backup og meta

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

    ကြွက်သားတွေ နာကျင်ကိုက်ခဲတာက အရွယ်ရောက်ပြီးသူတွေမှာရော၊ လူကြီးတွေနဲ့ ကလေးတွေမှာပါမကျန် ကြုံတွေ့ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ များသောအားဖြင့်ကတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာက  ဆေးကုသမှုခံယူစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာအောင် လုပ်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။

    ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ကြွက်သားနာကျင်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ။

    ကြွက်သားနာကျင်တာဟာ တစ်ခါတလေမှာ ဖျားနာတာ တုပ်ကွေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အခုပြောပြမယ့်အကြောင်းအရင်းတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။

    ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ အထိရောက်ဆုံး နည်းလမ်းအချို့

    ကြွက်သားနာကျင်ကိုက်ခဲတာက ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်ပေမယ့် တစ်နေ့တာလုပ်ဆောင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အာရုံစိုက်ရခက်စေတာတော့ အမှန်ပါ။ ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ အမြန်ဆုံး သက်သာစေဖို့

    ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    ဒါကြောင့် ကြွက်သားတွေ နာကျင်တဲ့အခါ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ အလေးမတာတွေ မလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။

    ကြွက်သားတွေ နာကျင်တဲ့အခါ လူတိုင်းလိုလို လုပ်တတ်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒါကတော့ ဒဏ်ကြေလိမ်းဆေး လိမ်းလိုက်တာပါ။ ဒဏ်ကြေလိမ်းဆေး လိမ်းပေးတာကလည်း ကြွက်သားနာကျင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေထဲက တစ်ခုပေါ့။

    တကယ်လို့ ဆေးလိမ်းရတာကို မကြိုက်ဘူး။ ဆေးနံ့နဲ့ ဆေးအဆီတွေကြောင့် ပေကျံမှာကို မလိုချင်ဘူးဆိုရင်တော့ အလွယ်ကူဆုံး ကြွက်သားနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းရှိပါတယ်။ ဒါကတော့ ဆေးပလာစတာ ကပ်တာပါ။ လေဝင်လေထွက်ကောင်းပြီး မြဲမြံတဲ့ ဆေးပလာစတာကပ်တာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲကတစ်ခုပေါ့။

  • ရေသောက်ပါ
  • တစ်ခါတလေမှာ ကြွက်သားကိုက်ခဲတာက ရေဓာတ်ခမ်းခြောက်သွားတာကြောင့်ပါ။ ဒါကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲလာပြီဆိုရင်အရင်ဆုံး ရေတစ်ခွက် အရင်သောက်ကြည့်လိုက်ပါ။

    ရေသောက်တာက ကြွက်သားနာကျင်တာကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲက အံ့အားသင့်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

  • လှုပ်ရှားမှု လုပ်ပါ
  • တစ်ခါတလေ ကြွက်သားနာကျင်တဲ့အခါ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေး လုပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တဲ့ endorphins ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ တင်းနေတဲ့ ကြွက်သားတွေကိုလည်း လျော့စေပါတယ်။

    ဒီတော့ ကြွက်သားနာနေတဲ့အခါ လမ်းလျှောက်တာ၊ ရေကူးတာ၊ အကြောလျှော့တာတို့လိုမျိုး အရမ်းအားမစိုက်ရတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ ဒါတွေက ကြွက်သား နာကျင်မှုကို သက်သာစေပါလိမ့်မယ်။ နာနေတဲ့ ကြွက်သားနဲ့ အရမ်းအားမစိုက်မိဖို့တော့ သတိထားရပါမယ်။

    ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် နောက်ထပ် အိမ်တွင်းကုထုံးတစ်ခုက ရေခဲဝတ်ကပ်တာပါ။ အဝတ်စသန့်သန့်လေးနဲ့ ရေခဲကို ထည့်ပြီး နာကျင်နေတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်လိုက် ၅ မိနစ်လောက်နားလိုက် ပြန်ကပ်လိုက်လုပ်ပေးပါ။

    ရေခဲကပ်တာက ရောင်ရမ်းတာကို သက်သာစေပြီး နာကျင်မှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။ ဖြစ်ဖြစ်ချင်းမှ ရေခဲ

    ရေနွေးဝတ်ကပ်တာက ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ ပြေလျော့စေလို့ပါ။ ကြွက်သားတွေ စထိခိုက်ပြီး ၂ရက်လောက်ဆို ရေခဲဝတ်ထက် ရေနွေးအိတ်ကပ်တာက ပိုပြီးသင့်တော်ပါတယ်။

    ဒါကြောင့် ၁၅ မိနစ်တစ်ကြိမ်လောက် နာကျင်တဲ့ ကြွက်သားတွေကို ရေနွေးဝတ်ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။

    • အကိုက်အခဲပျောက်ဆေးသောက်ပါ။

    ကြွက်သားတွေ နာတဲ့အခါ နေ့စဉ်အလုပ်တွေ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာစေချင်တယ်ဆိုရင် အပေါ်ကနည်းလမ်းတွေနဲ့အတူ ဆေးသောက်တာကိုပါ လုပ်ပေးနိုင်ပါတယ်။ ပါရာစီတမော၊ အိုင်ဗျူဖရိုဖန် စတာတွေက ကြွက်သားတွေ နာကျင်တာ၊ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    ဒါတွေအပြင် လက်ချောင်းလေးနဲ့ ကြွက်သားနာကျင်မှု နေရာကို ခပ်ဖွဖွလေးနှိပ်ပေးတာ၊ နနွင်းစားပေးတာ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးတာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေချင်သူတိုင်း မေ့ထားလို့ မဖြစ်တဲ့ အိမ်တွင်းကုထုံးတွေပါ။

    ကဲ…ကြွက်သား နာကျင်မှုကြောင့် တစ်နေ့တာကို မထိခိုက်ပါစေနဲ့။ ဒီနည်းလမ်းလေးတွေ သုံးပြီး အမြန်ဆုံး ကုစားလိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 15/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement