ဒူးအရွတ်ပြဲခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မင်္ဂလာပါ

Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါဆွေးနွေးပေးမှာကတော့ Anterior Cruciate Ligament (ACL) လို့ခေါ်တဲ့ ဒူးအရွတ်ပြဲခြင်း အကြောင်းပါ ။

အရွတ်တွေက အရိုးဆက်တွေမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ် ။ ACL အရွတ်ကလည်း ဒူးခေါင်းမှာရှိတဲ့အရိုးတွေကို အတူတကွရှိနေပေးဖို့ လုပ်ဆောင်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ် ။ ACL အရွတ်ရှိတဲ့အတွက် ဒူးဆစ်တွေ ခိုင်မြဲနေအောင် စွမ်းဆောင်ပေးပါတယ် ။

အကြောင်းအမျိုးမျိုးကြောင့် ဒူးအရွတ်ပြဲတတ်ပါတယ် ။ ပြေးလွှားနေရင်း ဒါမှမဟုတ် ခုန်နေစဉ်မှာ ရုတ်တရက် လှုပ်ရှားလိုက်ခြင်း ၊ လှည့်လိုက်ခြင်းတွေကြောင့် အရွတ်ပြဲတတ်ပါတယ် ။ ဒူးအရွတ်ပြဲရင်တော့ နာကျင်မှုဝေဒနာခံစားရတတ်သလို လမ်းလျှောက်ရလည်း ခက်ခဲတတ်ပါတယ် ။

ဘယ်လိုဖြစ်တတ်သလဲ

ပြေးနေချိန်လိုမျိုး အရှိန်ပါတဲ့ အချိန်တစ်ခုမှာ ရုတ်တရက်ရပ်ပြီးတော့ ဦးတည်ရာပြောင်းလိုက်ချိန်မှာ အရွတ်ပြဲတတ်ပါတယ် ။ အထူးသဖြင့် ဘောလုံးကစားနေစဉ် ၊ တင်းနစ်ရိုက်ခြင်း သို့မဟုတ် gym ဆော့ချိန်တွေမှာ ဖြစ်တတ်ပါတယ် ။

လက္ခဏာတွေက ဘာလဲ

တချို့‌ဝေဒနာ‌ရှင်တွေကတော့ ဒဏ်ရာရသွားချိန်မှာ ပလစ်စတစ်သားပေါက်သလို အသံမျိုး ကြားရတယ်လို့ဆိုပါတယ် ။ ဒါကတော့ မသေချာတဲ့ လက္ခဏာတစ်ခုပါ ။

ပထမဆုံး လက္ခဏာအနေနဲ့ ဒူးဆစ်နာကျင်ခြင်းကို ခံရပါတယ်။ ဒဏ်ရာအနည်းငယ်ပဲ ဆိုရင် မနာကျင်တတ်ပေမဲ့ ပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် မတ်တပ်ရပ်ခြင်း ၊ လမ်းလျှောက်ခြင်းတွေမှာ ပိုဆိုးတတ်ပါတယ် ။

ရောင်ရမ်းခြင်းကတော့ အဖြစ်အများဆုံး လက္ခဏာပါ ။ ဒူးဆစ်ကြီး ရောင်ရမ်းနေတတ်ပါတယ် ။ ပထမဆုံး ၂၄နာရီအတွင်း ရေခဲကြပ်ထုပ်စီးထားသင့်ပါတယ် ။ ဒဏ်ရာရထားတဲ့ခြေထောက်ကိုလည်း အောက်က ခေါင်းအုံးခုခြင်း ၊ စောင်ခုခြင်း လုပ်ပြီး မြှောက်ထားသင့်ပါတယ်။

နောက်ထပ်တစ်ခုကတော့ ဒူးခေါင်းချောင်နေသလို ခံစားရပြီး လမ်းလျှောက်ရတာ ခက်ခဲနေတတ်ပါတယ် ။ ‌ခြေထောက်လှုပ်ရှားရတာ အခက်အခဲဖြစ်ပြီး အထူးသဖြင့် ခြေထောက် အကွေးအဆန့်တွေ မရတတ်ပါဘူး။

ရောဂါအမည်တပ်ခြင်း

ဒူးအရွတ်ပြဲခြင်းကိုတော့ သက်ဆိုင်ရာ အရိုးဆရာဝန်ရဲ့ ကိုင်တွယ်စမ်းသပ်ခြင်း ၊ ဓါတ်မှန်ရိုက်ခြင်း ၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတွေနဲ့ ရောဂါရှာဖွေပါတယ် ။ ဓါတ်မှန်ရိုက်ခြင်းက အရွတ်ပြဲတာကို မမြင်ရနိုင်ပေမဲ့ တခြားသော ဒူးခေါင်းနဲ့ ခြေသလုံးရိုးတွေ ထိခိုက်မှု ရှိမရှိ သိနိုင်ပါတယ် ။

ကုသခြင်း

အရောင်ကျအောင် လုပ်ဖို့လိုအပ်ပါတယ် ။

အပေါ်မှာပြောခဲ့သလို ခြေထောက်ကို မြှင့်ပြီး သွေးစီးဆင်းမှု နည်းအောင်လို့ အောက်ကနေ စောင်၊ခေါင်းအုံး ခုထားသင့်ပါတယ်။ အရောင်ကျအောင်လည်း ရေခဲကြပ်ထုပ် စီးထားသင့်ပါတယ် ။ ဒဏ်ရာဖြစ်တဲ့နေရာကို ပတ်တီးစီးခြင်းကလည်း အ‌ရောင်ကျစေတဲ့ နည်းတစ်ခုပါ ။

အကိုက်အခဲပျောက်ဆေးများကိုတော့ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ညွှန်ကြားချက်များအတိုင်းသောက်သင့်ပါတယ် ။ အကိုက်အခဲပျောက်ဆေးများက အစာအိမ်ကို ထိတတ်တဲ့အတွက် သင့်မှာ အစာအိမ်ဝေဒနာတွေ ရှိရင် ကြိုပြောထားသင့်ပါတယ် ။

ဝေဒနာသက်သာသွားရင်တော့ ခြေထောက်ပြန်လည်သန်စွမ်းအောင် အကြောအဆစ်ပြန်လည်သန်စွမ်းရေး ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ် ။

‌ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သေနတ်ထိ ပေမယ့် အသက်ရှင်အောင် လူတွေကို ဘယ်လိုကူညီနိုင်မလဲ

သေနတ်ထိ လို့ကျည်ဆန်က ဖောက်ထွက်သွားတဲ့ ဒဏ်ရာ အမျိုးအစား တစ်မျိုးပါ။ ဒီဒဏ်ရာက တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသဖို့ လိုတယ်ဆိုပေမယ့်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုနေထိုင် စားသောက်ရမလဲ။ ဘာတွေကို ဂရုစိုက်ရမလဲ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုကို ဆီးလမ်းကြောင်းပိုးဝင်တယ် ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read