backup og meta

ကလေးသွေးတိုးသည့်အခါ မိဘများသိသင့်သည့် အချက်များ


Hello Sayarwon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးသွေးတိုးသည့်အခါ မိဘများသိသင့်သည့် အချက်များ

    ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဆိုတာ ဘာလဲ?

    ကလေးအတွက် သွေးတိုးရောဂါကို လိင်တူ၊ အသက်အရွယ်နှင့်အမြင့်တူနေသော အခြားကလေးတွေ 95 ရာခိုင်နှုန်းနဲ့တူညီ သို့မဟုတ် ပိုကြီးတဲ့ သွေးဖိအားရှိတဲ့ ကလေး တွေပေါ်မူတည်ပြီး သတ်မှတ်ထားပါတယ်။

    အသက်၁၀နှစ်အောက် ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာ အများအားဖြင့် အဝလွန်ခြင်း ၊မကောင်းမွန်တဲ့ အစားအစားစားရခြင်း၊ လေ့ကျင့်ခန်းမလုပိခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကြောင့် ဖြစ်ရပါတယ်။

    ဖြစ်စေတတ်သော အကြောင်းရင်းများ

    ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါကို ဖြစ်စေနိုငိတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?

    အောက်ပါအချက်များနဲ့ ဆက်စပ်နေပါတယ် –

    – အဝလွန်ခြင်း

    – လေ့ကျင့်ခန်းမလုပိခြင်း

    – မကောင်းမွန်တဲ့ အစားအစားစားရခြင်း

    – မိသားစုထဲမှာ သွေးတိုးရာဇဝင်ရှိခြင်း စတာတွေဖြစ်ပါတယ်။

    ဖြစ်ပွားနှုန်းများစေတဲ့ အချက်များက ဘာတွေလဲ?

    ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါက နောက်ခံကျန်းမာရေး ပြသနာ ၊ဗီဇ၊ လူနေမှုပဲုစံတွေပေါ်မူတည်ပါတယ်။

    လက္ခဏာများ

    ကလေးတွေမှာဖြစ်တဲ့ သွေတိုးရောဂါလက္ခဏာတွေက ဘာတွေလဲ?

    ယေဘုယျအားဖြင့်ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါဟာလက္ခဏာ သေချာမပြပါ။ ဒါပေမယ့် ဖြစ်ပွားသူ ကလေးတွေကတော့ အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

    • ခေါင်းကိုက်ခြင်း
    • မူးဝေခြင်း
    • အသက်ရှုမဝခြင်း
    • အမြင်အာရုံမကောင်းခြင်း
    • မောပန်းခြင်း စတာတွေဖြစ်ပါတယ်

    ဘယ်အချိန်မှာ ဆေးဘက်ဆိုင်ရာအကူအညီရှာသင့်သလဲ?

    သင့်ကလေး မှာ လမစေ့ပဲမွေးခြင်း ၊ အဝလွန်ခြင်း စတဲ့ အန္တရာယ် အချက်များရှိပါက ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။

    နောက်ဆက်တွဲ ပြသနာတွေကဘာတွေလဲ?

    ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ပြသနာတွေက ဘာတွေလဲ?

    အောက်ပါအချက်များ ပါဝင်ပါတယ် –

    • လေဖြတ်ခြင်း
    • အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း
    • နှလုံးဖောက်ခြင်း
    • နှလုံးပျက်စီးခြင်း
    • ကျောက်ကပ်ရောဂါ စတာတွေဖြစ်ပါတယ်။

    ရောဂါစမ်းသပ်ရှာဖွေမှုများ

    ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးရောဂါကို ဘယ်လို စမ်းသပ်ရှာဖွေနိင်သလဲ?

    တကယ်လို့ သင့်ကလေးမှာ သွေးတိုးရောဂါဖြစ်နေလျှင် ဆရာဝန်က အခြား နောက်ခံအကြောင်းရင်း ရှိမရှိ သေချာအောင် အောက်ပါ စမ်းသပ်မှုများလုပ်ဆောင်နိုင်ပါတယ်:

    – သွေးတွင်း သကြားဓါတ်သိနိုင်ရန် သွေးစစ်ခြင်း , ကျောက်ကပ် လုပ်ဆောင်မှု နှင့် သွေးဆဲလ်အရေအတွက်

    – ဆီး စစ်ခြင်း (urinalysis)

    – Echocardiogram

    တကယ်လို့ ဆရာဝန်က တည်ဆောက်ပုံကြောင့် သွေးတိုးဖြစ်ပေါ်တယ်လို့ သံသယရှိလျှင်, သင့်ကလေးနှလုံးကနေတဆင့်သွေးစီးဆင်းမှုကိုစစ်ဆေးစမ်းသပ်မှုလုပ်ဆောင်ပါလိမ့်မယ်။

    – ကျောက်ကပ် ultrasoundရိုက်ခြင်း

    ကုသမှု နှင့် စီမံခန့်ခွဲမှုများ

    ကလေးများအတွက် သွေးတိုးရောဂါကို ဘယ်လို ကုသသလဲ?

    ပုံမှန်အားဖြင့် ကလေးတွေအတွက် သွေးတိုးရောဂါ ကုသမှုက လူငယ်တွေမှာ ကုသမှုနှင့် ဆင်တူပါတယ်။ သင့်ကလေးအတွက်အကောင်းဆုံးကုသမှုရရှိရန် ဆရာဝန်ရဲ့ အကြံပြုချက်များရယူသင့်ပါတယ်။ ယေဘုယျလမ်းညွှန်ချက်များကတော့

    – Dietary Approaches to Stop Hypertension (DASH) ဆိုတဲ့ အစားသောက်ပုံစံကို လုပ်သင့်ပါတယ်။ အဆိုပါပုံစံမှာ အဆီများတဲ့ အစားအစာနှင့်ပြည့်ဝဆီ လျော့စားခြင်း၊ ပိုမိုလတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များ၊ ဂျုံကြမ်းများ စားသုံးခြင်းတို့ပါဝင်ပါတယ်။

    သင့်ကလေးကိုယ်အလေးချိန်ကို စောင့်ကြည့်ခြင်း

    အဝလွန်ခြင်းက သွေးတွင်း သကြားဓါတ်ကို တက်စေပြီး သွေးဖိအားတိုးစေပါတယ်။ ဒါကြောင့် သင့်ကလေးကိုယ်အလေးချိန် ပုံမှန်အတိုင်း ဖြစ်စေဖို့ သင့်တော်တဲ့ အစီအစဉ်ကို ဆရာဝန်ထံမှအကူအညီတောင်းပါ။

    ဆေးလိပ်မီးခိုးရှောင်ပါ

    ဆေးရွက်ကြီးမီးခိုးငွေ့က သင့်ကလေးသွေးဖိအားကို တက်စေပါတယ်။ ပြီးတော့ သင့်ကလေးနှလုံးနဲ့သွေးကြောတွေကို တိုက်ရိုက်ပျက်စီးစေနိုင်တယ်။ ဒါကြောင့် သင့်ကလေးကို မီးခိုးငွေ့ပင် မရှူ စေမိအောင် စောင့်ရှောက်သင့်ပါတယ်။

    ဆေးဝါးများအသုံးပြုခြင်း

    ဒီနည်းက ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်စေတဲ့အတွက် အခြားကုသမှုတွေ အလုပ်မဖြစ်ဘူးဆိုမှ အသုံးပြုသင့်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။ သွေးတိုးရောဂါကုသတဲ့ ဆေးဝါးတွေက အောက်ပါတို့ပါဝင်ပါတယ်။

    • Diuretics(ဆီးဆေးများ)

    ဒီဆေးဝါးများဟာ ခန္ဓါကိုယ်က ပိုလျှံတဲ့ ဆိုဒီယမ်နဲ့ ရေကို ဆီးကနေတဆင့် ဖယ်ရှားဖို့ကူညီခြင်းအားဖြင့် သွေးထဲတွင်အရည်ပမာဏကိုလျှော့ချဖို့ လုပ်ပေးပါတယ်။ မလိုအပ်တဲ့ ဆိုဒီယမ်တွေဖယ်ပေးပြီး အရည်ပမာဏကို လျော့ချပါတယ်။

    – ACE inhibitors, alpha-blockers နှင့် calcium channel blockers လို ဆေးတွေက သွေးကြောတွေ ကျဉ်းမသွားဖို့ ကူညီပေးပါတယ်။

    • Beta-blockers

    ဒီဆေးတွေက ဟော်မုန်း adrenaline မထွက်အောင် တားဆီးပေးပါတယ်။

    ကလေး သွေးတိုးရောဂါကို ဘယ်လို စီမံခန့်ခွဲနိုင်သလဲ?

    သင့်ကလေး သွေးတိုးခြင်းကို ထိန်းချုပ်နိုင်ဖို့ အောက်ပါအကြံပြုချက်များကိုလုပ်ပါ။

    – သင့်ကလေး တီဗီကိုကြည့်ချိန် သို့မဟုတ် ဗီဒီယိုဂိမ်းကစားချိန်ကိုထိန်းချုပ်ပါ

    – အစားအစာ အစီအစဉ်ဇယားတစ်ခုကိုဖန်တီးပါ။

    – သင့်ကလေးကို ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အားပေးပါ။

    – ဆရာဝန်၏ညွှန်ကြားချက်အတိုင်း သင့်ကလေးသွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement