ဆယ်ကျော်သက်အရွယ်

ကလေးတွေက မြီးကောင်ပေါက်အရွယ်ကို ရောက်လာပြီဆိုရင် သူတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကလည်း လိုက်ပြောင်းနိုင်ပါတယ်။ သူတို့လေးတွေကို ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆယ်ကျော်သက်အရွယ်

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

ဆယ်ကျော်သက်တွေမှာ အတွေ့ရများတဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။ ဒါကတော့ ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာကို စတင်ဖြစ်တဲ့ အရွယ်က ဆယ်ကျော်သက်အရွယ်မှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာကို စသောက်ဖြစ်ကြပြီး ရေရှည်မှာဆိုရင် ဆေးလိပ်သောက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတာအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆေးလိပ်သောက်မှုကို စတင်စမ်းသပ်တဲ့အရွယ် = ဆယ်ကျော်သက် ဆေးလိပ်သောက်တတ်တဲ့ အရွယ်ရောက်ပြီးသူ တော်တော်များများကို စစ်တမ်းကောက်ကြည့် တဲ့အခါ သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာစပြီး ဆေးလိပ်သောက်တာကို စတင်ခဲ့ကြတာလို့ သိရပါတယ်။ ဆေးလပ်သောက်သုံးသူ ၉၀ %ဟာ အသက် ၁၈ နှစ်မတိုင်ခင်မှာ ဆေးလိပ်ကို ပထမဆုံးအကြိမ် သောက်သုံးဖူးကြတာ ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်မှာလည်း ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သုံးသူ အရေအတွက်ဟာ တဖြည်းဖြည်းချင်း […]

ဆယ်ကျော်သက်အရွယ် ကို ရှာဖွေမည်။

ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။

မိခင်တစ်ယောက်ရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ရင်သွေးလေးရဲ့ အနာဂတ်လှပအောင်ကို ဘယ်လို သေချာပြုစုပျိုးထောင်ပေးရမလဲဆိုတဲ့ အကြောင်းတွေးပြီး ပူပန်တတ်ကြသူချည်းပါပဲ။ သမီးမိန်းကလေး မွေးထားတဲ့ မေမေတွေဆို ပိုဆိုးတာပေါ့။ သမီးမိန်းကလေးတွေကို ပျိုးထောင်တယ်ဆိုတာ နှင်းဆီပန်းလေး တစ်ပင် ယုယုယယကို စိုက်ပျိုးရတာနဲ့တူပါတယ်။ ပန်းတိုင်းအလယ် တင့်တယ်တဲ့ နှင်းဆီပန်းလေးတစ်ပင်ဖြစ်ဖို့အတွက် နှင်းဆီပန်းလေး ထွားလာအောင် မြေသြဇာကျွေးရတယ်။ တစ်စ တစ်စ ဖူးပွင့်လာအောင် ရေလောင်းပေးရတယ်။ အခြား ပိုးကောင်တွေ ရန်ကနေလည်း ကာကွယ်ပေးရပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ပေးရမလဲ ။ ။ ဒီလိုပါပဲ ကျန်းမာပျော်ရွင်ထက်မြက်တဲ့ သမီးမိန်းကလေး တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့အတွက် လိုအပ်တဲ့ အချက်တွေရှိပါတယ်။ ဒါတွေကို မေမေတို့သိထားဖို့လိုတယ်လေနော်။ ကျန်းမာရေးအတွက် အာဟာရသည်သာ နံပါတ်တစ်ပါ ။ ။ ဖူးပွင့်စ ဆယ်ကျော်သက် သမီးမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါက အရာရာ ပြောင်းလဲစပြုနေတဲ့အချိန်၊ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်အရွယ် သမီးငယ်ကို ယုံကြည်ချက်ရှိတဲ့ လေဒီလေးဖြစ်လာအောင် ဒီလိုပျိုးထောင်ပါ

မေမေ ဆိုတဲ့ စကားလေးနှစ်လုံးက အဓိပ္ပာယ်လေးနက်သလို မေမေတစ်ယောက် ပခုံးမှာထမ်းထားရတဲ့ တာဝန်တွေကလည်းလေးလံလွန်းပါတယ်။ မိခင်တစ်ယောက်ဖြစ်ရတာ တကယ်တော့ ခက်ခဲပင်ပန်းပါတယ်။ ကိုယ့်သားသမီးလေးတွေ အကောင်းဆုံး ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့ တာဝန်အရှိဆုံးသူမို့ အရာရာကို အချိန်ပြည့်တွေးပူနေရသူဆိုလည်း မမှားပါဘူး။ ကိုးလလွယ်ဆယ်လဖွားပြီးလို့ ဝန်ပေါ့သွားပြီမထင်နဲ့။ ကောင်းမွန်စွာ အရွယ်ရောက်ကြီးပြင်းလာဖို့ အရိပ်တကြည့်ကြည့် ပျိုးထောင်ရတာက အလုပ်ခွင်ဝင်တဲ့အထိပါပဲ။ တစ်ခါတလေများ မတော်ရင် 'မေမေရယ် သမီးကို ဘာလို့ သူများတွေလို လှလှလေးဖြစ်အောင်မွေးမထားလဲ' ဆိုပြီး မေးခံရတာက ကြုံရနိုင်သေးတယ်နော်။ လူဆိုတာက အရွယ်ရောက်လာလေလေ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်နယ်ပယ်က ကျယ်လာလေလေပါ။ ဒီလိုဆက်ဆံရတဲ့ ပတ်ဝန်းကျင်ကျယ်ပြန့်လာမယ့် ကိုယ့်ရဲ့ ဆယ်ကျော်သက်သမီးလေးကို လူအများအလယ်မှာ ယုံကြည်မှုရှိတဲ့ လေဒီတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့ကရော ဘယ်သူ့မှာများတာဝန်ရှိမလဲ။ မေးနေစရာမလိုအောင် အားလုံးက တာဝန်ရှိတယ်လို့ သတ်မှတ်ထားမယ့် သူက မေမေပါ။ သမီးလေးကို အားငယ်စိတ်ကင်းတဲ့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

လူပျိုဖော်ဝင် ကာစ ကိုယ်ခန္ဓာရဲ့ ပြောင်းလဲမှုပုံစံအဆင့်ဆင့်

လူပျိုဖော်ဝင် တဲ့ အရွယ်ဆိုတာ ကလေးတွေအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပုံစံကို စတင်တွေ့ရတာပါပဲ။ ကိုယ်ခန္ဓာက ကြီးထွားလာတယ်။ အသံတွေက ခပ်သြသြဖြစ်လာတယ်။ ကလေးတုန်းကလို မဟုတ်တော့ဘဲ ပိုသန်စွမ်းလာတယ်။ လိင်အင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။ လိင်စိတ်တွေ စတင်ဖြစ်လာမယ်။ မိဘတွေ သတိမထားလိုက်ခင်မှာပဲ ကိုယ့်သားလေးက ယောက်ျားငယ်လေးအဖြစ် စတင်ပြောင်းလဲတဲ့ အရွယ်ဖြစ်နေပါပြီ။ ဘယ်အသက်အရွယ်မှာ လူပျိုဖော်ဝင် လဲ။ မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ ယောက်ျားလေးတွေ လူပျိုစဖြစ်တဲ့အသက်က နည်းနည်းနောက်ကျပါတယ်။ ပုံမှန်အားဖြင့် အစောဆုံး အသက် ၉ နှစ်၊ နောက်အကျဆုံး အသက် ၁၄ နှစ်အရွယ်မှာ လူပျိုစတင်ဖြစ်ပါတယ်။ တချို့ယောက်ျားလေးတွေမှာ ကိုယ်ခန္ဓာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ ပိုပြီးမြန်နေတတ်ပါတယ်။ မိဘတွေအနေနဲ့ သတိမထားမိပေမဲ့ ကိုယ့်ကလေးကတော့ ရေချိုးနေတဲ့အချိန်၊ အဝတ်လဲနေတဲ့အချိန်ဆိုရင် ဒီပြောင်းလဲမှုတွေကို တွေ့နေမှာပါ။ ဒီပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်သူမှ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်များနဲ့ လူကြီးတွေကြား ပဋိပက္ခတိုက်ပွဲ

လူကြီးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဆိုတာ အမြဲတမ်း အတိုက်အခံဖြစ်တတ်ကြပါတယ်။ ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ ရှေးနှစ်ပေါင်းများစွာကတည်းက လူကြီးနှင့် လူငယ်ကြား ပဋိပက္ခ (Generation Gap) ဆိုတာ ရှိခဲ့ပါတယ်။ လူကြီးတွေကလည်း ကိုယ်သိဖူး၊ နားလည်ဖူးတဲ့ အရာတွေကိုပဲ လူငယ်တွေကလည်း ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအလိုက် မတူညီတဲ့ ရှုထောင့်တစ်ခုကနေ တွေးတယ်။ တစ်ဘက်က လက်ဖမိုး၊ တစ်ဘက်က လက်ဖဝါး၊ ကိုယ်မှန်တယ်ထင်တဲ့ အရာကိုပဲ စွဲစွဲမြဲမြဲ လက်ကိုင်ထားရာကနေ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ ကြာလာတော့ နားလည်ပေးရကောင်းမှန်း မသိတော့ဘူး၊ သူ့နေရာမှာ ကိုယ်သာဆိုရင်ရောလို့လည်း ဖြည့်မတွေးတတ်ကြတော့ဘူး။ ဒါကတော့ ကလေးတစ်ယောက် အရွယ်ရောက်လာရင် လူကြီးတွေနဲ့ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်တွင်းရေး ပြဿနာလေးပါ။ ဘယ်လိုအရာတွေက ပြဿနာတွေ ဖြစ်စေဖို့ နှိုးဆော်ပေးနေလဲ။ ဒီပြဿနာရဲ့ တရားခံတွေကို မဆွဲထုတ်ခင် လူကြီးဘက်က အမြင်နဲ့ လူငယ်တွေဘက်က […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကိုယ့်ကလေး လူပျိုဖော်ဝင်တာ နောက်ကျလို့ စိတ်ပူနေပြီလား

လူသားတိုင်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် ဘဝအချိန်တွေထဲမှာ လူပျိုဖော်၊ အပျိုဖော်ဝင်ကာစ အချိန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းစပြုတဲ့ ဒီအချိန်မှာ ကလေးတွေအတွက်တော့ အထူးအဆန်းတစ်ခုလို၊ ကြောက်ရွံ့စရာ ကိစ္စ တစ်ခုလို ဖြစ်နေမှာပါ။ ဘာကြောင့် လူပျိုဖြစ်တာ နောက်ကျတာလဲ။ အစောဆုံး အသက် ၉နှစ်ကနေ ၁၄နှစ်အတွင်း ယောက်ျားလေးတွေ လူပျိုဖော်ဝင်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ယောက်ျားလေးတွေ အသက် ၁၂ နှစ်အရွယ်မှာ စတင်ပြီး လူပျိုဖြစ်စ ပြုပြီး ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ စတင်နေပါပြီ။ မိဘမျိုးရိုးက လူပျို၊ အပျိုဖော်ကာဝင်စ အချိန်နောက်ကျတယ်ဆိုရင် ကလေးတွေမှာလည်း လူပျိုဖြစ်တာ နောက်ကျနိုင်ပါတယ်။ ၁၄ နှစ်ရောက်တဲ့အထိ လူပျိုဖြစ်တဲ့ လက္ခဏာ၊ ပြောင်းလဲမှုတွေ မတွေ့ရဘူးဆိုမှ လူပျိုဖြစ်တာ နောက်ကျတယ်လို့ သတ်မှတ်လို့ ရပါပြီ။ တချို့ယောက်ျားလေးတွေမှာ testosterone လို့ ခေါ်တဲ့ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာ

မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ဆယ်ကျော်သက်အရွယ် သားသမီးကိုနားလည်နိုင်ဖို့အတွက် ပိုအဆင်ပြေတဲ့အချက်တစ်ချက်က ကိုယ်လည်းဒီအရွယ်ကိုကျော်ဖြတ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ အသက် ၉ နှစ်လောက်ရောက်ပြီဆိုရင် ကလေးမှာ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတချို့ဖြစ်လာပြီးလောက်ပါပြီ။ နောက်သုံးနှစ်လောက်ကြာတဲ့အခါ သား သို့မဟုတ် သမီးလေးက မြီးကောင်ပေါက်လို့ခေါ်ကြတဲ့ အရွယ်ကို လုံးလုံး ရောက်ရှိသွားတော့မှာပါ။ အဲဒီအချိန်ကျရင်တော့ ခန္ဓာကိုယ်မှာပဲ အပြောင်းအလဲတွေဖြစ်မှာမဟုတ်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ အပြုအမူပိုင်းမှာပါ ပြောင်းလဲလာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာ ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာတွေကတော့ အပြုအမူအပြောင်းအလဲ အများအားဖြင့် ဒီအဆင့်ကိုဖြတ်ကျော်ရတော့မယ့် ဆယ်ကျော်သက်တိုင်းဟာ အပြုအမူပိုင်းမှာ တစ်နည်းမဟုတ် တစ်နည်း ပြောင်းလဲလာတတ်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေကို ထိန်းသိမ်းဖို့အတွက် အခက်အခဲဖြစ်ရတဲ့အချက်က ဒီအဆင့်မှာ ကလေးတွေက အကြောက်တရားနည်းပြီး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အတွေးမှားတွေရှိတတ်တာပါ။ ဒီလိုဖြစ်ရတာက မိန်းကလေးရော၊ ယောကျာ်းလေးမှာပါ ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒါပေမယ့် ဒီအနေအထားမှာ မိဘတစ်ယောက်အနေနဲ့ ဘယ်လောက်ကောင်းကောင်းအားပေးစောင့်ရှောက်သလဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။ သားဖြစ်သူ၊ သမီးဖြစ်သူရဲ့ဖွံ့ဖြိုးမှုအတွက်က မိဘဆိုတာ အဓိကကျောထောက်နောက်ခံတစ်ခုပါပဲ။ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ ဆယ်ကျော်သက်ဆိုတာ အင်မတန် လက်တည့်စမ်းတတ်ကြသူတွေပါ။ ဆေးလိပ်၊အရက်က စလို့ မူးယစ်ဆေးဝါးအထိလည်း အဖော်ကောင်းရင်ကောင်းသလို စမ်းတတ်ကြပါတယ်။ ဒီအရွယ်လေးတွေဖို့ မူးယစ်ဆေးဝါးအများစုဟာ ဈေးကြီးသလို လက်လှမ်းလည်း သိပ်မမှီတတ်ကြပါဘူး။ ဒါပေမယ့် မဟုတ်တဲ့နေရာမှာဆို ဉာဏ်ကောင်းလေ့ရှိကြတဲ့ 'တလွဲဆံပင်ကောင်းတတ်သူ'တို့ ထုံးစံအတိုင်း မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးတွေကို အတတ်စမ်းကြပါတော့တယ်။ ဘယ်လိုမျိုးပါလိမ့်လို့ တွေးမနေပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ (၁) ချောင်းဆိုးပျောက်ဆေးရည် နှစ်နှစ်သားကလေးတောင် ပိုက်ဆံပါရင် ဆေးဆိုင်မှာ သွားဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးပုလင်း အိမ်မှာရှိနေတာကို ဘယ်မိဘမှ အထူးတလည် ဂရုစိုက်မိမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီချောင်းဆိုးပျောက်ဆေးရည်တွေကို ပမာဏများများသောက်သုံးရင် သင့်စိတ်နဲ့အာရုံကို ပြောင်းလဲစေတတ်တဲ့အပြင် ခန္ဓာကိုယ်အပြင်ကို သင့်စိတ်ဝိညာဉ်လွင့်မျောသွားသလို ခံစားရပါလိမ့်မယ်။ ချောင်းဆိုးပျောက်ဆေးရည်ဟာ စွဲတတ်ပါတယ်။ အလွန်အကျွံသောက်သုံးရင် (အထူးသဖြင့် အရက်နဲ့ တွဲစပ်သောက်သုံးရင်) သင့်နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို နှေးသွားစေတဲ့အတွက် […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

သင်၏ ၈နှစ်မှ ၁၂နှစ်အရွယ် ကလေးသည် PE ကိုမကြိုက် ပါက ဘယ်လိုလုပ်မလဲ

လူပျိုပေါက်မဖြစ်မီအရွယ် ၈နှစ်မှ ၁၂နှစ်သည် ဖွဲ့ဖြိုးဆဲ အဆင့်တစ်ခု ဖြစ်သည်။ အစောပိုင်း ကလေးဘဝနှင့် လူပျို ပေါက် အရွယ်ကြား ဖြစ်သည်။ ဤအရွယ်တွင် ကိုယ်ကာယ ပညာရေး (PE) သည် ကလေး၏ ဖွံ့ဖြိုးမှုအတွက် အလွန်အရေး ပါသည်။ သို့သော်လည်း တစ်နေ့တွင် သင့်ကလေးသည် PE ကို မုန်းသည်ဟုလာပြောပါက ဘယ်လိုလုပ်မည်နည်း။ ကိုယ်ကာယ ပညာရေးကို သင့်ကလေး စိတ်ဝင်စားလာအောင် သင် ဘယ်လိုလုပ်သင့် သလဲ။   သင့်ကလေးသည် အားကစားအား ဘာကြောင့်မုန်းသလဲကို သိရှိအောင် ဖော်ထုတ်ပါ။ သင်သည် ဆရာများ၊ သင့်ကလေး၏ သူငယ်ချင်းများ၊ နည်းပြများဖြင့် ဆွေးနွေးခြင်း သို့မဟုတ် သူတို့၏ အပြုအမူ ကို ဖော်ထုတ်ခြင်းဖြင့် သင့်ကလေး ဘာကြောင့် အားကစား ကို မကြိုက်သည်ကို သင်တွေ့ရှိနိုင်သည်။ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်နှင့် တုပမှုဖိအား

ဆယ်ကျော်သက်အရွယ်မှာ သင့်ကလေးက သူ့သူငယ်ချင်းတွေရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို တုပချင်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ တုပမှုဖိအား သို့မဟုတ် တုပမှုလွှမ်းမိုးခြင်းက အမြဲတမ်း ဆိုးရွားတဲ့ လွှမ်းမိုးမှုကိုပဲ ပေးတာမဟုတ်ပေမယ့်လည်း မိဘရော ဆယ်ကျော်သက်အရွယ် သားသမီးတွေအတွက်ပါ စိတ်ပူစရာတွေ ပေးနေတုန်းပါ။ တကယ်လို့ မလိုအပ်တဲ့ လွှမ်းမိုးမှုတွေ ပေါ်ပေါက်လာမယ့်ဆို သူတို့ကို စီမံခန့်ခွဲဖို့ သင်လုပ်ရနိုင်တဲ့ အရာအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။ တုပမှု ဖိအားဆိုတာ ဘာလဲ။ တုပမှု ဖိအားဆိုတာ လူတစ်ယောက်က သူ့သူငယ်ချင်းရဲ့အမြင်မှာ သူ့ကို တန်ဖိုးထား လက်ခံအောင် အဲ့သူငယ်ချင်းရဲ့ အပြုအမူတွေကို မသိလိုက်မသိဖာသာ တုပနေခြင်းကို ဆိုလိုတာပါ။ တချို့အခြေအနေတွေမှာ တုပမှုက ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တာပါ။ တုပမှုဟာ ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေအပေါ် အသင်းအဖွဲ့အတွင်း သူတို့ အပြုအမူနဲ့ ခံစားမှုတွေရဲ့ ထိန်းချုပ်မှုက လွှမ်းမိုးထားပါလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်တွေ လိုက်နာသင့်တဲ့ စားသောက်ပုံ ၁၀ မျိုး

ဆယ်ကျော်သက်ဖြစ်ပါက သင်မှန်ကန်စွာကြီးထွားနိုင်ရန် အစားအသောက်အထူးစားသောက်ရန်လိုအပ်သည်။ သင့်ခန္ဓါကိုယ်ကို မှန်ကန်သောအစာများကျွေးခြင်းက သင်ကျန်းမာသောလူကြီးဖြစ်ရန် အရေးကြီးဆုံးကိစ္စဖြစ်သည်ကို စိတ်ထဲမှတ်ထားသင့်သည်။ အောက်ပါ တို့က အစားအသောက်ရွေးချယ်ရာတွင် အကူအညီပေးနိုင်သောအရေးကြီးသောဆယ်ချက်ဖြစ်သည်။   ၁။ မှော်ဆန်သောအစာဟူသည်မရှိပါ။ အစားအသောက်အစုံမှရသော အာဟာရ ကိုသင်လိုအပ်သည်။ ပရိုတင်း အသီးအရွက် ကာဖွန်ဟိုက်ထရိတ် အဆီ အကုန်လိုအပ်သည်။ သင်ကြီးထွားနိုင်သောအချိန်ကိုမဖြုံန်းတီးပါနှင့်။ အရာအားလုံးကိုပေးစွမ်းနိုင်သော အစာကိုရှာစားပါ။   ၂။ ဗိုက်ဆာခြင်းကို ဆန်အာဟာရနှင့်တိုက်ပါ။ ဆယ်ကျော်သက်ဖြစ်ပါက အမြဲစာခြင်းဖြစ်ပြီး စိတ်ဒုက္ခရနိုင်သည်။ ဆန်ကသင့်အတွက်သင့်တော်သည်။ ထိုအရာကဗိုက်ပြည့်ဝမှုသာမက လိုအပ်သောအာဟာရကိုပါပေးနိုင်သည်။ ၃။ ရေဓါတ်ပြည့်ဝအောင်နေပါ။ ရေကသင့်အတွက်အလိုအပ်ဆုံးဖြစ်သည်။ သင်နားတွင်လိုအပ်ချိန်တိုင်းသောက်နိုင်ရန်ရေပုလင်းအမြဲထားပါ။ သကြားဓါတ်များသော အရည်များက သင့်ခန္ဓါကိုယ်အတွက်အကျိုးများစွာအပေးနိုင်ပါ။ ၄။ မိသားစုကို သင့်အကြိုက်ဆုံးအစာကိုဝယ်ခိုင်းပါ။ သင်အတွက်ကျန်းမာသောအစာ ဥပမာ ပန်းသီး မုန်လာဥ လိမ္မော်သီး နှင့် ဒိန်ချဉ်တို့ကိုစားသင့်သည်။   ၅။ ချက်ပြုတ်ခြင်းသင်ယူပါ။ သင်စားသောအစာကိုချက်ပြုတ်ခြင်းဖြင့် သင့်အတွက် ကျန်းမာသောအစာကိုချက်ပြုတ်နိုင်သည်။ သင်ဗိုက်ဆာနေချိန် ချက်ချင်းသက်သာစေသောနည်းလမ်းထက်ဘယ်ဟာပိုကောင်းမှာလဲ။   ၆။ အဆီများသောအစာကိုရှောင်ပါ။ နံရိုးဝက်ပေါင်ခြောက်နှင့် ဟော့ဒေါ့ကဲ့သို့အစာများကိုသင့်ပုံမှန်အစာအဖြစ်မစားသင့်ပါ။ သင်စားလိုပါက တစ်ခါတစ်ရံစားနိုင်သည်။   ၇။ သင်စားလိုသမျှစားပါ။ ဆယ်ကျော်သက်အမျိုးသားက အရွယ်ရောက်ပြီးသူနှင့် ဆယ်ကျော်သက်မိန်းကလေးထက်အစာပိုလိုအပ်သည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်