backup og meta

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်နော်။

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ

ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်ပွားနိုင်သလဲ ဆိုတော့

သင် အရိုးပွ နိုင်ပါသလား။

ဆိုရိုး တစ်ခု ရှိပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်တဲ့။ သင့်အနေနဲ့ အရိုးပွခြင်းကို လျှော့ချနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။ သင့်အနေနဲ့ ဒီရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေတဲ့ အန္တရာယ် တွေကို သတိထားပြီး ကြိုတင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ အရိုးပွခြင်း ဆိုတာ အရိုးကို ကျိုးလွယ်ပဲ့လွယ်စေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရခြင်းဟာ အရိုးတစ်ရှူးတွေ ပျက်စီးနှုန်းက ဆဲလ်အသစ်တွေ ဖြစ်ပေါ်နှုန်းထက် ပိုပြီး မြန်ဆန်နေလို့ ဖြစ်ပါတယ်။

မရှောင်လွှဲနိုင်သော အန္တရာယ်များ

  • အသက် –  ၅၀ကျော်ချိန် ၊ သွေးဆုံးချိန် တွေမှာ ဖြစ်တတ်ပါတယ်
  • ကျား/မ – အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်
  • လူမျိုးစု – အိန္ဒိယ ဥရောပ မျိုးနွယ် နဲ့ အာရှ အမျိုးသမီးတွေမှာ ဖြစ်ပါတယ်
  • မိသားစုရာဇဝင် – မိသားစုဝင် တစ်ဦးဦးတွင် အရိုးပွရောဂါ ရှိခြင်း
  • ကိုယ်ခန္ဓါတည်ဆောက်ပုံ – ပေါ့ပါးသေးသွယ်သော ခန္ဓါကိုယ် ပိုင်ရှင်များ
  • မတော်တဆဖြစ်ပွားမှု – အရိုးကျိုးခြင်း

အထက်ပါ အချက်များသည် ရှောင်လွှဲလို့ မရသော အချက်များ ဖြစ်ပါတယ်။

ထိန်းချုပ်စီမံနိုင်သော အန္တရာယ်များ

  • စားသောက်မှုပုံစံ။ ကယ်လ်စီယမ် နှင့် ဗီတာမင် ဒီ လုံလောက်စွာ မရခြင်း၊ အသီးအရွက် အစားနည်းပြီး ပရိုတင်း၊ ဆိုဒီယမ်၊ ကဖင်းဓါတ် အစားများခြင်း
  • ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
  • ဆေးလိပ် သောက်ခြင်း၊ အရက် အလွန်အကျွံ သောက်ခြင်း
  • ကိုယ်အလေးချိန် ကျခြင်း စသည်တို့သည် ရှောင်လွှဲ၍ ရသော အချက်များ ဖြစ်ပါတယ်။

ဆေးဝါးများ

စတီးရွိုက်ဆေးဝါးများကို ရောင်ရမ်းမှု ကျစေဖို့ သုံးကြပါတယ်။ ပန်းနာရင်ကျပ်ကနေ ကင်ဆာအထိ ကျယ်ပြန့်စွာ သုံးကြပါတယ်။

ကုသမှုတွေမှာ ကာလကြာရှည် သုံးစွဲရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိလာပါတယ်။ ထိုအထဲမှ ဆိုးကျိုး တစ်ခုကတော့ အရိုးဟာ ကျိုးပဲ့လွယ်တဲ့အထိ အရိုးပွလာခြင်းပဲ ဖြစ်ပါတယ်။

တခြား ဆေးဝါးတွေကတော့ အလူမီနီယမ် (aluminium) ပါဝင်တဲ့ အစာအိမ်ဆေး၊ ကင်ဆာဆေး၊ Proton pump inhibitors (အစာအိမ် အက်ဆစ် အထွက်နည်းစေသော ဆေး) နဲ့ သိုင်းရွိုက်ဆေးတွေ ဖြစ်ပြီး လွန်ကျူးစွာ သုံးစွဲပါက အရိုးကို ထိခိုက်စေပါတယ်။

သင့်အနေနဲ့ လက်ရှိမှာ သောက်သုံးနေတဲ့ ဆေးဝါးတွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေ နဲ့ အရိုး အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာတွေကို ဆရာဝန်၊ ဆေးဝါး ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် ဆရာဝန်၊ ကျွမ်းကျင်သူများ၏ ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးများကို ရပ်ပစ်ခြင်း၊ ဆေးပမာဏ ပြောင်းလဲခြင်းများ မပြုလုပ်ပါနဲ့။

ရောဂါများ

တချို့ ရောဂါတွေဟာ သင့်အရိုး ကျန်းမာရေးကို ထိခိုက်စေပြီး အရိုးပွခြင်း ဖြစ်စေပါတယ်။

  • မိမိ ခန္ဓာကိုယ်ရှိ ဆဲလ်များကို ပြန်တိုက်ခိုက်သော ကိုယ်ခံအားစနစ် မူမမှန် ရောဂါ
  • အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ
  • ဟော်မုန်းရောဂါ
  • သွေးရောဂါ
  • အာရုံကြောရောဂါ
  • ကင်ဆာရောဂါ စတာတွေဟာ အရိုးပွခြင်း ဖြစ်နိုင်ခြေ များစေပါတယ်။

အရိုးပွခြင်းကို ပိုဆိုးစေတဲ့ တခြားအခြေအနေတွေ ရှိပါသေးတယ်။ အရိုးပွခြင်း ဖြစ်နိုင်ခြေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်သင့်ပါတယ်။

ရေးသားသူ – Dr. Thant Zin

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://nof.org/articles/2

http://www.livestrong.com/article/146247-what-are-the-medical-uses-of-steroids/

http://www.webmd.com/osteoporosis/guide/osteoporosis-risk-factors

 

ယခုပုံစံ

04/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement