backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

ဆယ်ကျော်သက်တွေမှာ အတွေ့ရများတဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။ ဒါကတော့ ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာကို စတင်ဖြစ်တဲ့ အရွယ်က ဆယ်ကျော်သက်အရွယ်မှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာကို စသောက်ဖြစ်ကြပြီး ရေရှည်မှာဆိုရင် ဆေးလိပ်သောက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတာအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

ဆေးလိပ်သောက်မှုကို စတင်စမ်းသပ်တဲ့အရွယ် = ဆယ်ကျော်သက်

ဆေးလိပ်သောက်တတ်တဲ့ အရွယ်ရောက်ပြီးသူ တော်တော်များများကို စစ်တမ်းကောက်ကြည့် တဲ့အခါ သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာစပြီး ဆေးလိပ်သောက်တာကို စတင်ခဲ့ကြတာလို့ သိရပါတယ်။ ဆေးလပ်သောက်သုံးသူ ၉၀ %ဟာ အသက် ၁၈ နှစ်မတိုင်ခင်မှာ ဆေးလိပ်ကို ပထမဆုံးအကြိမ် သောက်သုံးဖူးကြတာ ဖြစ်ပါတယ်။

တစ်နှစ်ထက် တစ်နှစ်မှာလည်း ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သုံးသူ အရေအတွက်ဟာ တဖြည်းဖြည်းချင်း တိုးလာနေပါတယ်။ စူးစမ်းချင်တဲ့အရွယ်ဖြစ်တဲ့ ဆယ်ကျော်သက်ကာလမှာ စူးစမ်းလိုစိတ်နဲ့ ဆေးလိပ်သောက်သုံးတာကနေ ဆေးလိပ်ကို စွဲလမ်းပြီး ဆေးလိပ်သောက်တဲ့ အလေ့အကျင့်ကို ရလာကြတာပါ။

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း တွေကတော့ အများကြီးပါ။

မိဘတွေက ဆေးလိပ်သောက်တတ်လို့

မိဘတွေက ဆေးလိပ်သောက်တတ်တဲ့အခါ ကလေးတွေက အရွယ်မရောင်ခင်ကတည်က ဒီအလေ့အကျင့်ကို ယဉ်ပါးနေပြီး ဆေးလိပ်သောက်တာကို စူးစမ်းရင်း ဆေးလိပ်သောက်တတ်သွားကြပါတယ်။

လူကြီးတွေက ကလေးတွေရဲ့ စံပြဖြစ်တာကြောင့် သူတို့လေးတွ အားကျသူက ဆေးလိပ်သောက်တတ်မယ်ဆိုရင် မိဘ၊ အားကိုးရတဲ့ လူကြီးတွေရဲ့ ခြေရာကို နင်းပြီး ဆေးလိပ်သောက်တာပါ။

Peer pressure ရှိလို့

သူငယ်ချင်းတွေက စီးကရက်သောက်ရင်း ရော့ … သောက်ကြည့်။ ကောင်းတယ်ဆိုတာမျိုး သူငယ်ချင်း အချင်းချင်းကြားက ဖိအားတွေကြောင့်လည်း ဆယ်ကျော်သက်တွေက ဆေးလိပ်သောက်ကြတာပါ။

လွတ်လပ်မှုကို ခံစားချင်လို့

ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ အရင်ကလည် မေမေလုပ်ပေးတဲ့အတိုင်း မနေကြတော့ပါဘူး။ သူတို့စိတ်ကြိုက် ရွေးချယ်ချင်လာပါပြီ။ ဒီလိုမျိုး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို တောင်းဆိုရင်း သူတို့ရဲ့ အမှီအခိုကင်းမှု၊ လွတ်လပ်ခွင့်တို့ကို အလွန်အမင်းရယူဖို့ ကြိုးစားမှု ပြယုဂ်အနေနဲ့ ဆေးလိပ်သောက်ကြတာပါ။

တစ်ခါတလေမှာ မိဘတွေကို ကလန်ကဆန် လုပ်ချင်တဲ့ စိတ်ကြောင့်လည်း မိဘတွေ စိတ်တိုမှာ သေချာတဲ့ ဆေးလိပ်သောက်တဲ့ အလေ့အထကို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

Trend ဖြစ်နေလို့

ဆေးလိပ်သောက်တာက ခေတ်စားပြီး လူဝင်ဆန့်တဲ့အရာလို့ ဆွေးတာကြောင့်လည်း ဆယ်ကျော်သက်လေးတွေက ဆေးလိပ်သောက်ကြတာပါ။ သူငယ်ချင်းတွေက ဆေးလိပ်သောက်တာကို မြင်ပြီး ဆေးလိပ်သောက်တာက နေ့စဉ်ဘဝရဲ့ သာမန် ဖြစ်စဉ်တစ်ခုလို့ ယူဆတာကြောင့်လည်း ဆေးလိပ်သောက်ကြတာပါ။

မီဒီယာတွေမှာ အတွေ့ရများလို့

မီဒီယာတွေမှာ မင်းသား မင်းသမီးတွေက ဆေးလိပ်သောက်တာ၊ သူတို့ သဘောကျတဲ့ celebrity တွေ ဆေးလိပ်သောက်တာကို မီဒီယာတွေမှာ အတွေ့ရများတာကလည်း ဆယ်ကျော်သက်တွေကို ဆေးလိပ် သောက်ဖြစ်အောင် တွန်းအားပေးနေတာပါ။

စိတ်ဖိစီးလို့

ဆယ်ကျော်သက်အရွယ်မှာ ပြောင်းလဲမှုတွေကို အများကြီး ကြုံတွေ့ရပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲမှုကစလို့ တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေကို နေ့စဉ် ရင်ဆိုင်ရတဲ့အခါ ခံစားရတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားဖို့အတွက် ဆေးလိပ်သောက်ကြတာပါ။

စူးစမ်းချင်လို့

စီးကရက်ကို စူးစမ်းချင်တဲ့ စိတ်ကြောင့်လည်း စူးစမ်းမှုကို လုပ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်ကြတာပါ။

ဆယ်ကျော်သက်တွေ ဆေးလိပ်မသောက်အောင် ဘယ်လို ကာကွယ်မလဲ

ဆယ်ကျော်သက်တွေကို ဆေးလိပ်မသောက်ဖြစ်စေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်ပေးလို့ ရပါတယ်။

  • ဆေးလိပ်ရဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြပေးပါ။ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ။ ကင်ဆာအပါအဝင် ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးပါ။
  • ကလေးကို အချိန်ပေးပြီး အခက်အခဲတွေကို နားထောင်ပါ။ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရအောင် လုပ်ပေးပါ။
  • စံပြဖြစ်အောင် နေပါ။ ကလေး အတုမြင် အတတ်သင် မဖြစ်စေဖို့အတွက် ကိုယ်တိုင်ကလည်း ဆေးလိပ်မသောက်ပါနဲ့။

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

ဒီအချက်တွေကြောင့် ဆယ်ကျော်သက်တွေ ဆးလိပ်သောက်ကြတာပါ။
  • မိဘတွေက ဆေးလိပ်သောက်တတ်လို့
  • Peer pressure ရှိလို့
  • လွတ်လပ်မှုကို ခံစားချင်လို့
  • Trend ဖြစ်နေလို့
  • မီဒီယာတွေမှာ အတွေ့ရများလို့
  • စိတ်ဖိစီးလို့
  • စူးစမ်းချင်လို့ ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement