အအေးမိတာနဲ့ တုပ်ကွေးမိတာ ဘယ်လိုကွာလဲသင်သိပါသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ရာသီ အကူးအပြောင်းမှာ ဖျားကြနာကြတယ်နော်။ ဖျားတာက အကြောင်းအရင်းမရှိဘဲဖျားတာမျိုးတော့မဟုတ်ပါဘူး။ ခန္ဓါကိုယ်က ကိုယ်ခံအားစနစ် အားနည်းသွားတာကြောင့်ပြင်ပကဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်တဲ့အခါ ဖျားတာနာတာဖြစ်လာတာပါ။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူး၊လို့အလွယ်တကူသုံးလိုက်ကြပေမယ့် ဖျားတဲ့အခါ အအေးမိတာနဲ့တုပ်ကွေး ဖြစ်တာဆိုပြီး ကွဲပြားပါတယ်။ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ချင်း မတူသလို ကုသရတဲ့ ပုံစံချင်းလည်း ကွာခြားပါတယ်။

အအေးမိတာနဲ့တုပ်ကွေးဖြစ်တဲ့အခါ တွေ့ရနိုင်တဲ့လက္ခဏာတွေက

အအေးမိတာဆိုရင် –

တုပ်ကွေးဖြစ်တာဆိုရင် –

  • ချောင်းခြောက်ဆိုးမယ်
  • အဖျားနည်းနည်းရှိနေမယ်
  • လည်ချောင်းနာမယ်
  • ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ်
  • ခေါင်းကိုက်မယ်
  • နှာရည်ယိုမယ်
  • သီတင်းပတ် (၂) ပတ်လောက်အထိနေလို့မကောင်းဖြစ်နေမယ်
  • မအီမသာဖြစ်မယ်၊အော့အန်မယ်။

အအေးမိတာလား တုပ်ကွေးဖြစ်တာလားဆိုတာကို ဘယ်လိုခွဲခြားမလဲ

တစ်ခါတလေ တုပ်ကွေးနဲ့အအေးမိတာရဲ့ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်တူနေတတ်တာကြောင့်ရောဂါအခြေအနေကိုသေသေချာချာပြောပြဖို့အခက်အခဲလေးတွေရှိပါတယ်။ဆေးစစ်ကြည့်တာက အကောင်းဆုံးသောအဖြေထုတ်နည်းတစ်မျိုးပါ။ ဒီလိုကွားခြားချက်လေးတွေတော့ရှိပါတယ်။

အအေးမိတာက ရက်အနည်းငယ်အကြာမှာပျောက်ကင်းသက်သာသွားပေမယ့် တုပ်ကွေးကတော့ ဒီလိုမဟုတ်ပါဘူး။ အအေးမိတာက (၇) ရက်ကနေ (၁၀) ရက်အတွင်းမှာ သက်သာသွားနိုင်ပေမယ့် တုပ်ကွေးဖြစ်ရင်တော့ သီတင်းပတ် (၂) ပတ်လောက်အထိရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အအေးမိတဲ့အခါရောဂါလက္ခဏာတွေခံစားရတာကမြန်မြန်ဆန်ဆန်ကြီးမဟုတ်ပေမယ့် တုပ်ကွေးဖြစ်တဲ့အခါမှာတော့ရောဂါပြင်းထန်လာတဲ့ နှုန်းကတော်တော်လေးမြန်ပြီးပြင်းလည်းပြင်းထန်ပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာရဲ့ ကြားထဲက အကြီးမားဆုံးသော ကွာခြားချက်ကရောဂါလက္ခဏာက ဘယ်လောက်မြန်မြန်ဖြစ်လာသလဲဆိုတာပါ။ သိသိသာသာဖြစ်အောင်ပြောပြရမယ်ဆိုရင်တော့ အအေးမိတာ ပထမနေ့မှာ ဖျားချင်သလိုလိုဖြစ်တယ်ဆိုတာလောက်ပဲခံစားရပြီးနောက်နေ့မှာတော့ရောဂါလက္ခဏာကနည်းနည်းလေးပိုပြင်းထန်လာပါမယ်။ ၃ ရက်လောက်ဆိုရင်တော့နေမကောင်းတဲ့ဒဏ်ကို အပြင်းထန်ဆုံးခံစားနေရပါပြီ။

တုပ်ကွေးကကျတော့ ဒီနေ့မှာ ဖျားမယ်လို့တောင် အရိပ်အယောင်သိပ်မမြင်ရဘဲနောက်တစ်နေ့မှာ ဘယ်လိုမှနေသာထိုင်သာမရှိအောင်ဖျားနာသွားတဲ့အခြေအနေပါ။ အရမ်းမြန်တဲ့ ဖျားနာမှုတစ်မျိုးပေါ့။

အအေးမိတာရော တုပ်ကွေးဖြစ်တာကပါ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာဆိုပေမယ့် ဗိုင်းရပ်စ်အမျိုးအစားချင်းတော့မတူပါဘူး။ တုပ်ကွေးဗိုင်းရပ်စ်က အအေးမိဖျားနာဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက်ပိုပြင်းထန်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက အသက်ရှုလမ်းကြောင်းမှာရောဂါပိုးကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါဆိုပေမယ့် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပိုပြင်းထန်ပြီး အသက်ရှုလမ်းကြောင်းကို သိသိသာသာထိခိုက်စေနိုင်ပါတယ်။

အအေးမိတယ်ဆိုတာ

အအေးမိတာက အသက်ရှုလမ်းကြောင်း အထက်ပိုင်းကိုရောဂါပိုးဝင်ကူးစက်တာကြောင့်ဖြစ်တဲ့ အဖျားရောဂါတစ်မျိုးပါ။ အဖျားရောဂါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်က အမျိုးအစား (၂၀၀) ကျော်ရှိပေမယ့် အဖျားရောဂါကို အများဆုံးဖြစ်စေတာကrhinoviruses ဗိုင်းရပ်စ်ပါ။ အဖျားရောဂါက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ အအေးမိတာကရောဂါကူးစက်ခံရပြီး (၁) ရက်ကနေ (၇) ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး ဖျားနာမှုကို ခံစားရချိန်က (၇) ရက်၊ (၁၀) ရက်၊ (၂ )ပတ်လောက်အထိကြာမြင့်နိုင်ပါတယ်။ အအေးမိဖျားနာတာက အပျော့စား အသက်ရှုလမ်းကြောင်းဆိုင်ရာ အဖျားရောဂါတစ်မျိုးပါ။

တုပ်ကွေးဖြစ်တယ်ဆိုတာ

တုပ်ကွေးက အသက်ရှု လမ်းကြောင်း အထက်ပိုင်းရောအောက်ပိုင်းကိုပါ ပိုးဝင်ကူးစက်ရာကနေဖြစ်လာတဲ့ အဖျားရောဂါပါ။ တုပ်ကွေး ဗိုင်းရပ်စ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ထက်ရောဂါလက္ခဏာပိုပြင်းထန်ပါတယ်။ တုပ်ကွေးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်ပြီးရောဂါအစပျိုးချိန်က (၁) ရက်ကနေ (၄) ရက်အထိကြာမြင့်နိုင်ပါတယ်။ အဖျားပျောက်ကင်းချိန်ကတော့ ကူးစက်ခံရတဲ့ရောဂါပိုးရဲ့ပြင်းထန်မှုအပေါ်မူတည်ပြီး (၅) ရက်ကနေ သီတင်းပတ် (၂) ပတ်အထိကြာမြင့်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်တွေမှာ မျိုးကွဲအများကြီးရှိပြီး MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မားစ်၊ ဆားစ်နဲ့ COVID-19ကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။

ကာကွယ်ဆေးထိုးတာက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ကာကွယ်ဆေး ထိုးနှံမှုက ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်ပေးနေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်ကြသူများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ.........

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read