နေ့တိုင်း ကျောင်းစာ၊ အိမ်စာ၊ အလုပ်၊ ငွေရေးကြေးရေးတွေနဲ့ ပိနေတော့ ကြာလာရင် ကိုယ့်ရဲ့ စိတ်က ဒေါင်းသွားတော့မှာပေါ့။ ဒါကြောင့်မို့ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက် ကိုယ့်အတွက် သီးသန့် အနားယူချိန် ထားထားပေးသင့်ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ကိုယ့်အတွက် ပျော်ရွှင်မှုပေးနိုင်မယ့် အရာတွေကိုပဲ အဓိကထားလုပ်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လျှောက်လည်တာ၊ မိသားစုနဲ့ အတူမုန့်လုပ်တာမျိုးလုပ်ပေးပါ။
ကိုယ့်ရဲ့ စိတ်ကို ပူလောင်စေတဲ့ ဘက်လုံးဝရောက်မသွားစေဖို့ အတွေးတွေ ဝင်မလာအောင် သေချာထိန်းထားပါ။ ပျော်ရွှင်စရာ ကိစ္စတွေ အကုန်လုပ်ပြီးသွားရင် အားကစားလုပ်တာဖြစ်စေ၊ ယောဂကျင့်တာ၊ ငြိမ်ငြိမ်လေးနေပြီး တေးဂီတလေး နားထောင်တာ၊ စာအုပ်ဖတ်တာမျိုး လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ပေးပါ။
၄။ ကိုယ်လုပ်ဖူးခဲ့တဲ့ ကောင်းတဲ့ ကိစ္စမှန်သမျှ ပြန်တွေးပါ။
လူတွေက စိတ်ညစ်နေတဲ့အချိန်ဆိုရင် အတိတ်က လုပ်ခဲ့တဲ့ အမှားတွေ၊ နောင်တရစရာတွေ၊ စိတ်ညစ်စရာတွေကို အရမ်းတွေးတတ်တာ သဘာဝပါပဲ။ အဲ့ဒီလိုမျိုး စိတ်ညစ်လာပြီဆိုရင် ကိုယ့်ရဲ့ ဘဝကို အကောင်းမြင်ရှုထောင့်ကနေ ပြောင်းပြီး မြင်ကြည့်ပါ။ ကိုယ်ဒီနေ့တော့ ဘယ်သူ့ကို ကူညီလိုက်နိုင်လဲ၊ ဒါမှမဟုတ် ကိုယ်ဒီနေ့တော့ ရှုပ်ပွနေတဲ့ ကိုယ့်ရဲ့ အခန်းကို ရှင်းလိုက်နိုင်ပြီ၊ အရမ်းခက်တဲ့ သင်္ချာပုစ္ဆာရဲ့ သဘောတရားကို နားလည်သွားပြီ အစရှိသဖြင့် ကိုယ့်ရဲ့ အားသာချက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကြောင့် ဘေးပတ်ဝန်းကျင်ကို ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေလဲဆိုတာကို ပြန်တွေးကြည့်ပြီး ညစ်နေတဲ့စိတ်တွေကို ဖျောက်ဖျက်ရင်း အကောင်းဆုံးဖြစ်အောင် ထပ်ပြီး ကြိုးစားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။