backup og meta

သင့်ကလေးများ ပါဝါ မျက်မှန် တပ်ဆင်ဖို့လိုအပ်နေပြီဟု သိနိုင်သော လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးများ ပါဝါ  မျက်မှန် တပ်ဆင်ဖို့လိုအပ်နေပြီဟု သိနိုင်သော လက္ခဏာများ

    ကျွန်ုပ်တို့ဟာ တိုးတက်လာသော နည်းပညာများနှင့် အတူနေထိုင်နေကြပါတယ်။ ကလေးများဟာလည်း နည်းပညာသုံး စက်ကိရိယာများနဲ့ မကင်းကွာကြတော့ပါဘူး။ သို့သော် ထိုပစ္စည်းများကို အသုံးပြုလွန်ပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။ ထိုအနက်မှ တစ်ခုမှာ အဝေးမှုန်ခြင်းပဲ ဖြစ်ပါတယ်။

    ကလေးများ ဘာလို့ ပါဝါမျက်မှန် တပ်ဆင်ဖို့ လိုအပ်လာပါသလဲ။

    ယနေ့ခေတ်တွင် ကလေးအများစုဟာ ဟန်းဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စသည်တို့ကို နေ့စဉ် အသုံးပြုလာကြပါတယ်။ အချိန်အားသည်နှင့် ထိုကိရိယာများသုံးကာ ဂိမ်းဆော့ခြင်း၊ ဇာတ်လမ်းကြည့်ခြင်းတို့ဖြင့် အချိန်ကုန်လေ့ရှိကြသည်။ ထိုကိရိယာများတွင် သံလိုက်ဓာတ်လွှင့်နေရာလေး ပါရှိပါတယ်။ ထိုကိရိယာများကို အချိန်ကြာမြင့်စွာ အသုံးပြုပါက မျက်လုံးများ ထိခိုက်နိုင်ပါတယ်။ အဝေးရှိ အရာများကို သေချာပြတ်သားစွာ မမြင်နိုင်ဘဲဖြစ်တတ်ပါတယ်။ မြင်ကွင်းဟာ ဝေဝါးနေပြီး အရာဝတ္ထုများရဲ့ တည်ရှိရာကို သေချာစွာ မမြင်နိုင်တော့ပေ။ အဝေးမှုန်သော ကလေးများဟာ တီဗွီ သို့မဟုတ် သင်ပုန်းပေါ်ရှိ အရာ သို့မဟုတ် စာတို့ကို မမြင်နိုင်တော့ပေ။ ထို့ကြောင့် ပါဝါမျက်မှန်တပ်ဆင်ဖို့ လိုအပ်လာပါတော့သည်။

    အဝေးမှုန်ရခြင်း ၏ အကြောင်းရင်းများဟာ ဘာတွေလဲ။

    မျက်လုံးတွင်းရှိ မျက်ကြည်လွှာ လွန်စွာ ကွေးသွားပါက အဝေးမှုန်ခြင်း ဖြစ်ရပါတယ်။ ထို့ကြောင့် အလင်းဟာမျက်လုံးတွင်း ဝင်သည့်အခါ မျက်လုံးမှ သေချာတိကျစွာ မြင်အောင် မပြုလုပ်ပေးနိုင်တော့ပေ။ ထိုအခါ အရာဝတ္ထုများကို ဝေဝါးစွာ မြင်ရပါတော့သည်။

    အဝေးမှုန်ခြင်းဟာ မျိုးရိုးလိုက်သည်ကိုလည်း တွေ့လာရပါတယ်။ မိဘ တစ်ဦး သို့မဟုတ် နှစ်ဦးလုံးတွင် အဝေးမှုန်ခြင်းရှိပါက သူတို့၏ ကလေးတွင် အဝေးမှုန်နိုင်ချေ လွန်စွာများပါတယ်။

    ထို့ပြင် အလင်းရောင်နည်းသော အခြေအနေများတွင် စာဖတ်ပါက၊ နည်းပညာသုံးကိရိယာများ ကြည့်ပါက လည်း အဝေးမှုန်နိုင်ပါတယ်။

    အဝေးမှုန်ခြင်းသည် ကလေးများတွင်သာမက လူကြီးများတွင်ပါဖြစ်နိုင်ပါသည်။ ဥပမာ- မျက်လုံးကို အသုံးပြုလွန်းခြင်း၊ တိမ်စွဲခြင်း၊ ဆီးချိုဖြစ်ခြင်း တို့ဖြစ်ပါတယ်။

    ပါဝါမျက်မှန် တပ်ဆင်ရန်လိုနေကြောင်း မည်သို့သိနိုင်ပါလဲ။

    သင့်ကလေးမှာ အမြင်အာရုံနှင့် ပက်သက်၍ ပုံမမှန်မှုများ ရှိပါက စစ်ဆေးဖို့ ဆရာဝန်ထံခေါ်သွားသင့်ပါတယ်။ ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ဆရာဝန်က အမြင်အာရုံ စမ်းသပ်မှုများကို ပြုလုပ်ပေးနိုင်ပါတယ်။ မျက်လုံးတစ်ဘက်ကို အုပ်ကာ ကျန်တစ်ဖက်ဖြင့် အဝေးနံရံရှိ အက္ခရာစာလုံး (ကြီးရာမှ သေးရာ) များကို ဖတ်ကြည့်ခိုင်းပါလိမ့်မယ်။ ထို့နောက် နောက်ထပ်စမ်းသပ်မှုတစ်ခုကို ပြုလုပ်ပါလိမ့်မယ်။ နောက်ဆုံးရလဒ်ဟာ သင့်ကလေး ပါဝါမျက်မှန်တပ်ရန် လိုမလိုကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ပုံမှန် လူများရဲ့ အမြင်အာရုံဟာ ၉/၁၀ မှ ၁၀/၁၀ ရလဒ်ရှိပါတယ်။

    အဝေမှုန်ခြင်းဖြစ်ပါက မည်သို့နေထိုင်သွားမလဲ။

    ပါဝါမျက်မှန်တပ်ဆင်ရမည်ဟု သိပါက ထိုမျက်မှန်ကို မည်သို့မှန်ကန်စွာ အသုံးပြုရမည်၊ မျက်လုံးအားကောင်းအောင် မည်သို့ပြုမူနေထိုင် စားသောက်ရမည် တို့ကိုသိထားသင့်ပါတယ်။

  • မျက်မှန်များကို အမြဲ သန့်ရှင်းအောင်ထားခြင်း
  • မျက်မှန်သာမက မျက်လုံးများကို လည်းသန့်ရှင်းအောင်ထားသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားသော မျက်စဉ်းဆေးရည်များကို ပုံမှန်သုံးသင့်ပါတယ်။
  • နေ့စဉ် မျက်လုံးအား လုံလောက်စွာ အနားပေးပါ။
  • နည်းပညာသုံး ကိရိယာများကို ကြည့်ပါက မျက်လုံးမှ ၁၀ စင်တီမီတာ အကွာတွင်ထားသင့်ပါတယ်။
  • အမှောင်ထဲတွင် ဖုန်း၊ ကွန်ပျူတာ ကြည့်ခြင်းများ မပြုလုပ်သင့်ပါ။ အမှောင်ထဲတွင် မျက်လုံးက ပိုမို အလုပ်လုပ်ရသောကြောင့်ဖြစ်ပါတယ်။
  • ဗီတာမင် A ပါသော အစားအစာများ ဖြစ်တဲ့ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ စသည်တို့ကို နေ့စဉ် စားသုံးသင့်ပါတယ်။
  • ငါးကြီးဆီ အိုမီဂါ ၃ အက်စစ်ကို လည်းအားဖြည့်စာအနေနှင့် စားသုံးနိုင်ပါတယ်။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement