home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ပျက်ကျခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရင်းတွေ ။ ။

ကိုယ်ဝန်ပျက်ကျခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရင်းတွေ ။ ။

ကိုယ်ပိုင်မိသားစု အသိုက်အမြုံလေးကို တည်ဆောင်ချင်ကြတဲ့ သူချည်းပါပဲ။ သားသမီးရတနာဆိုတာ ဘုရားက ပေးတဲ့ ဆုလာဘ်ပဲ မဟုတ်လား။ အိမ်ရဲ့ ဆည်းလည်း တီတီတာတာလေးတွေကို ဘယ်သူက မလိုချင်ဘဲ နေမတုန်း။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်တွေဆို အားလုံးက သဲသဲလှုပ်ဂရုစိုက်ကြတာပေါ့။ ဒါပေမယ့်လည်း ကံမကောင်းခဲ့ရင်တော့ ကိုယ်သဲသဲ လှုပ်ဂရုစိုက်ရတဲ့ ကိုယ်ဝန်လေး ပျက်စီးသွားရတဲ့ အခိုက်အတန့်တွေရှိတတ်ပါတယ်။ ကိုယ့်ဝမ်းနဲ့ လွယ်ထားရတဲ့ ရင်သွေးလေးကို ဘယ်သူကတော့ အဆုံးရှုံးခံချင်မလဲနော်။ ဒီဆောင်းပါးလေးထဲမှာတော့ ဘယ်လိုအကြောင်းအရာတွေကြောင့် ကိုယ်ဝန်ပျက်ကျြပီး သင့်ရင်သွေးလေးကို ဆုံးရှုံးရသလဲဆိုတဲ့ အကြောင်းတွေ ပြောပြပေးတော့မှာပါ။ သိထားတော့သေချာပိုပြီး ဂရုစိုက်စောင့်ရှောက်လို့ရတာပေါ့။

ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်း ၄ ချက် ။ ။

၁ – Abnormal Chromosomes (ခရိုမိုဇုန်းလို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ဆဲလ်များ ပုံမှန် မဟုတ်ခြင်း)

ကိုယ်ဝန်နုစဉ် ကိုယ်ဝန်သက်တမ်း ၁၃ ပတ်လောက်မှာ ဖြစ်တဲ့ ကိုယ်ဝန်ပျက်ကျြခင်းရဲ့ အဓိက တရားခံကို ပြောပါဆိုရင်တော့ ဗိုက်ထဲက ရင်သွေးလေးရဲ့ ခရိုမိုဇုန်းပုံမှန် မဟုတ်တာကို အပြစ်တင်ရမှာ ဖြစ်ပါတယ်။ ခရိုမိုဇုန်းဆိုတာ မျိုးရိုးဗီဇဆဲလ်တစ်မျိုးဖြစ်ပြီး သင့်ရင်သွေးလေးရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ မျက်လုံးအရောင်၊ ဆံပင်အရောင်စတာတွေကို အခြားသူတွေနဲ့ မတူပဲ သီးခြားဖြစ်တည်စေတာဖြစ်ပါတယ်။ လူတိုင်းမှာ ခရိုမိုဇုန်း ၂၃စုံရှိပါတယ်။ ဒီထဲက ၂၂ စုံကို autosome လို့ခေါ်ပြီး လူတိုင်းမှာ အရေအတွက် တူတူရှိပါတယ်။ နောက်ဆုံး ၂၃စုံမြောက်ကတော့ ယောက်ျားလား မိန်းမလားဆိုတာကို ခွဲပေးတဲ့ sex chromosome ဖြစ်ပါတယ်။ သင့်ဗိုက်ထဲ ရင်သွေးလေးမှာ အကြောင်းမလှခဲ့လို့ ခရိုမိုဇုန်း အရေအတွက်လျော့နေတာမျိုး ၊ ပျက်စီးနေတဲ့ ခရိုမိုဇုန်း တစ်ခုလောက်ပါနေတာမျိုးဖြစ်ခဲ့ရင် ကိုယ်ဝန် ပျက်ကျဖို့ အလားအလာများသွားပါပြီ။ ဒီ ခရိုမိုဇုန်း ပုံမှန် မဟုတ်တာတွေကို ကြိုတင်ကာကွယ်လို့ မရနိုင်ပါဘူး။ အသက် ၃၅ နှစ် နောက်ပိုင်း ဆောင်တဲ့ ကိုယ်ဝန်တွေမှာ ဒီ ခရိုမိုဇုန်း ပြဿနာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ချေ အလားအလာများပါတယ်။ ဒီလို ခရိုမုန်းဇုန်းပုံမှန်မဟုတ်တဲ့ ပြဿာနာဟာ သင့်ရင်သွေးလေးပေါ်မှာပဲ မူတည်တာကြောင့် ဒီကိုယ်ဝန် ပျက်ကျပေမယ့် နောက်ဆောင်တဲ့ ကိုယ်ဝန်တိုင်းကို ပျက်ကျစေမှာ မဟုတ်ပါဘူး။

၂ – ကိုယ်ဝန်အပေါ် သက်ရောက်တဲ့ မိခင်ရဲ့ ကျန်းမာရေး အခြေအနေများ။

ကိုယ်ဝန် ၁၃ပတ်နောက်ပိုင်းကနေ ၂၄ ပတ်အချိန် ( ကိုယ်ဝန် ဒုတိယ ၃ လ) မှာဖြစ်တဲ့ ကိုယ်ဝန်ပျက်ကျတာတွေဟာ မိခင်ဆီမှာရှိနေတဲ့ ကျန်းမာရေး ပြဿနာတွေ ကြောင့်ဖြစ်ရတာပါ။ ဘယ်လို ကျန်းမာရေး အခြေအနေတွေက အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန် ပျက်ကျစေတာပါလိမ့် ။ ။

  • ကိုယ်ဝန် ဆောင်နေရင်း ဝက်သက်ေပါက်တဲ့အခါ
  • သွေးတိုးဆီးချို တွေကို ကောင်းကောင်းမထိန်းနိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
  • ခုခံအားဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ LUPUS ရောဂါ တို့၊ သိုင်းရွိုက်ဟော်မုန်းြပဿနာရှိတဲ့ အမျိုးသမီးတွေ နဲ့
  • သားအိမ်နဲ့ သားအိမ်ခေါင်း ပုံမှန် မဟုတ်တာ၊ သားအိမ်မှာ အလုံးတည်တာ၊ သားအိမ်ခေါင်း ကျယ်နေတဲ့ ပြဿာနာရှိတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ပျက်ကျနှုန်း အခြားသူတွေထက်ပိုများတတ်ပါတယ်။

၃ – မိခင်ရဲ့နေထိုင်မှု ပုံစံ

ဆေးလိပ်တို့ အရက်တို့ မူးယစ်ဆေးဝါးတို့ သုံးစွဲနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ဟာ ပျက်ကျနိုင်ချေ အင်မတန်များပါတယ်။ ကံကောင်းလို့ ကိုယ်ဝန် အဖတ်တင်ခဲ့ရင်တောင် မွေးဖွားလာတဲ့ ကလေးမှာ ချို့ယွင်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။

၄- ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ။

ဆေးလိပ်ကို တစ်ဆင့်ခံရှူနေရတာအပြင် အခြား ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ချေတွေ များပါတယ်။ ဘာတွေလဲဆိုတော့

  • ခဲဆိပ်သင့်တာ
  • မာကျူရီ အဆိပ်သင့်တာ
  • စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေ နဲ့
  • အာဆင်းနစ် အဆိပ်သင့်တာတွေဟာလည်း သင့်ကို ကိုယ်ဝန်ပျက်ကျစေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ ။

ဒီလို အကြောင်းအရာတွေကို သိပြီဆိုတော့ ကိုယ်ဝန် ကို ဘယ်လိုကာကွယ်ကြမလဲ ။ ။

အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိလာပြီဆိုတည်းက ဆရာဝန်ဆီမှာ ကိုယ်ဝန်အပ်ထားပြီး မှန်မှန်သွားပြတာပါပဲ ။ ပြီးရင်ကလေးကို ထိခိုက်စေမယ့် ကိုယ်ရဲ့နေထိုင်မှုပုံစံတွေကို ပြင်ရပါမယ်။ ဒါ့အပြင် ဘယ်လို့ပတ်ဝန်းကနေ ကိုယ်ဝန်ကို ထိခိုက်စေတတ်လာနဲ့ ကာကွယ်နိုင်တဲ့ နည်းတွေကို ဆရာဝန်ဆီကနေ မေးထားတာ အကောင်းဆုံးပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။