လူတွေရဲ့ တစ်နေ့တာမှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ ရရှိမှ ကိုယ်ခန္ဓာက ကောင်းစွာ ဖွံ့ဖြိုးကြီးထွားပြီး သာမန်လူတွေထက် ကိုယ်ခံအားရော ကျန်းမာရေးပါ ပိုကောင်းမှာပါ။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓာကြီးထွားဖို့၊ ကျန်းမာရေးကောင်းဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။