ပင်ပန်းနွမ်းနယ်နေတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 8, 2020 . 2 mins read
Share now

ခေါင်းထဲကပဲ ကိုက်နေသလိုလို၊ ခြေလက်တွေပဲ ညောင်းကိုက်နေသလိုလို၊ မကြည်မလင်နဲ့ ညီးစီစီဖြစ်နေလို့ နေရထိုင်ရ မသက်မသာဖြစ်နေပြီလား။ ခုကာလက တစ်ခုခုဆို ကိုဗစ်များလားဆိုပြီး စိုးရိမ်ရတာကလည်း မသေးနော်။

ချောင်းဆိုးလည်း ကိုဗစ်၊ လည်ချောင်းနာလည်း ကိုဗစ်၊ မအီမသာ ဖျားချင်သလို ဖြစ်လည်း ကိုဗစ်လားဆိုပြီးလေ။ ဒီတော့ မအီမသာဖြစ်နေတဲ့အခါ သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။

ဘာတွေကြောင့် ပင်ပန်းနွမ်းနယ်နေတာလဲ။

လူတွေမှာ ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှု အတော်များများက စိတ်ဖိစီးတာအိပ်ရေးမဝတာ၊ အစား မမှန်တာတွေကနေ စလာတာပါ။ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အနားယူလိုက်ရင်ကို သက်သာသွားတတ် ကြပါတယ်။ ဒီတော့ ပင်ပန်းနွမ်းနယ်လာပြီဆိုရင်

ရေသောက်ပါ

တစ်ခါတလေ အရမ်းပင်ပန်းပြီး ခြေကုန်လက်ပမ်းကျလာပြီဆိုရင် ရေတစ်ခွက်သောက်ချလိုက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်ရင်လည်း လူက ပင်ပန်းနိုင်ပါတယ်။ ဒီတော့ တအား ပင်ပန်းလာရင် ငြိမ်ငြိမ်လေး ထိုင်ပြီး ရေတစ်ခွက်ကို သောက်လိုက်ပါ။

အနားယူပါ

ပင်ပန်းလွန်းတာ ခြေကုန်လက်ပမ်းကျတာက လုံလောက်တဲ့ အနားယူမှု မရှိတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အရမ်းပင်ပန်းပြီး မအီမသာဖြစ်လာပြီဆိုရင် သီချင်း နားထောင်တာ၊ ရယ်စရာ ရုပ်ရှင်တစ်ခုခုကို ကြည့်ပြီး အနားယူပေးပါ။

စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

စိတ်ဖိစီးမှု များရင်လည်း လူက ပင်ပန်းပြီး မအီမသာဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ခွေးလေးတွေနဲ့ ဆော့တာလိုမျိုး အပန်းပြေစေမယ့် ကိစ္စလေးတွေ လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။

အစားစားပါ 

အစားမစားဘဲ အလုပ်ကိုပဲ မဲလုပ်နေရင်းကလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး မအီမသာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက် မအီမသာဖြစ်လာပြီဆိုရင် ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံတို့လိုမျိုး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေမယ့် အစားအစာလေးတွေကို စားပေးပါ။

ကဖင်းလျှော့ပါ

ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေက လူကို လန်းဆန်းစေတယ်ဆိုပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းပြီး ခြေကုန်လက်ပမ်း ကျစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတာတွေကို လျှော့ပါ။

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

အရမ်း ပင်ပန်းနေရင် ကိုယ်လက်လေ့ကျင့်ခန်း ထလုပ်လိုက်တာက ပင်ပန်းတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ လမ်းလျှောက်တာဖြစ်ဖြစ်၊ အကြောလျှော့တာဖြစ်ဖြစ် လုပ်ပေးလိုက်ရုံပါ။

အိပ်ရေး ဝဝအိပ်ပါ

အရမ်းပင်ပန်းလာရင် ဘာမှ မစဉ်းစားဘဲ အိပ်ပစ်လိုက်တာကလည်း ပင်ပန်းတာကို သက်သာစေပြီး လူကို လန်းဆန်းစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ပင်ပန်းပြီး ခြေကုန်လက်ပန်းကျလာပြီဆိုရင် အိပ်ရေး ဝဝသာ အိပ်လိုက်ပါ။

ဒါတွေအပြင် အရက်ဖြတ်မယ်။ ဆေးလိပ်ဖြတ်မယ်။အစားကို အချိန်မှန်မှန် စားမယ်။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားမယ်ဆိုရင်လည်း ခြေကုန်လက်ပန်းကျတာကို သက်သာစေနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မိုဘိုင်းလ်ဖုန်းကို လက်ကမချနိုင်ဖြစ်နေတာ ဘာကြောင့်လဲ

ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေးမဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင်ကိုယ်တိုင်က ကိုဗစ်ဖြန့်ချိသူတစ်ဦး ဖြစ်နေပြီလား

ကိုဗစ်ပိုးသည် မျက်စိနဲ့ မမြင်ရတဲ့အတွက် ဘယ်နေရာမှာ ရှိပြီးတော့ ဘယ်နေရာမှာ ဘယ်လိုပျံ့နှံ့နေလဲဆိုတာ မြင်နိုင်မှာ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 30, 2020 . 3 mins read

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

FDA ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ ကိုဗစ်အတွက်ဆေး ‘Remdesivir’

Remdesivir ဆိုတာ ကိုဗစ်ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုရန်အတွက် စမ်းသပ်နေဆဲဆေးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က FDAက တရားဝင်ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးကို ကိုဗစ်စစ်ဆေးတော့မယ်ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးသင့်လဲ။

ဘေဘီလေးကို ကိုဗစ်စစ်ဆေးတော့မယ်ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်ပေးသင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 9, 2020 . 2 mins read
ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း

ကိုဗစ်ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ မျက်စိနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 6, 2020 . 1 min read
အမျိုးအစား- ၂ ဆီးချို ခံစားရနိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 3 mins read
ရာသီလာချိန် မအီမသာဖြစ်တာကို သက်သာစေဖို့

ရာသီလာချိန် ဖျားချင်သလိုဖြစ်တာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read