ဖြစ်တန်စွမ်းတွေကို သေချာ သိရှိလာမယ်။ တွေးခေါ်ပုံတွေက ပိုအသေးစိတ်ပြီး ပိုမိုကောင်းမွန်တဲ့ စိတ်ကူးတွေ ရှိလာမှာပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ လူမှုဆက်ဆံရေး ပိုကောင်းလာသလို စိတ်ခံစားမှုပိုင်းကလည်း ပိုတိုးလာပါတယ်။ လွတ်လပ်မှုကို ပိုခုံမင်လာမှာဖြစ်သလို ကိုယ့်အားကိုယ်ကိုးလိုစိတ် ပိုများလာပါတယ်။

သားသမီးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ကလေးဘက်ကရော မိဘဘက်ကပါ နားလည်မှုရှိမှ မိဘနဲ့ ကလေးကြာားက မလိုလားအပ်တဲ့ ရန်ပွြတွေကို ကျော်လွှားနိုင်မှာပါ။ ဒီကာလမှာ ကလေးအရွယ်ကထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။
ဆယ်ကျော်သက်အရွယ်မှာ အကောင်းဆုံး ပျိုးထောင်နိုင်မှုက ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးရော ဉာဏ်ရည်ဉာဏ်သွေးပါ ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။
- ကလေးက ပြောပြလာတာတွေကို သေချာ ဂရုတစိုက် နားထောင်ပေးပါ။ ကလေးက စကားပြောတဲ့အချိန်မှာ အခြား အလုပ်တွေ လုပ်ရန်း နားထောင်တာမျိုး မလုပ်ပါနဲ့။ ဥပမာ တီဗွီကြည့်နေတာ၊ သတင်းစာ ဖတ်နေတာ၊ လုပ်စရာ ကိစ္စတွေကို လုပ်ဆောင်နေရင်း နားထောင်တာမျိုး မလုပ်ပါနဲ့။
- ကလေးပြောချင်တဲ့အချက်ကို သေချာသိစေဖို့ အားရုံစိုက် နားထောင်ပေးပါ။
- ကလေးကို သံသယဖြစ်တဲ့ လေသံမျိုး၊ မေးခွန်းထုတ်တဲ့ လေသံမျိုးနဲ့ မမေးပါနဲ့။ ရင်းရင်းနှီးနှီးပြောဆိုပါ။
- ကလေးရဲက ခံစားချက်ကို နားလည်ပေးပါ။ အပြုအမူကို ကြည့်ပြီး ဆုံးဖြတ်တာမျိုး၊ မသင်္ကာသလို စောင့်ကြည့်တာမျိုး မလုပ်ပါနဲ့။
- ကလေးကို ချစ်ကြောင်း ယုံကြည်မှု ရှိကြောင်း ပြသပးပါ။
- အပြန်အလှန် နားလည်မှု တည်ဆောက်ပါ။
- ကလေးရဲ့ ကောင်းမွန်တဲ့ အရာများအတွက် စိတ်အားထက်သန်မှုတိုင်းကို အားပေးပါ။
- ကလေးအနေနဲ့ ကြုံတွေ့နေရတဲ့ ဆယ်ကျော်သက်ကာလ စိန်ခေါ်မှုတွေကို အတူကျော်လွှားဖို့ အသင့်ရှိနေပေးပါ။
ဆယ်ကျော်သက်တွေကရော ဘာတွေ လိုက်နာဖို့ လိုမလဲ
ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်လွှားဖို့ဆိုရင် ဆယ်ကျော်သက်တွေအနေနဲ့လည်း အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
- မိဘတွေကိုရန်သူတွေလို့ မမြင်ပါနဲ့။ မိဘတွေက အချစ်နိုင်ဆုံး သူတွေဖြစ်ပြီး ကိုယ့်ကို လမ်းမှန်ရောက်အောင် သွန်သင်ပေးခဲ့တဲ့သူတွေ အမြဲသွန်သင်ပေးနေမယ့် သူတွေဆိုတာကို သတိရပါ။
- မိဘတွေကို ချစ်ကြောင်း ပြသဖို့ မမေ့ပါနဲ့။
- မိဘတွေမှာ ခံစားနေရတဲ့ စိတ်မလုံခြုံမှုတွေ၊ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို နားလည်ပေးပါ။
- မိဘတွေနဲ့ ခံစားချက်တွေကို မျှဝေပါ။
- မိဘတွေက ပြောပြ သင်ပြလာတာကို စိတ်အရှင်းဆုံး ထားပြီး နားထောင်ပါ။
- ကိုယ်နိုင်တဲ့တာဝန်တွေကို ကိုယ်တိုင် လုပ်ဆောင်ပါ။
- မိဘတွေနဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး တစ်ရပ် ရှိပါစေ။
Takeaways
ဆယ်ကျော်သက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များစွာကို ကြုံရနိုင်တာကြောင့် ဆယ်ကျော်သက် ကာလကို ကျော်ဖြတ်ခဲ့ဖူးတဲ့ မိဘတွေရဲ့ လမ်းညွှန်ပဲ့ပြင်မှုနဲ့ ဆယ်ကျော်သက် ကာလမှာ ကြုံတွေ့ရမယ့် ပြောင်းလဲမှု နဲ့ အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။