မျက်လုံးက ယားလို့ ပွတ်ရင်းက မျက်သားတွေ နီရဲလာပြီး မျက်ရည်တွေပါ ကျတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ မျက်လုံးက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် မျက်လုံး ဓာတ်မတည့်မှု ဖြစ်ရတာပါ။
မျက်လုံးက ယားလို့ ပွတ်ရင်းက မျက်သားတွေ နီရဲလာပြီး မျက်ရည်တွေပါ ကျတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ မျက်လုံးက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် မျက်လုံး ဓာတ်မတည့်မှု ဖြစ်ရတာပါ။
မျက်လုံး ဓာတ်မတည့်ခြင်း ဖြစ်ရတာက ကိုယ်ခံအားစနစ်က ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာပေါ်မှာ အလွန်အကျွံ တုံ့ပြန်မှုကြောင့် ဖြစ်ရတာပါ။ ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့အရာတွေထဲမှာ မြက်ပင်တွေ၊ သစ်ပင်တွေ၊ ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေ၊ တိရစ္ဆာန် အမွေးတွေ၊ အညစ်အကြေးတွေ စတာတွေလည်း ပါဝင်နေပါတယ်။
ဒီလို ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ မျက်လုံးက ဓာတ်မတည့်မှုကို ခုခံကာကွယ်ဖို့ histamines နဲ့ အခြား ဓာတုပစ္စည်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီလိုခုခံမှုကြောင့် မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာ၊ မျက်သား ယားယံတာ၊ မျက်သား နီမြန်းတာ၊ မျက်ရည် ထွက်တာတွေ ဖြစ်လာရတာပါ။
မျက်လုံးဓာတ်မတည့်မှု အမျိုးအစားကို အကြမ်းဖျင်း ၂ မျိုး ခွဲထားပါတယ်။ ဒါကတော့
ဒီဓာတ်မတည့်မှုတွေက မျက်လုံးကို ကသိကအောင့် ဖြစ်စေပေမယ့် များသောအားဖြင့်ကတော့ မျက်လုံးကို ထိခိုက်စေတာမျိုး မရှိပါဘူး။
မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံးက အပေါ်က ပြောခဲ့သလို လက္ခဏာတွေ ခံစားရပြီဆိုရင် မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ဒီနည်းလေးတွေ လုပ်ကြည့်လို့ ရပါတယ်။
ပန်းသီး ရှာလကာရည်ကလည်း မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ မျက်လုံး ထဲက ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာကို ဖယ်ရှားပေးပြီး မျက်လုံးကို သန့်စင်စေနိုင်ပါတယ်။ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် မျက်လုံး ဓာတ်မတည့်မှုဖြစ်တဲ့အခါ ရေနွေးနွေးထဲကို ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ် ဇွန်းစာ နဲ့ ပျားရည် နည်းနည်းတို့ကို ရေစပ်ပြီး သောက်သုံးပေးလို့ ရပါတယ်။
မျက်လုံး ဓာတ်မတည့်မှုဖြစ်တဲ့အခါ အလွယ်ကူဆုံး နည်းလမ်း တစ်ရပ် အနေနဲ့ မျက်လုံးကို ရေအေးဝတ် ကပ်ပေးလို့ ရပါတယ်။ တဘက်စ သန့်သန့်ကို ရေအေးအေးထဲမှာစိမ် ညှစ်ပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးတာပါ။ ရေအေးအေးနဲ့ ဆေးကြောပေးတာမျိုးလည်း ရပါတယ်။
ဒီလို လုပ်ဆောင်ပေးတာက မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ သက်သာတဲ့အထိ ခဏခဏ လုပ်ပေးလို့ ရပါတယ်။
ပျားရည်က မျက်လုံးဓာတ်မတည့်မှုကို သက်သာစေနိုင်သလို အခြားသော ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးဓာတ်မတည့်မှု ခံစားရတဲ့အခါ ပျားရည်ကို ရေနဲ့ ရောစပ်ပြီး ဖြစ်ဖြစ် ဒါမှမဟုတ် ပျားရည်ကိုပဲ ဖြစ်ဖြစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် စားပေးပါ။
ပျားရည်နဲ့ မတည့်ဘူးဆိုရင်တော့ ဒီနည်းလမ်းကို မလုပ်ကြည့်ဖို့ ပြောပါရစေ။ ပျားရည် စစ်စစ် ဖြစ်ဖို့တော့ လိုပါမယ်။
မျက်လုံး ဓာတ်မတည့်မှုကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက လေ့ကျင့်ခန်း လုပ်တာပါ။ လေ့လာမှုတွေအရ မိနစ် ၃၀ လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။
လေ့ကျင့်ခန်း လုပ်တာက ဓာတ်မတည့်မှုကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပြီး ဓာတ်မတည့်မှု လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုက လေ့ကျင့်ခန်း လုပ်တဲ့အခါ အိမ်တွင်းမှာပဲ လုပ်ဖို့ပါ။
တစ်ခါတလေမှာ ဓာတ်မတည့်မှုတွေ ဖြစ်ရတာက ကိုယ်ခံအားစနစ် ဟန်ချက်ပျက်နေတာကြောင့်ပါ။ ဒီအနေအထားက ပြင်ပနေ ထိတွေ့မိနိုင်တဲ့ ဝတ်မှုန်၊ ဖုန်မှုန့်။ တိရစ္ဆာန်အမွေး၊ အညစ်အကြေးတွေ၊ မြက်ပင်တွေနဲ့ ထိတွေ့မှုကို ပြင်းထန်စွာ တုံ့ပြန်စေပါတယ်။
ဒီအနေအထားကို အကောင်းဆုံး ကိုယ်တွယ် ဖြေရှင်းပေးမယ့် အရာကတော့ အစာခြေစနစ်ထဲကမှာ ရှိတဲ့ သက်ရှိလေးတွေ ဖြစ်ကြတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေပါ။ ဒါကြောင့် အကျိုးပြု ဘက်တီးရီးယား ရရှိစေနိုင်မယ့် ဒိန်ချဉ်၊ ကင်မ်ချီ စတာတွေကို စားသုံးပေးပါ။
အာပူရွက်
အာပူရွက်က ဓာတ်မတည့်မှုကြောင့် ခံစားရတဲ့ ယားယံမှု နဲ့ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ histamine ထုတ်လုပ်မှုကို ဟန့်တားပေးပါတယ်။ ဒါကြောင့် မျက်လုံး ဓာတ်မတည့်မှုဖြစ်တဲ့အခါ အာပူရွက် နည်းနည်းကို ပူဒီနံ နည်းနည်း၊ ပျားရည်နည်းနည်းနဲ့ ရောစပ်ပြီး ရေနွေးကြမ်း အဖြစ် သောက်သုံးပေးလို့ ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။