home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နို့ဦးရည်နှင့် ကြီးထွားဖွံ့ဖြိုးရာတွင် အရေးပါပုံ

နို့ဦးရည်နှင့် ကြီးထွားဖွံ့ဖြိုးရာတွင် အရေးပါပုံ

ကလေးများအတွက် မိခင်နို့သည် အကောင်းဆုံးအဟာရ ရင်းမြစ်ဖြစ်ကြောင့် ကျွန်တော်တို့အားလုံး သိထားပြီးသာပင်။ မိခင်နို့သည် ကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးရန်အတွက် အပြည့်စုံဆုံး အာရဟာပင်ဖြစ်သည်။ မိခင်နို့တွင် မွေးကင်းစများအတွက် လိုအပ်သော အာဟာရများ ရောဂါများ ကူးစက်ပိုးများဒဏ်မှ ကာကွယ်ပေးနိုင်သော ပစ္စည်းများ ပါဝင်ပါသည်။

နို့ဦးရည်ဆိုတာဘာလဲ။

နို့ဦးရည်သည် နို့တိုက်သတ္တဝါများ၏ ကိုယ်ဝန်နောက်ဆုံးကာလများ၌ နို့ဂလင်းများမှထုတ်လုပ်သော နို့ပုံစံတစ်မျိုးဖြစ်သည်။ မျိုးစိတ်အများစု၌ နို့ဦးရည်သည် မီးမဖွားခင် ထွက်လာလေ့ရှိသည်။ နို့ဦးရည်တွင် မွေးကင်းစကလေးအား ရောဂါများမှကာကွယ်ပေးနိုင်မည့် ပဋိပစ္စည်းများ ပါ၏။ ယေဘုယျအားဖြင့် နို့ဦးရည်တွင်ပါသော ပရိုတင်းပမာဏမှာ သာမန်နို့ထက် မြင့်မားစွာပါရှိသည်။ အဆီပါဝင်နှုန်းသည်လည်း တစ်ချို့သောမျိုးစိတ်များတွင် ပိုမြင့်လေ့ရှိပါသည်။ အထူးသဖြင့် သိုးနှင့် မြင်းများ။ တစ်ချို့တွင်တော့ ပုံမှန်နို့ထက် အဆီပါဝင်နှုန်း နည်း၏။ ဥပမာ လူနှင့် လားများ။ ဝက်များ၌ မွေးဖွားပြီး ၄၈ မှ ၇၂ နာရီလောက်တွင်ထွက်သည့်နို့တွင်ပါသော အဆီပမာဏသည် နို့ဦးရည်နှင့် နောက်ထွက်မည့်နို့များထက် ပိုမိုများပြားစွာ ပါဝင်ပါသည်။ နွားကဲ့သို့သတ္တဝါများ၏ နို့များတွင်တော့ အဆီပမာဏသည် အမျိုးမျိုးရှိနိုင်ပါသည်။

နို့တိုက်ကျွေးခြင်း

နို့တိုက်ကျွေးရသည်မှာ ရိုးရှင်းပါသည်။ သို့သော် အပြည့်အဝနားလည်ထားရန်လိုအပ်ပြီး နေသားကျရန်၊ သဘာဝလို့ခံစားမိရန်အတွက်တော့ အချိန်တစ်ခု လိုအပ်ပါသည်။ ဗဟုသုတ၊ မိမိကိုယ်မိမိ ယုံကြည်မှုနှင့် အတွေ့အကြုံရှိသော မိခင်များနှင့် ဆရာဝန်များမှ ထောက်ပံ့မှုတို့သည် အတွေ့အကြုံပြည့်သည့် မိဘဝကိုရောက်ရန် ပြုလုပ်ပေးပါလိမ့်မည်။

မိခင်နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ

နို့ဦးရည်အား တည်ငြိမ်သည့်အပူချိန်တွင် ထိန်းသိမ်းထားပါ။ ကလေးအတွက် အလွန်သင့်လျော်သလို အန္တရာယ်လည်း ကင်းပါသည်။ မိခင်နို့သည် လုံးဝလတ်ဆတ်ကာ ပိုးကင်းစင်ပြီး စိတ်ချရပါသည်။ ၎င်းသည် လုံးဝကို သဘာဝတစ်ခုသာဖြစ်ပြီး မိမိကိုယ်တိုင် ကလေးများကို ပြုစုပျိုးထောင်ပေးချင်သော မိခင်များအတွက်လည်း သင့်တော်ပါသည်။ မိခင်နို့သည် ကလေး၏လိုအပ်ချက်ကို အမြန်ဆုံးနှင့် အလွယ်ကူဆုံး အချိန်မရွေး နေရာမရွေး ရရှနိုင်သည်။ ဖျော်ရ ချိန်ရ သိုလှောင်ရ လုပ်စရာမလိုပါ။

  • ဘက်တီးရီးယားလို ရောဂါပိုးများတိုက်ခိုက်ခြင်းကြောင့်ဖြစ်ရသော ဝမ်းလျှောခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ၊ ချောင်းဆိုး အအေးမိခြင်း၊ ပန်းနာရင်ကြပ် စသည်တို့အား မိခင်မှလာသော နို့ဦးရည်ပါ ပဋိပစ္စည်းများကြောင့် တားဆီးပေးနိုင်ပါသည်။
  • မိခင်နို့တိုက်သော ကလေးများတွင် ဝခြင်း၊ အဝလွန်ခြင်း၊ ဆီချိုနှင့် နှလုံးရောဂါများ ကြီးလာသည့်အခါ မဖြစ်နိုင်ပါ။
  • အလက်ဂျီ၊ ညှင်းခူနှင့် နားအတွင်း ပိုးဝင်ခြင်း ဖြစ်နိုင်ချေများကိုလည်း လျော့ချပေးပါသည်။
  • မေးရိုးသန်မာအောင်လည်း အားပေးပါသည်။
  • မိခင်နို့တွင်ပါသော သံဓါတ်သည် တခြားနို့ဗူးများတွင်ပါသော သံဓါတ်ထက် စုပ်ယူရပိုလွယ်ကူစေပါသည်။
  • မိခင်နို့သည် ကလေး၏ဉာဏ်ရည်၊ အမြင်အာရုံ၊ အာရုံကြောစနစ်နှင့် အူလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်း၏။
  • မိခင်နို့သည် နို့ဗူးများထက် မကျန်းမာမှုကို ပိုမဖြစ်စေနိုင်ပါ။

နို့ဦးရည်တွင် ကလေးအသက် ၆ လထိ လိုအပ်သော အာဟာရများကို ထောက်ပံ့ပေးပါသည်။ မိခင်နို့ခင် ကလေး၏ ဖွံဖြိုးတိုးတက်မှု၊ အာဟာရလိုအပ်ချက်ပေါ်လိုက်ကာ ကာလတစ်ခုနှင့်တစ်ခု ပြောင်းလဲနေပါသည်။

မိခင်နို့စို့ရသောကလေးများသည် ယေဘုယျအားဖြင့် နို့ဗူးတိုက်သောကလေးများလောက် ဝမ်းမချုပ်တတ်ပါ။

သင့်ကလေးတွေက အမြဲတမ်း နို့ကိုကောင်းကောင်းစို့သလား။

နို့တိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးကြား သံယောဇဉ်ကို ပိုတွယ်စေပါသည်။ မိခင်မှသာ နို့ရည်ထုတ်ပေးနိုင်သောကြောင့် တခြားဘယ်သူနှင့်မှမရနိုင်သည့် မြင့်မြတ်သော သံယောဇဉ်ကို ရရှိစေပါသည်။

တစ်ခါတစ်ရံတွင် တစ်ချို့သောအကြောင်းပြချက်များကြောင်း ကလေးငည် မိခင်နို့ကို တိုက်ရိုက်မစို့နိုင်ခြင်း ဖြစ်တတ်သည်။ နေ့မစေ့လမစေ့ခြင်း သို့မဟုတ် ဖျားနာမှုများသည် နို့တိုက်ကျွေးခြင်း သို့မဟုတ် နို့မစို့နိုင်ခြင်းအပေါ် သက်ရောက်မှုရှိနိုင်၏။ ကလေးအတွက် သင့်လက်နှင့်သော်လည်းကောင်း နို့ညှစ်ကိရိယာနှင့်သော်လည်းကောင်း နို့ကိုညှစ်ထားရပါမည်။ ထိုနို့ကိုမှ ဗူးထဲထည့်၍လည်းကောင်း အစာပိုက်မှလည်းကောင်း သွင်းပေးနိုင်သည်။ ထို့အပြင်ဆေးထိုးအပ် သို့မဟုတ် မျက်စဉ်းခတ်ကိရိယာတို့ကို အသုံးပြုပြီး နို့တစ်စက်ချင်းစီ ထည့်ပေးနိုင်၏။

နို့ညှစ်ဖို့လေ့ကျင့်ရသည်မှာ အချိန်မကုန်ပါ။ မည်သို့လုပ်ဆောင်ရမည်ကိုသိလျှင် ဖျားနေသည့်ကလေး သို့ နေ့မစေ့လမစေ့ကလေးကို နို့တိုက်ရာတွင် သင့်ကြုံရနိုင်သည့် သက်တောင့်သက်သာမရှိမှုကို ကျော်လွန်သော အကျိုးကျေးဇူကို ရရှိနိုင်မည်ဖြစ်သည်။ လိုအပ်လျှင် ဆရာဝန်နှင့် ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။