- ပထမ အဆင့် – ပြဲသွားတဲ့နေရာမှာ သွေးတွေထွက်လာပြီးေသွးခဲခြင်းစတင်ပါတယ်။ စုတ်ပြဲသွားတဲ့ ဒဏ်ကြောင့် တစ်ရှူးတွေ ရောင်ရမ်းခြင်းလည်း ဖြစ်လာပါတယ်။
- ဒုတိယအဆင့် – inorganic salts, primarily hydroxyapatite and some calcium carbonate, and collagen fiber တို့နဲ့ ဖွဲ့စည်းထားတဲ့ matrix ရယ်၊ ကော်လာဂျင် အရွတ် တစ်ရှူးတွေရယ် ပွားလာပါတယ်။
- နောက်ဆုံး အဆင့်မှာတော့ – matrix ဟာ နဂိုမူလပုံစံဖြစ်အောင် remodeling သူ့ဘာသာ ပြန်ဖန်တီးယူပါတယ်။ ဒီအဆင့်ကနေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန်တစ်ခုတော့ ယူရပါတယ်။
အရွတ်စုတ်ပြဲခြင်း – အပေါ်မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ အရွတ်ဟာ သူမနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါ စုတ်ပြဲတဲ့ ဒဏ်ရာတွေရတတ်ပါတယ်။ ဒီလို အရွတ်စုတ်ပြဲတဲ့ ဒဏ်ရာဟာ ရုတ်တရက်ကြီးဖြစ်လာနိုင်သလို တဖြည်းဖြည်းနဲ့ ဒဏ်ပိပြီးမှ စုတ်ပြဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အရွတ်တွဲလိုပဲ အရွတ်ကလည်း စုတ်ပြဲတဲ့ ဒဏ်ရာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့်လိုပါတယ်။
- ပထမ အဆင့် – စုတ်ပြဲသွားတဲ့နေရာမှာ ရောင်ရမ်းခြင်းတွေစတင်ဖြစ်လားပြီး အနာကျက်ခြင်းကို အားပေးဖို့အတွက် သွေးကြောအသစ်လေးတွေ နဲ့ ကော်လာဂျင် တစ်ရှူးအသစ်တွေ အဲဒီနေရာမှာ စပေါ်လာပါတယ်။
- ဒုတိယအဆင့် – အရွတ်ကို ဖွဲ့စည်းထားတဲ့ reticular fibersတွေ အများကြီးစုလာပြီး
- နောက်ဆုံးအဆင့်မှာတော့ နဂိုအတိုင်းဖြစ်အောင်remodeling ပြန်လည်ပုံသွင်း အချောသတ်တဲ့ ဖြစ်စဉ်လာပါတယ်။ အသစ်ပေါ်လာတဲ့ ဆဲလ်လေးတွေဟာ fibrous tissue တွေ အဖြစ်ပြောင်းလဲသွားပြီး နောက်ပိုင်း scar-like tendon tissue လို့ခေါ်တဲ့အမာရွတ် ေတွရှိတဲ့ အရွတ်အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။
ဒါတွေကတော့ အရိုးနဲ့ ကြွက်သားဖွဲ့စည်းမှု ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ၂ ခုဖြစ်တဲ့ အရွတ်တွဲ နဲ့ အရွတ်အကြောင်း သေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်သူတို့ရဲ့ အရေးပါပုံကို မသိပေမယ့် သူတို့ဒဏ်ဖြစ်တဲ့အခါကျ တော့ လမ်းလျှောက်တာ၊ လှုပ်ရပြုရတာ အင်မတန်မှ အခက်တွေ့ပါတယ်။ ဒါ့ကြောင့် အရိုးနဲ့အဆစ်တွေရဲ့ လှုပ်ရှားမှုချောမွေ့အောင် ပြုလုပ်ပေးတဲ့ အရွတ်နဲ့ အရွတ်တွဲတို့ရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့ အရေးကြီးတာပါ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။