backup og meta

ကိုယ့်ကလေး လူပျိုဖော်ဝင်တာ နောက်ကျလို့ စိတ်ပူနေပြီလား


Ye Myo Myat မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေး လူပျိုဖော်ဝင်တာ နောက်ကျလို့ စိတ်ပူနေပြီလား

    လူသားတိုင်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် ဘဝအချိန်တွေထဲမှာ လူပျိုဖော်၊ အပျိုဖော်ဝင်ကာစ အချိန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းစပြုတဲ့ ဒီအချိန်မှာ ကလေးတွေအတွက်တော့ အထူးအဆန်းတစ်ခုလို၊ ကြောက်ရွံ့စရာ ကိစ္စ တစ်ခုလို ဖြစ်နေမှာပါ။

    ဘာကြောင့် လူပျိုဖြစ်တာ နောက်ကျတာလဲ။

    အစောဆုံး အသက် ၉နှစ်ကနေ ၁၄နှစ်အတွင်း ယောက်ျားလေးတွေ လူပျိုဖော်ဝင်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ယောက်ျားလေးတွေ အသက် ၁၂ နှစ်အရွယ်မှာ စတင်ပြီး လူပျိုဖြစ်စ ပြုပြီး ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ စတင်နေပါပြီ။

    မိဘမျိုးရိုးက လူပျို၊ အပျိုဖော်ကာဝင်စ အချိန်နောက်ကျတယ်ဆိုရင် ကလေးတွေမှာလည်း လူပျိုဖြစ်တာ နောက်ကျနိုင်ပါတယ်။ ၁၄ နှစ်ရောက်တဲ့အထိ လူပျိုဖြစ်တဲ့ လက္ခဏာ၊ ပြောင်းလဲမှုတွေ မတွေ့ရဘူးဆိုမှ လူပျိုဖြစ်တာ နောက်ကျတယ်လို့ သတ်မှတ်လို့ ရပါပြီ။

    တချို့ယောက်ျားလေးတွေမှာ testosterone လို့ ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်မထွက်တာကြောင့် လူပျိုဖြစ်နေသည့်တိုင်အောင် ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ မတွေ့ရသေးတာ ဖြစ်ပါတယ်။

    လူပျိုဖြစ်တာ နောက်ကျသည့်တိုင်အောင် ပုံမှန် ယောက်ျားလေးလိုပဲ အရပ်နဲ့ ကိုယ်ခန္ဓာကြီးထွားမှုနှုန်းက မှီနိုင်တာကြောင့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။

    လူပျိုဖော်ဝင်ကာစအရွယ်မှာ ဘာတွေ စတင်ပြောင်းလဲလာမလဲ။

    ၁။ ယောက်ျားလေးတွေ အသံသြလာမယ်။ မျက်နှာမှာ အမွေးအမျှင်တွေ စတင်ထွက်လာမယ်။

    ၂။ လိင်အင်္ဂါ၊ ဝှေးစေ့ ကြီးလာမယ်။ ကောက်ကွေးနေတဲ့ အမွေးအမျှင်တွေ လိင်အင်္ဂါ တစ်ဝိုက်မှာ ထွက်လာမယ်။

    ၃။ ချိုင်းနဲ့ ရင်ဘတ်မှာ အမွေးအမျှင်တွေ ပေါက်လာမယ်။

    ၄။ အရင်ကထက်ပိုပြီး ချွေးထွက်သန်လာမယ်။ ချွေးနံ့ပြင်းလာမယ်။

    ၅။ ရင်အုပ်ကြွက်သား ကြီးထွားလာမယ်။

    ၆။ အိပ်နေစဉ် သုက်လွှတ်တတ်လာမယ်။

    ၇။ အရေပြားပေါ်မှာ ဝက်ခြံ၊ အဖုအပိမ့်တွေ စတင်ထွက်လာမယ်။

    ၈။ အရပ်ရှည်ထွက်လာမယ်။ ကိုယ်ခန္ဓာ ပိုပြီး ကြီးထွားလာမယ်။

    လူပျိုဖော် ဝင်ကာစမှာ စိတ်ပိုင်းဆိုင်ရာအရ ဘာတွေ ပြောင်းလဲနိုင်လဲ။

    ၁။ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေအပေါ် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေ ဖြစ်နိုင်ပါတယ်။

    ၂။ ယောက်ျားလေး ကိုယ်နံ့၊ ချွေးနံ့၊ အရေပြားပေါ်မှာ ထွက်လာတဲ့ အဖုအပိမ့်တွေနဲ့ ပတ်သက်ပြီး ရှက်ရွံ့တဲ့ စိတ်တွေ ဖြစ်နိုင်ပါတယ်။

    ၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ နည်းလာမယ်။

    ၄။ စိတ်ဓာတ်ကျတာ၊ စိတ်လိုက်မာန်ပါလုပ်တာ စတဲ့ အပြုအမူတွေ တွေ့လာနိုင်ပါတယ်။

    လူပျိုဖြစ်တာ နောက်ကျလို့ စိုးရိမ်ရနိုင်လား။

    ဒါဟာ စိုးရိမ်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ကိုယ့်သားလေးက အတန်းထဲက တခြား လူပျိုဖြစ်နေတဲ့ ကောင်လေးတွေနဲ့ ယှဉ်လိုက်လို့ လူကောင်သေးနေတာ၊ အရပ်မထွက်တာ အစရှိသဖြင့် အစခံရတဲ့ ပြဿနာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီပြဿနာတွေဟာလည်း ကိုယ့်ကလေး လူပျိုဖော်ဝင်ပြီဆိုတာနဲ့ အဆင်ပြေသွားမှာပါ။

    အကောင်းဆုံးကတော့ ယောက်ျားလေးတွေကို ကိုယ်ခန္ဓာကြီးထွားစေဖို့ ပရိုတင်းဓာတ်၊ အရိုးနဲ့ သွား ကျန်းမာသန်စွမ်းစေဖို့ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ နေ့စဉ် ကျွေးပါ။ အစာအာဟာရ မျှတဖို့ မိဘတွေကိုယ်တိုင် ဂရုစိုက်ပေးဖို့တော့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement