Sex education တွေ သင်တော့မယ်ဆိုတဲ့ အသံကြားတော့ တချို့တွေက ဒါကို လိင်ဆက်ဆံနည်း သင်ပေးတယ်လို့ ထင်ကြတယ်။ နာမည်ကလည်း လိင်ပညာပေး ဆိုတော့လေ။ တကယ်တော့ လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။ လိင်မှုဘဝရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကစလို့ ကိုယ့်ပါတနာကို လေးစားဖို့အထိ လူမှုဆက်ဆံရေးတွေကိုပါ သင်ပေးတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ Comprehensive sex education ပြီးပြည့်စုံသော လိင်ပညာပေးခြင်း (CSE) လို့ ပြောင်းခေါ်လာကြပါပြီ။ ဒီဆောင်းပါးမှာ SE က ဘာကြောင့်လိုအပ်တာလဲ။ ဘာတွေကို သင်ပေးတာလဲဆိုတာ ဆွေးနွေးပေးမှာပါ။