backup og meta

ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

    ခေါင်းကိုက်လိုက်တာ…… ပြောတော့သာ ဘာမှမဟုတ်သလိုနော်။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ်။ အာရုံစိုက်ဖို့ ခက်သလို အလုပ်တွေကိုလည်း သေချာ မလုပ်နိုင်တော့ပါဘူး။

    ခေါင်းကိုက်တာက ဆေးခန်းပြလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ်ဘဝကို အတော်လေး ထိခိုက်စေတယ်ဆိုတာ ခေါင်းကိုက်ဖူးသူတိုင်း သိမှာပါ။ ခေါင်းကိုက်တာကို မခံစားဘူးသူရယ်ဆိုတာလည်း ခပ်ရှားရှားနေမှာပါ။

    ကဲ …… ခေါင်းကိုက်လို့ စိတ်ညစ်နေသူတွေ ရှိလား…….. ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ခေါင်းကိုက်တာကြောင့် တန်ဖိုးရှိတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

    ခေါင်းကိုက်တာ အမြန်ဆုံး သက်သာစေဖို့

    ခေါင်းကိုက်တာကို အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။

    () ရေသောက်ပါ

    ခေါင်းကိုက်လာတဲ့အခါ ရေတစ်ခွက်ကို ကုန်အောင် သောက်လိုက်ပါ။ တစ်ခါတလေမှာ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းက ရေဓာတ် မလုံလောက်တာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် အရင်ဆုံး ရေသောက်ဖို့ ပြောပါရစေ။

    () ရေနွေးကြမ်း

    လက်ဖက်စိမ်း ရေနွေးကြမ်း၊ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ရေနွေးကြမ်းတွေက ခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေနွေး ခပ်နွေးနွေးလေး တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။

    () ဆေးပလာစတာ ကပ်ပါ

    ခေါင်းကိုက်လာတဲ့အခါ ပရုတ်အေးနဲ့ လုပ်ထားတဲ့ ဆေးပလာစတာ ကပ်ပေးတာကလည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ပရုတ်အေးရဲ့ ရနံ့က စိတ်ကြည်လင်စေပြီး  ပူရှိန်းရှိန်း ခံစားရမှုက ခေါင်းကိုက်တာကို သက်သာစေမှာပါ။ ဆေးပလာစတာ ရွေးတဲ့အခါ ခေါင်းကိုက်တာလည်း သက်သာ၊ အရေပြား လောင်တာကနေလည်း ကင်းစေဖို့ လေဝင်လေထွက်ကောင်းပြီး ချည်သားနဲ့ လုပ်ထားတဲ့ ပလာစတာမျိုးကို ရွေးသင့်ပါတယ်။

    () နှိပ်နယ်ပေးပါ

    ခေါင်းကိုက်လာတဲ့အခါ ဇက်ကြော နဲ့ ဦးရေပြားကို ခပ်ဖွဖွလေး နှိပ်ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ ခပ်ဖွဖွလေး နှိပ်ပေးတာကိုလည်း စမ်းကြည့်သင့်ပါတယ်။

    () တရားထိုင်ပါ

    ခေါင်းကိုက်လာတဲ့အခါ ဆိတ်ငြိမ်တဲ့ နေရာမှာ မျက်လုံးလေး မှိတ်လို့ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်သက်ထွက်သက် မှတ်ပေးတာက ခန္ဓာကိုယ်ကို အနားရစေပြီး ကြွက်သားတွေကို ပြေလျော့စေတာ​ကြောင့် ခေါင်းကိုက်တာကို သက်သာစေမှာပါ။

    () ကော်ဖီ

    ကဖင်းက သင့်တင့်တဲ့ ပမာဏဆိုရင် ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ ကော်ဖီ နည်းနည်းလောက် သောက်ပေးတာက ခေါင်းကိုက်တာကို သက်သာစေမှာပါ။

     () ရေခဲဝတ် တင်ပါ

    ခေါင်းကိုက်လာတဲ့အခါ တင်းအားတွေ ပြေလျော့စေဖို့ နဖူးပေါ်ကို ရေခဲဝတ် တင်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ။ ၁၅ မိနစ် ကပ်ပြီးတိုင်း ၁၅ မိနစ် ပြန်နားဖို့တော့ သတိပြုပါ။ အအေး တအား များရင် အသားအရေ ထိခိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

    () ရေနွေးဝတ် ကပ်ပါ

    ခေါင်းတစ်ဝိုက် ပတ်ချာလည် တင်းပြီးကိုက်တဲ့အခါ ရေနွေးဝတ် ကပ်ပေးတာကလည်း အထိရောက်ဆုံး နည်းလမ်း တစ်ခုပါ။ ရေနွေးဝတ်ကို ဇက်ကြော နဲ့ နောက်စေ့ကို ကပ်ပေးပါ။ ၁၅ မိနစ်လောက်ပေါ့။

    ဒီလို ကပ်ပေးတာက ကြွက်သားတွေ ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေလို့ ခေါင်းကိုက်တာကို သက်သာစေမှာပါ။

    () အိပ်စက် အနားယူပါ

    ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုက အိပ်ရေးပျက်တာပါ။ ဒါကြောင့် ခေါင်းကိုက်တာ သက်သာစေဖို့ဆိုရင် ခဏလောက် သက်သောင့်သက်သာ အိပ်စက် အနားယူဖို့ ပြောပါရစေ။

    ကဲ……… ခေါင်းကိုက်တာကြောင့် စိတ်ညစ်မနေနဲ့တော့နော်။ ဒီနည်းလေးတွေ သုံးပြီး ဖြေရှင်းကြည့်လို့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချလိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement