backup og meta

အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ

    ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဆိုတာ လူ့ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေအားလုံးပါဝင်တဲ့စားသောက်မှုပုံစံဖြစ်တယ်။ အသက်အရွယ်အမျိုးမျိုးအတွက် အာဟာရလိုအပ်ပုံ အချိုးအစားက ကွဲပြားပါလိမ့်မယ်။ ထို့အတူပဲ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း မတူနိုင်သလို၊ တစ်ဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်လိုက်ပြီးလည်းကွဲပါတယ်။ ယေဘုယျအားဖြင့် သင့်ကလေးငယ်အပါဝင် မိသားစုတစ်ခုလုံးကို ညီညွတ်မျှတတဲ့စားသောက်မှုပုံစံဖန်တီးပေးဖို့အတွက် အောက်ပါစားစရာတွေကို ထည့်သွင်းစားသင့်ပါတယ်။

    ၁။ နို့နှင့်နို့ထွက်ပစ္စည်းများ

    နွားနို့၊ ထောပတ်၊ ဒိန်ခဲ နဲ့ တခြားနို့ဖြင့်ပြုလုပ်ထားသော စားစရာများပါဝင်တယ်။ နို့နှင့်နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီနဲ့ မကောင်းတဲ့ကိုလက်စရောတွေကိုနည်းစေသော ပြည့်ဝဆီကြွယ်ဝတာကြောင့် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းများအစားထိုးကတော့ ပဲပုပ်ပါဝင်သောအထောက်အပံ့စားစရာများနဲ့ အခွံမာသီးများ ဖြစ်တယ်။

    ၂။ အသားဓါတ်

    အသားဓါတ်ဟာ အသားမျိုးစုံကနေရနိုင်ပါတယ်။ ကြက်၊ ဝက်၊ အမဲ စတဲ့အသားတွေကနေ အသားဓါတ်အရနိုင်ဆုံးဖြစ်တယ်။ ငါး၊ ဥတွေအပြင် ပဲမျိုးစုံ၊ တို့ဖူး တို့မှလည်း အသားဓါတ်ကောင်းကောင်းရနိုင်ပါတယ်။ ဒါပေမယ့် တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း ကြက်အူချောင်းတွေကတော့ သင့်ကလေးစားသောက်မှုထဲမှာ မပါသင့်ပါဘူး၊ ထိုစားစရာတွေက ဆိုဒီယမ်ဓါတ်နဲ့ အဆီဓါတ်များပါတယ်။ ပရိုတင်းဓါတ်အများဆုံးရနိုင်ဖို့အတွက် ချက်ပြုတ်မှုပုံစံကလည်းအရေးပါတယ်။ ပရိုတင်းထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးချက်ပြုတ်နည်းကတော့ ကင်ခြင်း၊ ပေါင်းချက်ခြင်း တို့ဖြစ်တယ်။

    ၃။ အသီးအနှံများ

    ကမ္ဘာပေါ်မှာရှိတဲ့ အသီးများအားလုံးနည်းပါးဟာ အဆီ၊ ကယ်လိုရီ နည်းပြီး အမျှင်ဓါတ်နဲ့ ကျန်းမာစေတဲ့ဗီတာမင်တွေကြွယ်ဝပါတယ်။ ဒါ့အပြင့် အသီးအနှံတွေကအရမ်းလည်းအရသာရှိတယ်မို့လား။ အသီးတွေရဲ့အရသာကိုအကောင်းဆုံး အမျိုးမျိုးခံစားဖို့ အခြောက်ခံစားခြင်းကနေ သစ်သီးဖျော်ရည်လုပ်သောက်ခြင်းထိ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ကယ်လိုရီလျော့စေဖို့ သကြားထည့်ရာမှာတော့အထူးသတိထားသင့်ပါတယ်။

    ၄။ အသီးအရွက်များ

    နောက်ထပ်အမျှင်ဓါတ်များသောစားစရာကတော့ အသီးအရွက်တွေပဲဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး တခြားသတ္ထုဓါတ်တွေနဲ့အတူ အမျှင်ဓါတ်လည်းကြွယ်တယ်။ နေ့စဉ်စားသောက်မှုမှာ အသီးအရွက်တချို့ပါခြင်းဟာ သင့်ကလေးတွေကို အရသာခံနိုင်စွမ်းတိုးစေသလို၊ အာဟာရလည်းပိုရစေမှာပါ။ အသီးအရွက်တွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်ကို အပြည့်အဝရစေဖို့ ချက်ပြုတ်နည်းတချို့က ကင်ခြင်း နဲ့ ပေါင်းခံချက်ခြင်းတို့ပဲဖြစ်တယ်။ ဒါ့အပြင် အဓိကပွဲတည်စားတဲ့ စားစရာရဲ့ဆော့စ်ထဲမှာလည်းရောထည့်စားနိုင်ပါတယ်။

    ၅။ အနှံများ

    ကာဗွန်ဟိုက်ဒရိတ်အတွက် အဓိကပင်မဖြစ်တာကြောင့် နေ့စဉ်စားသောက်မှုထဲက အနှံတွေကိုပယ်ထားလို့လည်းမဖြစ်ပါဘူး။ ဆန်ဖြူဖြူ၊ ပေါင်မုန့်ဖြူဖြူ ထက် အနှံအပြည့်အဝပါတဲ့ဆန်၊ ဂလူတန်မပါတဲ့ပေါင်မုန့်တို့ကိုရွေးသင့်ပါတယ်။ ဒါမှ အမျှင်ဓါတ်နဲ့ဗီတာမင်ပိုကြွယ်ဝမှာဖြစ်တယ်။

    ၆။ အဆီဓါတ်များ

    အဆီဓါတ်ဆိုတိုင်း လူတွေကိုဝစေတာမဟုတ်ပါဘူး။ တချို့အဆီဓါတ်တွေက မှန်ကန်တဲ့အဆီဓါတ်ဖြစ်ပြီး မှန်ကန်တဲ့ပမာဏဖြစ်ပါက သင့်ကလေးငယ်တွေခန္ဓါကိုယ်ကို ကျန်းမာစေပါတယ်။ ကျန်းမာရေးအတွက်မကောင်းတဲ့အဆီတွေက မပြည့်ဝဆီနဲ့ trans အဆီတွေဖြစ်တယ်။ ဒါကြောင့် တတ်နိုင်သမျှအနည်းဆုံး နည်းအောင်ရှောင်သင့်ပါတယ်။ အကောင်းဆုံးကျန်းမာရေးနဲ့ညီညွတ်တဲ့တိရစ္ဆာန်ဆီကတော့ ငါးမှရတယ်။ ထောပတ်သီး၊ အခွံမာသီး၊ သံလွင်သီးနဲ့ အစေ့တွေကရတဲ့အဆီတွေကလည်း သင့်လျော်လည်းအသီးအရွက်ဆီတွေပဲဖြစ်ပါတယ်။

    သင့်တော်မျှတဲ့စားသောက်မှုပုံစံဆိုတာဘာလဲ နားလည်ထားခြင်းဟာ သင့်ကိုယ်တိုင်ရော သင့်ကလေးနဲ့ သင့်မိသားစုကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့အနေအထားကိုရောက်ရှိဖို့ ကူညီပေးနိုင်မှာပါ။ ပိုအရေးကြီးတာကတော့ ကျန်းမာရေးညီညွတ်တဲ့စားသောက်မှုပုံစံဟာ ရောဂါဘယတွေကလည်းကင်းဝေးစေမှာဖြစ်ပါတယ်။

    သင်အောက်ပါတို့ကိုလည်းစိတ်ဝင်စားပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement