backup og meta

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ

    အလုပ်ခွင်တွေထဲမှာ အလုပ်မှ အလုပ်ဆိုပြီး လုပ်နေတတ်တဲ့ အလုပ်သရဲလေးတွေ ရှိတတ်ကြပါတယ်။ မြင်ဖူးကြတယ်ဟုတ်။  ဒါမှမဟုတ် ကိုယ်တိုင်ကရော အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်သရဲလေးများလား။

    ဟုတ်နေပြီဆိုရင်တော့ ဒီ ကျန်းမာရေး ပြဿနာလေးတွေ ခံစားရနိုင်လို့ ဂရုစိုက် ကာကွယ်ဖို့ ပြောပါရစေ။

    အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ

    ရုံးရောက်တဲ့ မနက်ခင်းကစလို့ ရုံးပြန်ချိန်အထိ အလုပ်မှ အလုပ် လုပ်နေသူတွေမှာ အလုပ်တွေ ပြီးတယ်ဆိုတဲ့ ခံစားချက်က ပျော်စရာအတိ ဆိုပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကလည်း ရှိနေတယ် ဆိုတာ မမေ့စေချင်ပါဘူး။ အထူးသဖြင့် ဒီလို ပြဿနာတွေပါ။ အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အလုပ် မပြီးမှာစိုးပြီး အလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက တစ်ရက်တလေမှာ ကိစ္စ မရှိပေမယ့် အချိန် ကြာလာတဲ့အခါ လေထိုးလေအောင့်တာအပြင် အစာအိမ် ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။

    အစားစားလို့ဆိုတာထက် အထိုင်များလို့၊ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှု ပုံစံကြောင့် အဝလွန် လာနိုင်ပါတယ်။ အထိုင်များတာက အဝလွန်တာအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင် ပါသေးတယ်။

    အလုပ်ဇောကပ်ပြီး ဆီးသွားချင်တာကို ထ မသွားတာက ဆီးကျဉ်တာ၊ ဆီးအောင့်တာကစလို့ ဆီးလမ်းကြောင်း ပိုးဝင်တာကျောက်ကပ်မှာ အနယ်တွေ ဖြစ်ပြီး ကျောက်ကပ် ထိခိုက်တာအထိ ဖြစ်စေနိုင်ပါတယ်။

    ကွန်ပျူတာကို မိုးလင်းက မိုးချုပ် ကြည့်တယ်။ အနားမယူဘူး။ ဒီလိုမျိုး သဘာဝ ရှုခင်းတွေကို ကြည့်ပြီး မျက်စိ အနားပေးတာမျိုး ကင်းမဲ့တာက မျက်လုံးခြောက်တာ၊ မျက်စိညောင်းတာ အပါအဝင် အမြင်အာရုံ ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။

    အလုပ်စားပွဲမှာ တစ်ချိန်လုံး ထိုင်ရင်းက ပုံစံ မှန်မှန် မထိုင်မိတဲ့အခါ ခါးနာ အပါအဝင် အရိုးအကြော ပြဿနာတွေ၊ ကြွက်သားတောင့်တင်း နာကျင်မှု ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ကွန်ပျူတာတွေ၊ ဖုန်းတွေကို အာရုံစိုက်တာက အချိန်ကြာလာတဲ့အခါ အာရုံကြောတွေကို ထိခိုက်စေပြီး ဇက်တဝိုက်က ကြွက်သားတွေကို တောင့်တင်းစေတာကြောင့် ဇက်ကြောတက်တဲ့ ပြဿနာကို ခံစားရစေနိုင်ပါတယ်။

    တစ်ချိန်လုံး ကီးဘုတ်မှာ တဂျောက်ဂျောက် ရိုက်နေတာက ပုံစံမှန်ရင်တောင် တော်တော်လေး ညောင်းတာပါ။ ပုံစံကလည်း မမှန် တစ်ချိန်လုံးလည်း ရိုက်နေမယ်ဆိုရင် လက်ချောင်းလေးတွေ တောင့်တင်းနာကျင်မယ်ဆိုတာ ထွေထွေထူးထူး ပြောနေဖို့တောင် မလိုအောင်ပါ။

    အလုပ်တွေကို တအား ပြီးချင်တယ်။ လုပ်နေရင်းက စိတ်တိုင်းမကျတာ၊ အားမရတာတွေ ဖြစ်လာတဲ့အခါမှာ စိတ်ဖိစီးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အလုပ်တွေ အရမ်း များလာတဲ့အခါမှာလည်း အလိုလို နေရင်း စိတ်ဖိစီးနိုင်ပါတယ်။

    အလုပ်တွေ ဖိလုပ်ရင်း ဝမ်းသွားချင်တာကို အောင့်ထားရာက အချိန်ကြလာတဲ့အခါ ဝမ်းချုပ်တဲ့ ပြဿနာကို ခံစားလာရ နိုင်ပါတယ်။ ဒါကြောင့် ဝမ်းသွားချင်တဲ့အခါ ချက်ချင်း ထသွားပါ။

    အလုပ်လုပ်ရင်း ရေသောက်ဖို့ မေ့နေတာ၊ မထအားသေးလို့ မသောက်ဖြစ်တာဆိုတဲ့ အကြောင်းပြချင် အမျိုးမျိုးနဲ့ ရေသောက်နည်းနိုင်ပါတယ်။ ရေသောက်နည်းတာက ကိုယ်ခံအားကို ထိခိုက်စေသလို၊ ဝမ်းချုပ်တာ၊ အားအင်ကုန်ခမ်းတာနဲ့  ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရနိုင်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းကိုပါ ထိခိုက်စေတာပါ။

    ကဲ …. အလုပ်သရဲလေးတွေ မှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိပြီဆိုတော့ သတိထားလိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement