backup og meta

ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ

ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ

ဆေးသောက်ရတာကို သဘောကျတဲ့ ကလေးရယ်လို့ ရှိမယ်မထင်ပါဘူး။ ကလေးတိုင်းက ဆေးထိုးဖို့ကြောက်သလို ဆေးသောက်ရတာကိုလည်း မကြိုက်ကြပါဘူး။ ကလေးတွေကို ဆေးတိုက်တိုင်း တိုက်ပွဲတစ်ခုဝင်နေရသလို မိဘတိုင်းခံစားကြရမယ် ထင်ပါတယ်။ တစ်ခါတလေများဆို ကလေးက ဆေးကိုမျိုမချဘဲ ထွေးထုတ်တာမျိုးတောင် ကြုံရနိုင်ပါသေးတယ်။

ဒီလိုအခြေအနေမျိုးမှာ ကလေးကို ဆေးတိုက်မှဖြစ်မယ်ဆိုတဲ့ အသိပဲခေါင်းထဲရောက်ပြီး ကလေးက ဆေးကိုမမျိုချရင် နှာခေါင်းပိတ်ပြီးတိုက်လိုက်မယ်လို့ တွေးမိလုပ်မိတာရှိနိုင်ပါတယ်။ ဒါက မလုပ်သင့်ပါဘူး။ မတော်တဆကလေးက အသက်ရှူရပ်သွားတာမျိုးဖြစ်နိုင်သလို အသက်ဆုံးရှုံးတာမျိုးအထိတောင် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ ဆိုတာနဲ့ ဆေးတိုက်ရလွယ်အောင် ဘာတွေ လုပ်ဆောင်ပေးရမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ

ဘေဘီလေးတွေကို ဘယ်လိုဆေးတိုက်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ဆေးဘယ်လိုတိုက်မလဲ

ကလေးကို ဆေးမတိုက်ခင်မှာ အရင်ဆုံးလုပ်ရမှာက ဆေးညွှန်းအတိုင်း မှန်ကန်အောင် တိုက်ဖို့ပါ။ နောက်ထပ်သတိထားရမှာတစ်ခုက ဆေးကို နည်းစနစ်မှန်မှန်ထိန်းသိမ်းဖို့ပါ။ ဆေးညွှန်းကို ဖတ်ပြီးရင်လုပ်ရမယ့်နောက်တစ်ခုက ဆေးက သတ်မှတ်ရက်ကျော်နေလားဆိုတာ ကြည့်ဖို့ပါပဲ။ ဆေးက လုံးဝမဖောက်ရသေးပေမယ့် သတ်မှတ်ရက်ကျော်နေပြီဆိုရင်တော့ ကလေးကိုမတိုက်ဘဲ လွှင့်ပစ်လိုက်သင့်ပါတယ်။

ဘေဘီလေးမှာ ဒီလိုလက္ခဏာတွေရှိနေလား ဆန်းစစ်ပါ

  • ကလေးက ဆေးသောက်ဖို့ ငြင်းဆန်နေလား
  • ဆေးသောက်ရမယ်ဆိုရင် ဆေးက အရည်ပဲဖြစ်ဖြစ်၊ ဆေးပြားပဲဖြစ်ဖြစ်၊ ဆေးတောင့်ပဲဖြစ်ဖြစ် ငြင်းဆန်နေတာလား
  • ကလေးက ဆေးတိုက်ရင် ငိုနေတာလား

ကလေးကို ဆေးတိုက်နည်းမမှန်တဲ့အခါ

  • ကလေးကို အတင်းအကျပ်ဆေးတိုက်တာက အော့အန်တာ ဒါမှမဟုတ် ဆေးသီးတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • လူကြီးတွေမှာ ဆေးသောက်ရလွယ်အောင်လုပ်ဆောင်တဲ့နည်းတွေက ကလေးငယ်တွေမှာ အန္တရာယ်ဖြစ်စေနိုင်တာမျိုးရှိပါတယ်။

နည်းစနစ်မှန်မှန်ဆေးတိုက်မယ်

  • ကလေးက ငယ်သေးရင် အစက်ချတဲ့ပြွန်၊ ဇွန်းနဲ့ syringe(ဆေးထိုးပြွန်) တို့ကို သုံးပြီး တိုက်ပေးပါ။
  • ဆေးတိုက်တဲ့အခါမှာလည်း ကလေးကို မတ်မတ်ထိုင်ခိုင်းပြီး တိုက်ပေးပါ။ ကလေး လှဲရက်အနေအထားမျိုးမှာ ဆေးမတိုက်ပါနဲ့။
  • syringe(ဆေးထိုးပြွန်)နဲ့ ဆေးတိုက်တဲ့အခါ ဆေးထိုးအပ်မတပ်ထားပါနဲ့။ syringe (ဆေးထိုးပြွန်) ကို ပါးစောင်ကနေ ခပ်စောင်းစောင်းလေးထည့်ပြီးဖြည်းဖြည်းချင်းဆေးရည်ကို ညှစ်ထည့်ပေးပါ။ ကလေးမျိုချနိုင်လောက်တဲ့ ပမာဏပဲထည့်ပေးပါ။
  • ဆေးရည်တွေကို မဝင်မှာစိုးပြီး အများကြီးညှစ်ထည့်တာမျိုး မလုပ်ပါနဲ့။ လေပြွန်ထဲ ဆေးရည်တွေရောက်သွားပြီး ကလေးမွန်းသွားနိုင်တာကြောင့်ပါ။

ကလေးကို ဆေးတိုက်ရလွယ်အောင် ဒီလိုတိုက်မယ်

ဆေးကို စားစရာတစ်ခုခုနဲ့ရောပြီး တိုက်ပေးမယ်

ကလေးကို တိုက်ရမယ့်ဆေးကို အမှုန့်ကြိတ်ပြီး နို့နဲ့ရောတိုက်တာမျိုး၊ ကလေးနည်းနည်းကြီးရင် ဒိန်ချဉ်၊ ဖျော်ရည်၊ ယိုလိုမျိုး ကလေးကြိုက်တတ်မယ့် အစားအစာတစ်ခုခုထဲ ရောထည့်ပြီး ကျွေးကြည့်ပါ။ သတိထားရမှာက ဆေးကို အမှုန့်ကြိတ်လို့ ရမရဆိုတာကို ဆရာဝန်နဲ့ မေးမြန်းပါ။ တချို့ဆေးတွေက အစာအိမ်အက်စစ်နဲ့ တွေ့မှ ပျော်ပြီး အာနိသင်ပြတတ်တာကြောင့်ပါ။

ဆေးမှုန့်နဲ့ရောစပ်မယ့် အစားအစာပမာဏက ကလေးကုန်လောက်ရုံ ပမာဏဖြစ်ဖို့တော့ သတိပြုပါ။ ကလေးက ဆေးနဲ့ရောထားတဲ့ အစားအစာကို အကုန်စားမှ ဆေးတစ်ခွက်လုံးသောက်မိမှာဖြစ်တာကြောင့်ပါ။

ကလေးကို စိတ်ရှည်ပေးပါ

ကလေးတိုင်းလိုလိုက ဆေးကြောက်တတ်ကြပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ချော့ပြီး တိုက်ပေးပါ။ ကလေးကို အော်ငေါက်တာမျို၊ ရိုက်တာမျိုးမလုပ်ပါနဲ့။ ကလေးတွေက လူကြီးတွေရဲ့ အပြုအမူကို အတုယူတတ်ကြတယ်ဆိုတာကို သတိရပါ။ ကလေးကို အော်ငေါက်လိုက်တဲ့အခါ ကလေးကကြောက်သွားပြီး ဆေးတိုက်ရ ပိုခက်သွားနိုင်ပါတယ်။

ဆရာဝန်လုပ်တမ်းကစားပါ

ကလေးကို သူရဲ့ကစားစရာတွေနဲ့အတူ ဆရာဝန်လုပ်တမ်းကစားဖို့ အစဖော်ပေးလိုက်ပါ။ ကိုယ်တိုင်လည်း ပါဝင်ကစားရင်း လူနာတစ်လှည့် ဆရာဝန်တစ်လှည့်လုပ်ပေးပါ။ ဒီလိုကစားပေးရင်း ဆေးသောက်လာအောင် ဆွဲဆောင်လိုက်ပါ။

ဆေးတွေကို မျိုချတတ်အောင် သင်ပေးပါ

ကလေးကို အရွယ်လည်းနည်းနည်းရလာတာနဲ့ ဆေးတွေကို မျိုချတတ်အောင် သင်ပေးပါ။ ဆေးလုံးသေးသေးလေးတွေကနေစပြီး ဆေးလုံးအကြီးတွေအထိ တဖြည်းဖြည်းချင်းမျိုချတတ်လာအောင် သင်ပေးပါ။ ဆေးသောက်တဲ့အခါ ရေများများသောက်ခိုင်းပါ။

ဆေးကို တစ်လုံးချင်း တိုက်ပေးပါ

ကလေးတွေက လူကြီးတွေလိုမျိုး တစ်ခါတည်းနဲ့ အများကြီးကို မျိုမချနိုင်ပါဘူး။ ဒါကြောင့် ကလေးတွေကို ဆေးတိုက်တဲ့အခါ ဆေးတွေကို တစ်ခါတည်းအကုန်မသောက်ခိုင်းပါနဲ့။ တစ်လုံးပြီးမှ တစ်လုံးသောက်ခိုင်းပေးပါ။

ကလေးအပေါ်မှာ ရိုးသားပါ

ဆေးက ခါးနေတာကို ချိုလိုက်တာဆိုပြီး ပြောတာမျိုးမလုပ်ပါနဲ့။ ကလေးက တကယ်သောက်လိုက်တဲ့အခါ မချိုဘဲခါးနေတာသိသွားခဲ့ရင် နောက်တစ်ခါဆေးတိုက်ဖို့ ပိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ဆေးတိုက်တဲ့အခါ ဆေးကတော့ခါးတယ်။ ဒါပေမယ့် ဒီဆေးသောက်လိုက်တဲ့အခါ နေမကောင်းတာ သက်သာသွားမယ်။ နေကောင်းသွားတဲ့အခါ သွားချင်တဲ့ဆီကို သွားလို့ရမှာဖြစ်သလို၊ စားချင်တာတွေလည်း စားလို့ရမယ်ဆိုတဲ့အကြောင်းနဲ့ သူငယ်ချင်းတွေနဲ့လည်း ကစားလို့ရမယ်ဆိုတဲ့အကြောင်း ရှင်းပြပေးပါ။

ဒီနည်းလေးတွေက ဆေးတိုက်ရခက်တဲ့ ဘေဘီလေးတွေရဲ့ဖေဖေမေမေတွေအတွက် အသုံးတည့်မယ်ထင်ပါတယ်။ ကလေးတိုင်း ကျန်းမာကြပါစေကြောင်း

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.babycentre.co.uk/a1047947/how-to-give-your-baby-medicine#ixzz55jQM3hzX

http://www.seattlechildrens.org/medical-conditions/symptom-index/medication-refusal-to-take/

http://www.healthgoesfemale.com/7-clever-ways-to-help-your-child-take-the-medicine/

https://www.parents.com/toddlers-preschoolers/health/sick-toddler/cleverly-help-medicine-go-down/

ယခုပုံစံ

13/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးရဲ့ဖျားနာမှုကို ဘာကဖြစ်နေစေတာလဲ

သင့်ကလေးကို အစာစားချင်စိတ်တိုးလာစေမယ့် နည်းလမ်း (၅)ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement