ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ကိုယ့်ရဲ့ ရင်သွေးလေးထမဆုံးခြေလှမ်းလေးကိုမြင်ရဖို့တော်တော်လေးမျှော်လင့်မိတယ်ဟုတ်။ ကလေးတစ်ယောက်လမ်းစလျှောက်တာက သူတို့လေးတွေဖွံ့ဖြိုးမှုရဲ့ အရေးပါဆုံးမှတ်တိုင်တွေထဲကတစ်ခုပေါ့။ ဒီအချိန်မှာ ကလေးလေးလမ်းလျှောက်တာကို ကြည့်မဝဖြစ်နေကြသလိုဖုန်းတွေနဲ့ မှတ်တမ်းတင်တာကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဦးဦး၊တီတီတွေရောပေါ့။ ကလေးဆီကနေ မျက်စိမခွာနိုင်တဲ့အခိုက်အတန့်လေးပဲနော်။ ပီတိတွေကလည်း အပြည့်ပဲ။ ကဲ ဒီအခိုက်အတန့်လေးအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေ။

ကလေးက ဘယ်အရွယ်မှာ လမ်းစလျှောက်တာလဲ

ကလေးကမွေးစမှာ သူ့ခန္ဓါကိုယ်အလေးချိန်ကို ထမ်းပိုးနိုင်လောက်တဲ့အထိ မဖွံ့ဖြိုးသေးပါဘူး။ တဖြည်းဖြည်းနဲ့မှ အချိန်ယူပြီး ဖွံ့ဖြိုးလာတာပါ။ ကလေးလေးတွေက များသောအားဖြင့် အသက် ၁ နှစ် ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။ အချို့ကလေးတွေက ၁ နှစ်နည်းနည်းကျော်လောက်မှ လမ်းစလျှောက်ကြတာပါ။

  • ကလေးတွေကမွေးပြီး ၃ လကနေ၆လအတွင်းမှာ ခန္ဓါကိုယ်အပေါ်ပိုင်းကြွက်သားတွေ ဖွံ့ဖြိုးသန်စွမ်းလာကြပါတယ်။
  • ၅ လကနေ ၇ လမှာခြေထောက်တွေမှာ တဖြည်းဖြည်းချင်း အားရှိလာပါပြီ။
  • ၆ လ ကနေ ၉ လအတွင်းမှာတော့ ဇက်က ကြွက်သားတွေသန်မာလာမယ်။ ဦးခေါင်းကို ထိန်းနိုင်လာမယ်။ ဟန်ချက်ထိန်းနိုင်လာမယ်။
  • ၉ လကနေ ၁ နှစ်ခွဲအတွင်းမှာ ခြေထောက်ကအရွတ်တွေသန်မာလာပြီး လမ်းစလျှောက်နိုင်တော့မှာပါ။

ကလေးလမ်းစလျှောက်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ

အခုပြောပြမယ့် အရိပ်အယောင်လေးတွေ သားသားမီးမီးတို့ဆီမှာတွေ့နေရပြီဆိုရင်တော့ သူတို့လေးတွေ မကြာခင်လမ်းလျှောက်တော့မယ်ဆိုတဲ့ သဘောပါ။

ပစ္စည်းတွေပေါ်ကုတ်ကပ်တွယ်တက်နေပြီ – ကလေးက ဝမ်းလျှားမှောက်တာကနေတဆင့်တက်လို့ ထိုင်ခုံတွေ၊ကုတင်နဲ့ စားပွဲပေါ်တွေလှေကားပေါ်တွေကို တွယ်တက်နေပြီဆိုရင် ကလေးက လမ်းစလျှောက်တော့မှာပါ။

မတ်တတ်ထဖို့ အားယူနေပြီ – ကလေးက သူ့တစ်ရပ်မီစာလောက်မှာရှိနေတဲ့ မိမိရရကိုင်လို့ရတဲ့ အရာတစ်ခုခုကို ကိုင်တွယ်ပြီး အားယူရင်း ထဖို့ ကြိုးစားနေတာကလည်း သူမတ်တတ်ရပ်တော့မယ်ဆိုတာကိုဖော်ပြနေတာပါ။

ပစ္စည်းတွေကိုလျှောက်ဆွဲနေပြီ – အမြင့်မှာရှိနေတဲ့ အရာတွေကို လက်နဲ့ဆုပ်ကိုင်ပြီး ဆွဲတတ်နေပြီဆိုရင် သူလမ်းလျှောက်တော့မှာပါ။ အားယူတဲ့သဘောပေါ့။ ဒီအချိန်မှာသေချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ ဒါမှ ကလေး အပူလောင်တာမျိုး၊ ထိခိုက်မိတာမျိုးတွေမဖြစ်မှာပါ။

ဟန်ချက်ထိန်းဖို့ ကြိုးစားနေပြီ – ဒီတစ်ဆင့်က အရင်အဆင့်တွေထက်တိုးတက်လာတဲ့သဘောပါ။ အားယူပြီး မတ်တတ်ထတဲ့အဆင့်ကိုကျော်လွန်လာပါပြီ။ နံရံ၊လက်ရန်းလိုမျိုး လက်ထဲမှာ မိမိရဆုပ်ကိုင်လို့ရတဲ့ အရာကို အားပြုပြီး သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်းခြေထောက်တွေကို စရွေ့ပါပြီ။ အထိန်းနဲ့ လမ်းစလျှောက်တဲ့ သဘောပေါ့။

မတ်တတ်ရပ်ပြီ -အောင်မြင်မှုတွေ အရောင်သန်းလာပါပြီ။ သူ့ကိုယ်သူ အားကိုးတဲ့အချိန်ရောက်လာပြီလေ။ လက်ကလေး ကမ်းပေးရင် လှမ်းဆွဲပြီးခြေတစ်လှမ်းချင်း စလှမ်းပြီလေ။ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်တဲ့အချိန်ေပါ့။ ယုံကြည်မှုလေးပြည့်ဝလာချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ပထမဆုံးခြေလှမ်းကို စလှမ်းပြီလေ။

လမ်းစလျှောက်တဲ့ ကလေးကို ဒီလိုကူညီပေးပါ

ကလေးက လမ်းစလျှောက်ပြီဆိုရင်ဖေဖေမေမေတို့ဘက်ကလည်း ကလေးကို ဒီလိုလေးကုူညီပေးဖို့လိုပါမယ်။

ဟန်ချက်ထိန်းနိုင်အောင် ကူညီပေးပါ – ကလေးနဲ့အတူတူ ထိုင်ချလိုက်ပြီး ကလေးလက်ကလေးတွေကို ဆုပ်ကိုင်ပေးရင်းအမှတ်စဉ်ရေလို့ဖြည်းဖြည်းချင်း တူတူထပေးပါ။ အားပေးစကားလေးလည်းပြောပေးရင်းပေါ့။ ကလေးက ထနိုင်ပြီဆိုရင် ချီးကျူးစကားလေးပြောပေးတာ၊ လက်ခုပ်တီးအားပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။

ခြေထောက်လှုပ်ရှားမှုလေးတွေလုပ်ဆောင်ပေးပါ – ကလေးကိုလှဲနေရင်းမှာဖြစ်ဖြစ် ထိုင်နေရင်းမှာဖြစ်ဖြစ်ခြေထောက်လေးစင်းခိုင်းပြီး နှိပ်နယ်ပေးတာ။ခြေထောက်အကြောတွေကိုပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးလုပ်ပေးလိုက်ပါ။ ဒါလည်း လမ်းစလျှောက်မယ့် ကလေးတွအတွက် ထိရောက်တဲ့ ကူညီမှုဖြစ်မှာပါ။

ကလေးကို ကိုယ့်ဆီကိုလမ်းလျှောက်လာဖို့ခေါ်ပါ – ကလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်ရင်းမေမေ့ဆီကိုလမ်းလျှောက်လာခဲ့ပါလား၊ လို့လှမ်းခေါ်တာမျိုးပေါ့။ ဒီလိုလှမ်းခေါ်ပေးတာက ကလေးကို လမ်းလျှောက်တာကောင်းလာအောင်လေ့ကျင့်ပေးရာကျပါတယ်။ ကလေးက မတော်တဆလဲကျတာမျိုးဖြစ်နိုင်ပေမယ့်ဘေးကနေအားပေးရင်း ကလေးကို အကူအညီမပါဘဲ လမ်းလျှောက်နိုင်ကြောင်းသိအောင် ဖေးမပေးပါ။

ကဲဘေဘီလေး လမ်းစလျှောက်မယ့် အချိန်ကိုစောင့်ရင်း အမှတ်ရစရာလေးတွေကို မှတ်တမ်းတင်လိုက်ပါနော်………

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

ကိုယ်ဝန်ဆောင်ချိန် ကြွက်သားတွေ အစာအိမ်အူလမ်းကြောင်း လေပွလေထခြင်း အိမ်တွင်းကုထုံး အရည်များများသောက်ပါ လှုပ်ရှားပေးပါ ဝမ်းပျော့ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ

လေဒီလေးတွေ ခြေထောက်လှလှ ကြေးတွန်းသန့်စင် သဲကြိုးရာ နေလောင်တာ ကြေးချွတ်သန့်စင်ပါ lotion နေလောင်ကာခရင်မ် မိုးရေတွေ ပေါင်းတင်ပါ baking soda

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ရိုးရိုမွေးခြင်းအတွက် ဘာတွေကြိုပြင်ဆင်သင့်သလဲ။

ကိုယ်ဝန်ဆောင်အမျိုးသမီး ကလေးမီးဖွားရင် ဆရာဝန် မေမေဗိုက် ရိုးရိုးမွေး သားကြောဖြတ်ခြင်း မိခင်နို့ လေ့ကျင့်ခန်း သားဖွားမီးယပ် ရင်သွေးလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

နေ့စဉ် ခေါင်းမလျှော်သင့်တဲ့ အကြောင်းအရင်းများ

ခေါင်းလျှော်၊ တစ်ကိုယ်ရေသန့်ရှင်းရေ၊ ဆံသား၊ ဦးခေါင်း၊ သန့်စင်၊ လန်းဆန်း၊ ဦးရေပြား၊ အဆီပြန်၊ ဆံသားခြောက်သွေ့၊ ဗောက်ပိုထ၊ သဘာဝအဆီဓာတ်၊ ဆံပင်နှစ်ခွ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ပဲသီးလေး နဲ့ ကျန်းမာရေး

ပဲသီးလေး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ကွမ်းသီး နဲ့ ကျန်းမာရေး

ကွမ်းသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020
အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020