းတစ်မျိုးကတော့ အလိုအလျောက်တုံ့ပြန်မှုကုထုံးပါပဲ။ ဘယ်လိုအကူအညီရနိုင်လဲ ထိုအလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ကလေးတွေမှာ လျင်မြန်ကောင်းမွန်တဲ့ ရလဒ်ကိုပေးပါတယ်။ ကလေးတွေ စိတ်မကြည်ရင် ငိုနေရင် နေထိုင်လို့မကောင်းရင် လက်လေး ခြေလေးတွေကိုပွတ်သပ်ပေးလိုက်ခြင်းအားဖြင့် ကလေးအများစုအတွက် အသုံးဝင်တဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။ အလိုအလျောက်တုံ့ပြန်မှုကုထုံးဟာ ခြေလက်တွေမှာရှိတဲ့ တုံ့ပြန်တဲ့အမှတ်လေးတွေနဲ့ အရေးကြီးကိုယ်တွင်းအင်္ဂါ၊ ကြွက်သား၊ အရိုး၊ ခန္တာကိုယ်ရဲ့စနစ်တွေ ဆက်စပ်လုပ်ဆောင်မှုပေါ်မူတည်ထားတဲ့ ကုထုံးတစ်ခုပါ။ ထိုနည်းဟာအကျိုးရှိပြီး ဘေးလည်းကင်းပါတယ်။ ကလေးငယ်လေးတွေရဲ့နုနယ်သေးတဲ့ခြေလက်လေးတွေ၊ နူးညံ့သေးတဲ့ အရေပြားနဲ့ အရိုးလေးတွေကြောင့် အလိုအလောက်တုံ့ပြန်မှုကုထုံးဟာ ပိုထိရောက်ပြီး လျင်မြန်တဲ့နည်းတစ်ခုလည်းဖြစ်တယ်။ ခြေထောက်မှာရှိတဲ့ ပိတ်နေတဲ့နေရာကို အသာအယာဖိနှိပ်ပေးခြင်းဖြင့် တကိုယ်လုံးကို စွမ်းအင်တွေပို့လွှတ်ပေးနိုင်ပါတယ်။ ဗိုက်နာနေတဲ့ ဒါမှမဟုတ်ဝမ်းချုပ်နေတဲ့ ကလေးတွေကို နာကျင်မှုချက်ခြင်းလျော့သွားစေတာ၊ စိတ်မကြည်တဲ့ကလေးတွေကို စိတ်သာရာရသွားစေတာမျိုး […]


အခြားကလေးကျန်းမာရေးပြဿနာများ

စမတ်ဖုန်းတွေနှောင့်ယှက်နေတဲ့ မိဘနဲ့ သားသမီးအကြားဆက်ဆံရေး

စမတ်ဖုန်းတွေ တက်ဘလက်တွေဟာ အလုပ်၊အိမ် နဲ့ လူမှုဆက်ဆံရေးတွေကြားက နယ်ပယ်တွေကို ဝေဝါးလာစေတဲ့အတွက် မိဘတွေအနေနဲ့ ဒီအခြေအနေကို မျှခြေတစ်ခုဖြစ်အောင်၊ အဆင်ပြေအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်လာပါတယ်။ လေ့လာမှု အသစ်တစ်ခုရဲ့ အဆိုအရ မိဘတွေအနေနဲ့ နည်းပညာသုံးပစ္စည်းတွေ (ဖုန်း၊တက်ဘလက် စသည်)ကို ငယ်ရွယ်တဲ့ ကလေးတွေအနားမှာ အသုံးပြုမယ်ဆိုရင် စိတ်ဖိအားတွေများတာ၊ ပဋိပက္ခတွေဖြစ်တာ ဒါမှမဟုတ် ကလေးတွေနဲ့ ဆက်ဆံရာမှာ အဆင်မပြေဖြစ်လာစေတယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုခြင်းကြောင့် မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမှာ ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိလာနိုင်သလဲ။ ပါဝင်ကူညီခဲ့ကြတဲ့ အစမ်းသပ်ခံ မိဘတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းသုံးတာ၊ အလုပ်နဲ့ ကလေးတွေအကြား တော်တော်ကို ဗျာများရတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ သတင်းအချက်အလက်တွေ၊ ကြည့်ချင်စရာတွေ များလွန်းလှတာက စိတ်ဖိစီးမှုတွေများပြားစေတာကြောင့် မိသားစုတွေနဲ့ တရင်းတနှီးနေချိန် (ဥပမာ ထမင်းစားချိန်)တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ကမ္ဘာလုံးကို ကိုယ့်လက်ဝါးပေါ်တင်ထားရသလိုပဲလို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရရင် ဘာလုပ်မလဲ

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခံရတာ(ဝါ)မုဒိန်းကျင့်ခံရတယ်ဆိုတာဟာအလိုမတူဘဲအတင်းအကျပ်လိင်ဆက်ဆံခံရတာကိုရည်ညွှန်းပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်အခြေအနေဟာကျားမမရွေး၊အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ပြစ်မှုတခုပါ။ စော်ကားခံရသူဟာကျန်းမာရေးစောင့်ရှောက်မှု၊နှစ်သိမ့်အားပေးမှု၊နားလည်ပေးမှုနဲ့စာနာထောက်ပံ့မှုစတာတွေကိုလိုအပ်ပါတယ်။ ကိုယ့်ကလေးမုဒိမ်းကျင့်ခံရမှန်းဘယ်လိုသိနိုင်မလဲ။ ကလေးအများစုဟာလိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့အကြောင်းမိဘတွေကိုပြောပြလေ့မရှိပေမယ့်သူတို့လေးတွေနာကျင်ခံစားနေရပြီးအကူအညီလိုအပ်နေကြောင်းကိုအောက်ပါအချက်လေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ စိတ်တိုစိတ်ဆတ်မယ်၊ဒေါသတကြီးဖြစ်နေမယ်၊ကြောက်နေမယ်။ စိတ်ဓါတ်ကျမယ်၊စိုးရိမ်ပူပန်၊ဂဏှာမငြိမ် ဖြစ်နေမယ်။ လူတွေနဲ့ဝေးရာမှာတယောက်ထဲနေနေမယ်။ အိပ်မပျော်ဖူး။ အရင်ကကြိုက်တဲ့စားနေကျအစားအစာတွေကိုမစားတော့ဖူး။ အာရုံစိုက်နိုင်စွမ်းလျော့နည်းသွားမယ်။ ဒီလက္ခဏာတွေဟာ post-traumatic stress disorder(တခါတလေလည်း rape trauma syndromeလို့ရည်ညွှန်းလေ့ရှိတယ်) လို့ခေါ်တဲ့ (မတော်တဆမှု၊အကြမ်းဖက်ခံရမှု၊လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတို့နောက်မှာကပ်ပါလာတဲ့) စိတ်ဒါဏ်ရာအစုအဝေးရဲ့လက္ခဏာတွေ ဖြစ်တယ်။ တကယ်လို့ဒီလက္ခဏာတွေကိုသင့်ကလေးမှာသတိထားမိတယ်ဆိုရင်ကလေးကို(သမီးလေးပဲ ဖြစ်ဖြစ်၊သားလေးပဲဖြစ်ဖြစ်) နှစ်သိမ့်အားပေးပါ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေသူတို့လေးတွေရဲ့ဘေးမှာမိဘဖြစ်တဲ့သင်ဟာမားမားမတ်မတ်ရပ်တည်ပေးနေမယ်၊ရှိနေမယ်ဆိုတာသူတို့သိထားပါစေ။ လုံခြုံမှုခံစားရပါစေ။ တကယ်လို့သင့်ကလေးအနေနဲ့သင့်ကို ဖြစ်ကြောင်းကုန်စင်ပြောပြဖို့ ငြင်းဆန်နေဦးမယ်ဆိုရင်နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေဆီခေါ်သွားပြီးဆွေးနွေးတိုင်ပင်ပါ။ ဆေးဝါးကုသမှုခံယူပါ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု (မုဒိမ်းကျင့်ခံရတာ) ကိုအကြမ်းဖျဉ်းအခြေအနေနှစ်မျိုးခွဲခြားနိုင်ပါတယ်။ ပထမတမျိုးက၇၂နာရီအတွင်း ဖြစ်ပွားထားတဲ့ကိစ္စမျိုးပါ။ ကလေးကိုဆေးရုံခေါ်သွားရမှာ ဖြစ်သလိုရဲစခန်းကိုလည်းအကြောင်းကြားရပါမယ်။ ဆေးရုံရောက်တဲ့အခါသင့်ကလေးမှာလိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေရှိမရှိနဲ့အတွင်းပိုင်းဒါဏ်ရာတွေရှိမရှိကိုစစ်ဆေးပါလိမ့်မယ်။ ဒီနေရာမှာအရေးကြီးတာကဆေးဝါးကုသမှုကိုအချိန်မီခံယူနိုင်ဖို့နဲ့မှန်ကန်လုံလောက်တဲ့သက်သေအထောက်အထားတွေရယူနိုင်ဖို့အတွက်ကလေးကိုရေချိုးမသန့်စင်ပေးမီဆေးရုံကိုခေါ်သွားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ နောက်တမျိုးကလွန်ခဲ့တဲ့၇၂နာရီအကျော်အချိန်တခုခုမှာ ဖြစ်ပွားထားတဲ့ကိစ္စမျိုးတွေပဲ ဖြစ်တယ်။ ဒီလိုအနေအထားမျိုးမှာလည်းရဲကိုအကြောင်းကြားဖို့လိုသလိုကလေးကိုဆေးရုံခေါ်သွားဖို့လည်းလိုအပ်ပါတယ်။ ကလေးကိုဘယ်လိုမျိုးစမ်းသပ်စစ်ဆေးမှာလဲ။ မစမ်းသပ်ခင်မှာဆရာဝန်ဒါမှမဟုတ်လူမှုရေးအကူအညီပေးတဲ့ဝန်ထမ်းတယောက်ကသင့်ကလေးဘာဖြစ်ခဲ့တယ်ဆိုတာကိုနားထောင်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ပေးခြင်းဟာနောက်ပိုင်းဆက်လက်ကုသမှုနဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါဆရာဝန်အနေနဲ့ခဏနေလို့စမ်းသပ်စစ်ဆေးမှုတွေလုပ်တဲ့အခါဘာတွေဘယ်လိုလုပ်မယ်ဆိုတာကိုပြောပြပြီးမိဘအုပ်ထိမ်းသူဆီကခွင့်ပြုချက်တောင်းခံမှာ ဖြစ်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေသင့်ကလေးမှာရှိနေမနေကိုစစ်ဆေးပါမယ်။ တကယ်လို့မိန်းကလေးဖြစ်မယ်ဆိုရင်မလိုလားအပ်တဲ့ကိုယ်ဝန်ရမလာအောင်သင့်တော်တဲ့ကုသမှုတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ပြီးရင်အတွင်းပိုင်းအဂါၤတွေမှာမုဒိမ်းကျင့်ခံရတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဒါဏ်ရာအနာတရတွေရှိမရှိနဲ့သင့်ကလေးရဲ့အဝတ်အစားဒါမှမဟုတ်ခန္ဓါကိုယ်မှာမုဒိမ်းကျင့်သူရဲ့အမွှေးအမျှင်၊အရေပြား၊ခြေသည်းလက်သည်းတွေ၊ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေရှိမရှိကိုဆက်လက်ရှာဖွေပါလိမ့်မယ်။ ကလေးကိုဆေးခပ်ပြီးလိင်ပိုင်းဆိုင်ရာစော်ကားတာလားသိရအောင်လည်းစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ ဒါဏ်ရာအနာတရတွေရှိခဲ့ရင်ဓါတ်ပုံရိုက်ပြီးအထောက်အထားမှတ်တမ်းအဖြစ်သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ နှစ်သိမ့်ဆွေးနွေးပါ။ မုဒိမ်းကျင့်ခံရသူတွေဟာကြုံတွေ့ခဲ့ရတဲ့အိပ်မက်ဆိုးကြီးကိုနောက်တခေါက်ပြန်မပြောချင်ပါဖူး။ ဒါပေမယ့်ရေရှည်ကိုမျှော်တွေးမယ်ဆိုရင်နားလည်တတ်ကျွမ်းပြီးအထူးလေ့ကျင့်ထားတဲ့ပညာရှင်ဆီကနှစ်သိမ့်ဆွေးနွေးမှုခံယူတာဟာအကောင်းဆုံးအဖြေဖြစ်ပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျပြီးသတ်သေတာမျိုး၊မိမိကိုယ်ကိုအနာတရဖြစ်အောင်လုပ်တာမျိုးစတဲ့ဆိုးရွားအန္တရာယ်ရှိတဲ့အဖြစ်အပျက်မျိုးတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိဘများမှဆင်းသက်လာသည် ဆိုသည်မှာ မှန်ပါသလား။

သိပ္ပံပညာရှင်များသည် ထိုမေးခွန်းကို ရာစုနှစ်တစ်ခု ထက်ပိုပြီး လေ့လာစမ်းသပ်ခဲ့ကြသည်။ အဖြေကတော့ ရှင်းပါသည်။ လူအမျိုးမျိုးတွင် ဉာဏ်ရည်ဉာဏ်သွေး အမျိုးမျိုးကွဲပြားခြားနားခြင်းသည် မျိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့်ဖြစ်သည်။   ဉာဏ်ရည်တိုင်းတာခြင်း လူသားများ၏အမူအကျင့်နှင့် အသိအမြင်အခန်းကဏ္ဍများကဲ့သို့ပင် ဉာဏ်ရည်သည်လည်းပဲ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုးခြင်းကိုခံရသော ရှုပ်ထွေးသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးသည် လေ့လာဖို့အတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။ ၎င်းကိုနည်းလမ်းမျိုးစုံဖြင့် တိုင်းတာ သတ်မှတ်နိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်သော သတ်မှတ်ချက်အများစုတွင် အတွေ့အကြုံများမှ လေ့လာနိုင်ခြင်းစွမ်းရည်နှင့် ပြောင်းလဲနေသော ပတ်ဝန်းကျင်ကို လိုက်လျောညီထွေရှိအောင် ပြောင်းလဲနေထိုင်နိုင်ခြင်းများ ပါဝင်သည်။ ဉာဏ်ရည်ဉာဏ်သွေး၌ ပါဝင်ဖွဲ့စည်းထားသော အချက်အလက်များတွင် ကျိုးကြောင်းချင့်ချိန်နိုင်စွမ်း ၊ အစီအစဉ်ချနိုင်စွမ်း၊ ပြဿနာများဖြေရှင်းနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ ရှုပ်ထွေးသော ကိစ္စရပ်များကို နားလည်နိုင်စွမ်းတို့ပါဝင်ကြသည်။ လေ့လာချက်များစွာသည် ဉာဏ်ရည်ပိုင်းဆိုင်ရာ အတိုင်းအတာ အိုင်ကျူ(IQ)ဟုခေါ်သော ဉာဏ်ရည်တိုင်းတာမှုတစ်ခုပေါ်တွင် မှီခိုကြသည်။   ဘယ်အရာသည်ကလေး၏ဉာဏ်ရည်ကိုဆုံးဖြတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး ညာနေတာလား, နာနေတာလား

သင့်ကလေးခေါင်းမူးတယ်၊နှာစေးတယ်ဒါမှမဟုတ်ဗိုက်နာတယ်၊ဗိုက်အောင့်တယ်လို့ပြောရင်တကယ်ပဲဖျားနာနေတာလားဒါမှမဟုတ်ကျောင်းမသွားချင်လို့သင့်ကိုသက်သက်ညာနေတာလားဆိုတာပြောဖို့နည်းနည်းတော့ခက်ပါတယ်။ ဆိုတော့ဆရာဝန်ပဲသွားပြရမှာလား၊သင့်ကလေးကိုပဲနားရွက်လိမ်ဆွဲရမှာလားဆိုတာသင်ဆုံးဖြတ်ဖို့လိုလာပါပြီ။ သင့်အနေနဲ့ဒီအမှုကြီးကိုစုံစမ်းဖော်ထုတ်ဖို့လိုလာပါပြီ။ မြေပြင်အခြေအနေကိုကွင်းဆင်းပါ။ သင်မြင်ရတဲ့အခြေအနေနဲ့သင့်ကလေးရဲ့ပြောစကားကိုချိန်ထိုးပါ။ တကယ်လို့သင့်ကလေးဟာဗိုက်နာတယ်သာတွင်တွင်အော်နေပေမယ့်ဝက်အူချောင်းတွေ၊မုန့်တွေ၊ကိတ်မုန့်တွေအစားမပျက်ဖူးဆိုရင်ဒါဘာပြဿနာမှမရှိပါဖူး။ ဒါပေမယ့်သင့်ကလေးဟာအစာလည်းမစား၊အရည်တွေလည်းမသောက်တော့ဖူးဆိုရင်တော့သင်စိုးရိမ်သင့်ပါပြီ။   သက်သေခံတွေကိုစုဆောင်းပါ။ သင့်ကလေးနေကောင်းလားမကောင်းလားနဲ့ပတ်သက်ပြီးသင့်ကိုသတင်းပေးနိုင်မယ့်ရိုးရှင်းတဲ့ကိရိယာလေးနှစ်ခုရှိပါတယ်။ ဒါတွေက ပြဒါးတိုင်နဲ့ဓါတ်မီးလေးပဲ ဖြစ်ပါတယ်။ ရှေးခေတ်ကသုံးတဲ့သားသားလေးဖျားနေလားမှန်းစမ်းဆိုပြီးနဖူးပေါ်လက်လေးတင်ပြီးစမ်းတာတကယ်တော့သိပ်အလုပ်မဖြစ်လှပါဖူး။ သင့်လက်ကစမ်းလို့ရတာဟာနဖူးအရေပြားရဲ့အပူချိန်သာ ဖြစ်ပါတယ်။ သင့်အနေနဲ့ခန္ဓါကိုယ်အတွင်းပိုင်းအပူချိန်ကိုအဓိကတိုင်းရမှာပါ။ စောင်ပုံထဲအောင်းထားတာဒါမှမဟုတ်နဖူးပေါ်ရေနွေးပုလင်းကပ်ထားတာမျိုးကိုလောလောလတ်လတ်လုပ်ထားရင်သင်စမ်းကြည့်တဲ့အခါသင့်ကလေးရဲ့နဖူးပူနေတာတွေ့ရပါလိမ့်မယ်။ ဂုဏ်ယူပါတယ်။ သင့်ကလေးသင့်ကိုအောင်မြင်စွာအရူးလုပ်သွားပါပြီ။ ဒါပေမယ့်မိဘဆိုတာအမြဲခြေတလှမ်းသာနေရပါမယ်။ သင်သိထားဖို့ကခုနကပြောသလိုတွေလုပ်ထားလို့သူတို့လေးတွေရဲ့နဖူးပူနေသည့်တိုင်ခန္ဓါကိုယ်အတွင်းပိုင်းအပူချိန်ကတော့တက်နေစရာဘာအကြောင်းမှမရှိပါဖူး။ ခန္ဓါကိုယ်အပူချိန်သုံးဆယ့်ရှစ်ဒီဂရီစင်တီဂရိတ်ထက်ပိုတော့မှဖျားတယ်လို့ဆရာဝန်တွေကသတ်မှတ်ပါတယ်။ ကလေးတွေဟာသူတို့အပူချိန်ကျသွားမှာကိုမစိုးရိမ်ပါဖူး(ကျောင်းသွားရမှာတော့စိုးရိမ်ကောင်းစိုးရိန်ပါလိမ့်မယ်)။ သင့်ကလေးအနေနဲ့လွန်ခဲ့တဲ့၂၄နာရီအတွင်းacetaminophenတို့၊ibuprofen တို့လိုအဖျားကျဆေးတွေလုံးဝမသောက်ထားတဲ့အနေအထားမှာခန္ဓါကိုယ်အပူချိန်ကပုံမှန်အတိုင်းအတာထဲမှာရှိနေသင့်ပါတယ်။ ဓါတ်မီးလေးကိုတော့သင့်ကလေးရဲ့ပါးစပ်အတွင်းထဲကိုကြည့်ဖို့သုံးပါ။ ကြည့်နေတဲ့အချိန်မှာသူတို့ကိုပါးစပ်အကျယ်ကြီးဟပြီး "အား"လို့အော်ခိုင်းပါ။ ဒီလိုအော်လိုက်ခြင်းအားဖြင့်လျှာကိုအောက်ဖိချထားလိုက်သလို ဖြစ်သွားတာကြောင့်အာသီးကိုရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။ တကယ်လို့လည်ချောင်းအနောက်ဖက်နားမှာအဖြူရောင်အစက်လေးတွေဒါမှမဟုတ်အရည်လေးတွေကိုတွေ့နေရတယ်ဆိုရင်သင့်ကလေးဖျားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက်လေးတွကိုတွေ့တာနဲ့သင့်ကလေးဘက်တီးရီးယားပိုးဝင်နေပြီလို့သေချာပေါက်ဆိုလိုတာတော့မဟုတ်ပါဖူး။ လည်ပင်းကအကျိအချွဲလေးတွေကိုအနည်းငယ်ယူပြီးဓါတ်ခွဲခန်းမှာသေချာအောင်စစ်ဆေးရဦးမှာပါ။ ဒါပေမယ့်သင်ပြောနိုင်တာတခုကသင့်ကလေးပုံမှန်တော့မဟုတ်ဖူးဆိုတာပါပဲ။   ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ သင့်ကလေးနေကောင်းရက်သားနဲ့ညာပြောတိုင်းမဆူပါနဲ့။ အကြောင်းရင်းကိုသိအောင်လုပ်ပါ။ သင့်ကိုညာပြောရတာဟာကျောင်းမှာသူတို့ကိုကြောက်စေတဲ့၊စိုးရိမ်ပူပန်စေတဲ့၊ပိုဆိုးတဲ့အရာတခုခုကစောင့်ကြိုနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ကလေးပြုစုစောင့်ရှောက်မှုစွမ်းရည်ကိုမြှင့်တင်ပြီးသူတို့လေးတွေရဲ့စိတ်ထဲမှာတကယ်တမ်းဘာတွေရှိနေတယ်၊ဘာတွေဖြစ်နေတယ်ဆိုတာကိုသေချာသိအောင်လုပ်ရပါမယ်။ ကျောင်းမှာတရားလွန်စနောက်ခံရတာဒါမှမဟုတ်အနိုင်ကျင့်ခံရတာစတဲ့သူတို့မကြိုက်တဲ့၊အန္တရာယ်ရှိတဲ့အခြေအနေတွေကနေရှောင်ပုန်းချင်တဲ့အတွက်အကြောင်းရှာနေတာ ဖြစ်နိုင်ပါတယ်။   သင့်အနေနဲ့မသေချာရင်ဘာလုပ်ရမလဲ တခါတလေကျရင်မနက်ကျောင်းကားမလာခင်လေးမှသင့်ကလေးကနေမကောင်းဖူးလို့ပြောတဲ့အခါသင့်အနေနဲ့သူလေးညာနေတာလား၊တကယ်နေမကောင်းတာလားဆိုတာချက်ချင်းသိချင်မှသိနိုင်ပါလိမ့်မယ်။ ဒီလိုအနေအထားမျိုးနဲ့ကြုံလာရင်တနာရီလောက်စောင့်ကြည့်ပြီးသူတို့ညာနေတာဆိုရင်နောက်ကျနေလည်းကျောင်းကိုသင်ကိုယ်တိုင်လိုက်ပို့ပါ။ အဓိကအချက်ကကိုယ့်ကလေးအထာကိုကိုယ်နပ်ဖို့ပါပဲ။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အခြားကလေးကျန်းမာရေးပြဿနာများ

စကားနားမထောင်သော ကလေးများကို မည်သို့ကိုင်တွယ်မည်နည်း

(ဒီကလေး ငါပြောသမျှစကားကိုနားမထောင်တာဘယ်တော့ရပ်မလဲ၊ငါပြောတဲ့အတိုင်းဘယ်တော့မှ လုပ်မလဲ) သင်ဒီလိုမျိုး စဉ်းစားဖူးပါသလား။ ဤအရာသည် အလွန်စိတ်ပျက်စရာလည်း ကောင်းကာ ပင်ပန်းပါသည်။ သင့်ကလေးသည် သင်ပြောသမျှအရာတိုင်းကို ဆန့်ကျင်မည်၊ ဒေါသထွက်မည်၊ စိတ်ပျက်စရာ ကောင်းလောက်အောင်ပြုမူနေမည်ဆိုလျှင် ဤကဲ့သို့ကလေးများကို ကိုင်တွယ်ရသည်မှာ အလွန်စိတ်ပျက်စရာကောင်းပြီး ခြေကုန်လက်ပမ်း ကျနိုင်ဖွယ်ရှိပါသည်။ မိဘများသည် မကြာခဏဆိုသလို ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကူကယ်ရာမဲ့သလို ခံစားတတ်ကြပါသည်။ ထိုကဲ့သို့ခေါင်းမာသောကလေးများကို အနာဂါတ်နှင့်ပက်သက်ပြီး စိတ်ပူတတ်ကြပါသည်။ ကံကောင်းသည်ကတော့ ကလေးများတွင် ထိုကဲ့သို့စကားနားမထောင်တာကို ဖြေရှင်းဖို့က် သင်ထင်ထားသည်ထက်ပိုမိုလွယ်ကူသောနည်းလမ်းများရှိပါသည်။ သင်သိလိုပါသလား။ အောက်ဖော်ပြပါ အချက်များကို ဆက်လက်ဖတ်ရှုကြည့်ပါ။   ကျောင်းမတက်မီကလေးများသည်အဘယ်ကြောင့် မိဘများ ကိုဆန့်ကျင်ကြသနည်း။ ကလေးများသည် သူငယ်ချင်းများ အိမ်မှပြန်ဖို့ငြင်းဆန်မည်၊သင်ပြောသမျှကိုအရုပ်များနှင့် ပစ်ပေါက်ပြီးငြင်းဆန်မည်၊သင်ဘယ်လောက် သတိပေးပေး လှေကားတွင် ကားများတွန်းပြီးဆော့နေမည်၊ ဘာကြောင့်ကလေးသည် ထိုကဲ့သို့ခေါင်းမာပြီးမိဘစကားနားမထောင်ရသလဲ။ မူကြိုအရွယ်ကလေးများသည် လမ်းလျှောက်တတ်ကာစ အရွယ်ကထက်စာလျှင် သင့်ကို မှီခိုမှုကင်းမဲ့သွားပြီဖြစ်ပါသည်။ ယခုဆိုလျှင်သူတို့သည်ပိုမိုသန်မာကြံ့ခိုင်လာပြီဖြစ် ပါသည်။ ပုန်ကန်တတ်သောအလေ့အကျင့်အနည်းငယ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်