backup og meta

ဘေဘီ ပျော်ရဲ့လား..........

ဘေဘီ ပျော်ရဲ့လား..........

မိဘတိုင်းကတော့ သားသမီးတိုင်းကို ပျော်ရွှင်စေချင်မှာပါ။ ဒါဆိုရင် ကလေးတွေ တောင့်တတဲ့ ပျော်ရွှင်မှုက ဘာလဲဆိုတာကိုရော သတိထားမိရဲ့လား………… ကလေးတွေက ပျော်ရွှင်ဖို့ လိုအပ်တယ်ဆိုတာကတော့ တကယ့်ကို မှန်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေက အချိန်တိုင်းတော့ မပျော်ရွှင်နေနိုင်ပါဘူး။ လူကြီးတွေလိုပဲ သူတို့မှာလည်း စိတ်ဖိစီးတာ၊ စိတ်ညစ်စရာလေးတွေရှိနိုင်ပါတယ်။

လူတိုင်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ အထီးကျန်ခြင်း စတဲ့ ခံစားချက်အထွေထွေက ငယ်စဉ်ကာလကတည်းက ခံစားတတ်ခဲ့တဲ့ အရာတွေပါ။ ဒီတော့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုထားမယ် စိတ်ကူးလဲ မေမေဖေဖေတို့ရေ။ ကလေးကို အချိန်တိုင်းပျော်အောင် ထားလို့ရတယ်လို့ စိတ်ကူးနေတယ် ကြီုးစားနေတယ်ဆိုရင်တော့ ဒီကြိုးပမ်းမှုက ရေရှည်မှာ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကို ပြောပြပါမယ်။

ဘေဘီလေး စိတ်ညစ်နေတာလား………….

ကလေးဆိုတာက အချိန်တိုင်း မပျော်ရွှင်နိုင်ဘူးဆိုပေမယ့် ပျော်ရွှင်နေချိန်က ပိုများတာတော့ အမှန်ပါ။ ဒီလိုမှမဟုတ်ဘဲ ဘေဘီလေးက

  • သူငယ်ချင်းတွေနဲ့ တူတူမဆော့ဘဲ ခွဲထွက်နေမယ်
  • အရင်ထက်ပိုအိပ်မယ်
  • မအိပ်ဘဲဖြစ်နေမယ်
  • ရယ်မောတာမျိုး နည်းသွားမယ် (ရယ်ရမယ့်အနေအထားမှာတောင် မရယ်တာမျိုး)
  • ဘာလုပ်လုပ် စိတ်ဝင်စားမှု မရှိသလိုဖြစ်နေမယ်
  • ကျောင်းမသွားချင်လို့ အကြောင်းပြမယ် (ဗိုက်နာတယ်၊ ခေါင်းမူးတယ် စတဲ့ စမ်းသပ်ရခက်တဲ့ရောဂါတွေကို အကြောင်းပြမယ်)
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေမယ်
  • အားမရှိသလိုဖြစ်နေမယ် (ခြေကုန်လက်ပမ်းကျနေတာမျိုးပေါ့)
  • ငြိမ်ငြိမ်နေဖို့ ခက်နေတာမျိုး
  • အစားအသောက် ကြိုက်တဲ့ပုံစံ ပြောင်းလဲတာမျိုး
  • ဒေါသကြီးနေတာမျိုး
  • မျှော်လင့်ချက်မဲ့သလို နေထိုင်နေမယ်ဆိုရင် ကလေးက မပျော်ရွှင်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရတာပါ။

ဒီလို လက္ခဏာတွေ ခံစားနေရတဲ့ ဘေဘီလေးကို မေမေဖေဖေတို့က သေချာ ဂရုစိုက်ပေးရမှာပါ။ ကလေးဘဝမှာ ခံစားရတဲ့ ခံစားမှုတွေ၊ စိတ်ထိခိုက်စရာတွေက ကလေးရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကို ထိခိုက်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ဘဝအောင်မြင်အောင် စွမ်းဆောင်နိုင်မှု၊ လူမှုဆက်ဆံရေး စွမ်းရည်တွေ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။

ဘေဘီလေး ပျော်အောင် ဖေဖေမေမေတို့က ဘာလုပ်ပေးမလဲ………….

  • အဆင်ပြေသွားမယ်ဆိုတဲ့အကြောင်း အားပေးစကားဆိုပါ
ကလေးကို အတင်းပျော်ခိုင်းရမယ်လို့ မဆိုလိုပါဘူး။ ကလေးကို အခုလက်ရှိ ခံစားနေရတဲ့ ပြဿနာက အချိန်တန်ရင် ပြေလည်သွားမယ့်အကြောင်း သေချာပြောပြရင်း ခံစားရသက်သာအောင် လုပ်ပေးစေလိုတာပါ။
လက်ရှိမှာ စိတ်မကောင်းနေတာ မှန်ပေမယ့် ဒီခံစားချက်က ရေရှည်မှာ အဆင်မပြေဘဲ ထိခိုက်စေနိုင်တယ် ဆိုတာကို ရှင်းပြတာမျိုး၊ တစ်ခုခု ပျက်စီးဆုံးရှုံးတာကြောင့် ဝမ်းနည်း စိတ်မကောင်းဖြစ်နေတာဆိုရင် အသစ်ဝယ်ပေးလို့ရရင် ဝယ်ပေးမယ့်အကြောင်း သေချာလေးရှင်းပြပြီး စိတ်သက်သာအောင် အားပေးပါ။
  • endorphins ဟော်မုန်း ထွက်ရှိစေဖို့ ပြုံးရယ်ခိုင်းပါ
ဒါကမဖြစ်နိုင်တာကို ပြောနေတာလို့ ယူဆစရာရှိနေပါတယ်။ ဒါပေမယ့် ဝမ်းနည်းနေချိန်၊ စိတ်မကောင်းဖြစ်နေချိန်မှာ ပြုံးတာ၊ ရယ်တာက endorphins ဟော်မုန်းကို ထွက်ရှိစေလို့ စိတ်ခံစားရမှုကို သက်သာစေနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကိုလည်း သက်သာစေပါတယ်။ ကလေးက စိတ်မကောင်းဖြစ်နေတဲ့အခါ သူ့ကို ပြုံးပျော်စေမယ့် အပြုအမူလုပ်ပြတာမျိုး၊ သူစိတ်ပျော်စေမယ့် အကြောင်းအရာတွေကို ပြောပြတာမျိုး လုပ်ပေးပါ။

ကလေးက စိတ်မပျော်နေချိန်မှာ သူပျော်စေမယ့် အတွေးတွေကို တွေးမိအောင် ပျော်ရွှင်ခဲ့ချိန်က အကြောင်းအရာတွေကို အစဖော်ပြောပေးပါ။ ဒီလို ပြန်လည် တွေးတောတာက ကလေးကို စိတ်ပျော်ရွှင်စေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

ဒီလိုမှ မဟုတ်လည်း မွေးနေ့အတွက် ဘာတွေ စီစဉ်ထားတယ်လေ။ ဘယ်ကို ခရီးသွားဖို့ စီစဉ်ထားတယ်လေ ဆိုတာမျိုးကို ပြောပြပေးပါ။

အောက်ဆီဂျင်ကို ရှူရှိုက်တာ၊ လေကောင်းလေသန့်ရှုတာက စိတ်မပျော်ရွှင်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကလေးက စိတ်မကောင်းဖြစ်နေတဲ့အခါ ကလေးကို အပြင်ခေါ်သွားပြီး လေညှင်းခံပါ။ ဒီလိုမှ မဟုတ်လည်း

-မိသားစုလိုက် အိမ်အနီးအနားတဝိုက်လမ်းလျှောက်တာ

စက်ဘီးစီးတာ

-အပြင်ထွက် ဘောလုံးကစားတာ

-ကြိုးခုန်တာ လိုမျိုး လုပ်ပေးပါ။

သီချင်းက စိတ်ခံစားမှုကို ကောင်းစေနိုင်တဲ့ အစွမ်းအာနိသင်တွေရှိပါတယ်။ ဒါကြောင့် ကလေးက စိတ်ညစ်နေတဲ့ အခါမျိုးမှာ စိတ်ပျော်ရွှင်စေမယ့် သီချင်းလေးတွေ ဖွင့်ပြီး အတူတူနားထောင်တာ၊ လိုက်ဆိုတာ၊ သီချင်းဆိုရင်း ကတာမျိုးလုပ်ပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Depression in Children https://www.webmd.com/depression/guide/depression-children#3 Accessed Date 13 May 2020

10 signs your child may be unhappy https://kidsatmax.com.au/10-signs-your-child-may-be-unhappy/ Accessed Date 13 May 2020

How to Help An Unhappy Child Be Happy https://coffeeandcarpool.com/help-an-unhappy-child-be-happy/ Accessed Date 13 May 2020

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ.........

ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement