ဖျောက်ဖျောက်နဲ့ လက်ဆစ် ချိုးလိုက်ရတာကို သဘောကျ ကြပါတယ်။ တချို့လူကြီးတွေ သတိပေးသလို ကျိုးတာ၊ အဆစ်လွဲတာတော့ မဖြစ်စေနိုင်ပေမယ့် အကျင့်ပါလာရင် လက်ကို ရောင်ရမ်းစေတာ၊ လက်ရဲ့ ဆုပ်အား လျော့နည်းစေတာတွေ ဖြစ်လာစေနိုင်ပါတယ်။
အိတ်အလေးကြီးတွေ လွယ်ထားတာ၊ ဆွဲတာတွေက ဇက်ကြောနဲ့ ပခုံးကြော၊ အဆစ်တွေ နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပါ။ ပခုံးမှာ အလေးအပင်ဖြစ်စေရာကနေ ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ လမ်းလျှောက်ပုံကို ပျက်ယွင်းစေနိုင်ပါတယ်။ တစ်ဖက်ပဲ သန်လို့ တစ်ဖက်ပဲ တောက်လျှောက် ဝန်ပိစေမယ်ဆို အရိုးအဆစ် ဝေဒနာ တစ်ခုခု ဖြစ်လာနိုင်ပါတယ်။
မှောက်အိပ်တာက ဟောက်တာတော့ သက်သာစေနိုင်ပေမယ့် ကျောရိုးကိုတော့ ဖိအား ဖြစ်စေနိုင်ပါတယ်။ ဦးခေါင်းကိုလည်း ပက်လက် အိပ်တာထက် ပိုပြီးလိမ်ခေါက်စေ၊ ဆွဲဆန့်ထားသလို ဖြစ်စေတာကြောင့် တခြားအဆစ်နဲ့ ကြွက်သားတွေအပေါ် ဖိအား ဖြစ်စေပါတယ်။
လေ့ကျင့်ခန်း လုပ်လုပ် မလုပ်လုပ် အကြောလျှော့တာတော့ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ခင်မှာ အကြောလျှော့တာက အကြောအခြင်တွေကို ပျော့ပျောင်းစေတယ်၊ အဆစ်တွေကို လှုပ်ရှားရ လွယ်စေတယ်၊ ကြွက်သားတွေ လှုပ်ရှားမှု ပိုကောင်းစေတယ်။ တောင့်တင်းနေတဲ့ အရိုးအဆစ်တွေကို အတင်းလှုပ်ရှားစေမယ် ဆိုရင် ကိုယ်လက်လှုပ်ရှားမှု အကျိုးကို ရမယ့်အစား ထိခိုက်မှုပါ ရလာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။