အဓိပ္ပါယ်ဖွင့်ဆိုချက်
Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကဘာလဲ။
ညှို့သကျည်းမှာ နာကျင်မှုခံစားနေရခြင်းဖြစ်ပါတယ်။ ညှို့သကျည်းက ခြေထောက်အရှေ့ပိုင်းမှာရှိတဲ့ ကြီးမားတဲ့အရိုးဖြစ်ပါတယ်။ အတွင်းဘက်ညှို့သကျည်းဖိအားများမှုရောဂါစုလို့လည်း ခေါ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအသင့်အတင့်ကနေ ပြင်းပြင်းထန်ထန်လုပ်တဲ့လူတွေမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်နေိုင်ချေတေါက ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တွေမှာ ပါဝင်နေရင်၊ တင်းနစ်၊ ရက်ကက်ဘော၊ ဘောလုံး၊ ဘက်စကက်ဘောစတဲ့အားကစားတွေမှာပါဝင်နေမယ်ဆိုရင် ဖြစ်နိုင်ချေများပါတယ်။ အချို့အခြအနေတွေမှာ လှုပ်ရှားမှုကိုရပ်လိုက်ရတဲံအထိ နာကျင်မှုကပြင်းထန်နိုင်ပါတယ်။