အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Rib Fracture (နံရိုးကျိုးခြင်း)

Rib Fracture ဆိုတာဘာလဲ။ နံရိုးကျိုးခြင်းဟာ နံရိုးတစ်ချောင်းချောင်းကျိုးခြင်း၊ အက်ခြင်းကို ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြာင်းရင်းကတော့ ရင်ဘတ်ပိုင်း ဒဏ်ရာရရှိမှုတွေဖြစ်တဲ့ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်းနဲ့ ကိုယ်ချင်းထိတွေ့ရတဲ့ အားကစားတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ နံရိုးအတော်များများက အက်ကွဲရုံသာဖြစ်ကြပါတယ်။ ဒါဟာ နာကျင်မှုကိုဖြစ်စေပေမယ့် တစ်စစီ ကျိုးသွားတဲ့ အရိုးတွေလောက်အန္တရာယ် မရှိပါဘူး။ ကျိုးသွားတဲ့ အရိုးရဲ့ အစွန်းဟာ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။ အခြေအနေအတော်များများမှာ အရိုးကျိုးခြင်းဟာ သူကိုယ်တိုင် တစ်လ၊ နှစ်လအတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ နာကျင်မှုကို ထိရောက်စွာ သက်သာစေတဲ့ဆေးတွေပေးခြင်းအားဖြင့် အသက်ပြင်းပြင်းရှူခြင်းနဲ့ အဆုတ်အအေးပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။   Rib Fracture ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Rib Fracture ဟာ အလွန် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


အခြား အရိုးရောဂါများ

Spondylosis (အရိုးကျီးပေါင်းတက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) ကဘာလဲ။ အရိုးကျီးပေါင်းတက်ခြင်းသည် ခါးရိုးနှင့် ခါးရိုးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးလာခြင်းကို ဆိုလိုသည်။ အရိုးကျီးပေါင်းတက်ခြင်းသည် တနည်းအားဖြင့် ခါးကျောရိုးမ တွင် အရိုးအဆစ်များရောင်ခြင်းပင်ဖြစ်သည်။ အရိုးကျီးပေါင်းတက်ခြင်းသည် ကျောရိုးမကြီးရှိ လည်းပင်းနေရာ (လည်ပင်းကျီးပေါင်း)၊ ရင်ဘတ်အပေါ်နှင့် အလယ်နေရာ၊ ခါးအောက်ပိုင်းနေရာတို့တွင်ဖြစ်နိုင်သည်။ လည်ပင်းကျီးပေါင်းနှင့် ခါးကျီးပေါင်းတို့သည် အဖြစ်များဆုံးဖြစ်သည်။ Spondylosis (အရိုးကျီးပေါင်းတက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရိုးကျီးပေါင်းတက်ခြင်းသည်အဖြစ်များပါသည်။ အထူးသဖြင့် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ လက္ခဏာများSpondylosis (အရိုးကျီးပေါင်းတက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများသော ရောဂါ လက္ခဏာများမှာ လည်းပင်း ၊ခါးတို့ နာခြင်း၊ တောင့်တင်းခြင်းနှင့် လှဲလျောင်းလိုက်လျှင် သက်သာသွားခြင်း ကျီးပေါင်းသည် အာရုံကျောများကို ဖိသောအခါနှင့် ပင်မကျောရိုးမတွင်ဖြစ်နေသောအခါများတွင် ခြေထောက် နှင့် လက်မောင်းတို့အားနည်းလာခြင်း၊ ထုံကျင်လာခြင်း ပခုံးများနာခြင်း ခေါင်းကိုက်ခြင်း တို့ဖြစသည်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ အကြောင်းရင်းများSpondylosis […]


အရိုးကျိုးခြင်း

Spinal Injury (ကျောရိုးထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal Injury (ကျောရိုးထိခိုက်ခြင်း) ကဘာလဲ။ Spinal Injury ဟာ ကျောရိုးမကို ဝန်းရံထားတဲ့ အာရုံကြောတွေကို တိုက်ရိုက်ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း၊ အရိုးတွေ၊ တစ်ရှူးတွေ၊ သွေးကြောတွေကို တိုက်ရိုက်မဟုတ်ပဲ ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း ဖြစ်တာဖြစ်ပါတယ်။ ကျောရိုးမပျက်စီးခြင်းဟာ လှုပ်ရှားခြင်း၊ ခံစားမှု အစရှိတဲ့ လုပ်ငန်းဆောင်တာတွေ ပျောက်ဆုံးခြင်း ဖြစ်ပါတယ်။ Spinal Injury ရှိသူ အများစုမှာ ကျောရိုးမဟာ လုံးဝပျက်စီးသွားခြင်းမရှိပဲ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်တာ ဖြစ်ပါတယ်။ Spinal Injury ဟာ ခါးကို ထိခိုက်မိပြီး အာရုံကြောညှပ်ခြင်း၊ disks ပျက်စီးခြင်းတွေနဲ့ တူညီခြင်း မရှိပါဘူး။ လူတစ်ယောက်ဟာ ကျောရိုးဆစ်ပျက်စီးရင်တော့ ကျောရိုးမ မထိခိုက်ခဲ့ရင် Spinal Injury မရနိုင်ပါဘူး။ Spinal Injury ဟာ ကြာမြင့်ပြီး သိသာစွာ နေ့စဉ်ဘဝကို […]


အရိုးကျိုးခြင်း

Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ကဘာလဲ။ ရင်ဘတ်ညှပ်ရိုးဟာ ပုခုံးဘက်ကိုတည့်တည့်ဝင်တိုက်မိလျှင်သော်လည်းကောင်း ၊ လက်ထောက်၍ချော်လဲခဲ့လျှင်သော်လည်းကောင်း ရင်ဘတ်ညှပ်ရိုးကျိုးတတ်ပါတယ် ။ ကားတိုက်ခြင်း သို့ အခြားမတော်တဆဖြစ်ခြင်းများတွင်လည်းရင်ဘတ်ညှပ်ရိုးကို ဒဏ်ရာရစေနိုင်ပါတယ် ။ Broken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရင်ဘတ်ညှပ်ရိုးကျိုးခြင်းဟာ ဘောလုံးကန်ခြင်း ၊ ဟော်ကီရိုက်ခြင်း နဲ့ အမြင့်ကိုပြုတ်ကျနိုင်သောအားကစားနည်းများ ( စက်ဘီးစီးခြင်း ၊ ရေခဲပြင်လျှောစီးခြင်း ၊ စကိတ်စီးခြင်း)..စသည်တို့တွင်ဖြစ်နိုင်ပါတယ် ။ မွေးကင်စကလေးတွေမှာလည်းဖြစ်တတ်ပါတယ်။ ဒါဟာတော့ တော်တော်ဖြစ်တာရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုရှောင်ရှားခြင်းဖြင့် အရိုးကျိုးခြင်းကို ရှောင်ရှားနိုင်ပါတယ် ။ အသေးစိတ်သိရဖို့ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken Collarbone (ရင်ဘတ်ညှပ်ရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့….ရင်ဘတ်ညှပ်ရိုးတစ်လျှောက် ရောင်ရမ်းခြင်း ၊ တင်းနေခြင်း ၊ အညိုအမဲများစွဲနေခြင်း။ လက် သို့ ပုခုံးကိုမြှောက်ဖို့ကြိုးစားတိုင်း နာကျင်၍ စူးစူးရှရှအသံကြားသလို ခံစားနေရခြင်း ။ ကျိုးတဲ့နေရာအထက်တွင် ပုံစံပြောင်းနေသည်ကို မြင်ရခြင်း ။ ပုခုံးအတင်အချလုပ်ရတွင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ကဘာလဲ။ Connective tissue disease ဆိုတာ ခန္ဓါကိုယ် တည်ဆောက်ရာမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာတွင် လိုအပ်သော ခန္ဓါကိုယ် အစိတ်အပိုင်းများကို သက်ရောက်မှုရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Connective tissue တွေမှာ Collagen ကိုလဂျင် နှင့် Elastin အီလတ်စတင် ဆိုပြီး ပရိုတင်း (၂)မျိုးနှင့် တည်ဆောက်ထားတာပါ။ Collagen ဆိုတာ အရွတ်၊ အရေပြား၊ မျက်ကြည်လွှာ၊ အရိုးနု၊ အရိုးနှင့် သွေးကြောများမှာ တွေ့ရတဲ့ ပရိုတင်း (၁)မျိုး ဖြစ်ပါတယ်။ Elastin ဆိုတာ သားရေကွင်းနှင့်တူသော ဆွဲဆန့်လို့ရတဲ့ ပရိုတင်း (၁)မျိုးဖြစ်ပြီး အရွတ်များနှင့် အရေပြားမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ လူနာတစ်ယောက်မှာ Connective tissue ရောဂါရှိပြီဆိုရင် Collagen […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ကဘာလဲ။ လမ်းလျှောက်တဲ့အခါ၊ ထိုင်ရာမှထရပ်တဲ့အခါ၊ ခြေထောက်လွှဲတဲ့အခါ တင်ပါးဆုံရိုးမှ တဇက်ဇက်အသံမြည်ခြင်း၊ ခံစားချက်ရခြင်းတို့ဖြစ်ပါတယ်။ လူအများစုအတွက် ထိုအခြေအနေက စိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် တစ်ခုထဲသောလကဏာက ထိုအသံမြည်ခြင်း၊ ထိုကဲ့သို့ခံစားချက်ရခြင်းတစ်ခုထဲပါ။ ဒါပေမယ့် အကသမားတွေ၊ အားကစားသမားတွေအတွက်တော့ ထိုအခြေအနေမှာ နာကျင်ခြင်း၊ လှုပ်ရှားကိုအနှောင့်အယှက်ဖြစ်မယ့် တင်ပါးဆုံရိုးအားနည်းအားလျော့ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ Snapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ လက္ခဏာများSnapping Hip Syndrome (တင်ပါးဆုံရိုးမှအသံမြည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများအားဖြင့် တင်ပါးဆုံရိုးပေါ်မှာရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေလှုပ်ရှားမှုကြောင့်ဖြစ်တာပါ။ အဖြစ်အများဆုံးနေရာကတော့ တင်ပါးဆုံရိုးအပြင်ဘက်၊ iliotibial band ဟုခေါ်သော တွယ်ဆက်တစ်သျူးကြွက်သားက ပေါင်ရိုးပေါ်ရှိအရိုးဖုပေါ်ဖြတ်သွားရာနေရာမှာ အဖြစ်များပါတယ်။ မတ်တပ်ရပ်နေစဉ်မှာ ထိုတစ်သျူးကအရိုးဖုနောက်တွင်ရှိပြီး ပေါင်ကွေးလိုက်သောအခါ အရိုးဖုကိုဖြတ်ကာ အရှေ့ဘက်ရွေ့သွားရာမှ အသံထွက်လာခြင်းဖြစ်တယ် ။ ပေါင်အပေါ်ပိုင်း […]


အခြား အရိုးရောဂါများ

သင့်ခန္ဓါကိုယ်က အရိုးတွေအကြောင်း

အရိုးငြမ်းအဖွဲ့အစည်းဟာသင့်ခန္ဓါကိုယ်မှာအရေးကြီးဆုံးနဲ့အရှုပ်ထွေးဆုံးသောအဖွဲ့အစည်း ဖြစ်ပါတယ်။ အရိုးတွေဟာမာကျောပြီးခံစားနိုင်စွမ်းမရှိဖူးလို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်တကယ်တမ်းတော့အရိုးတွေဟာကြီးထွားဖွံ့ဖြိုးနိုင်စွမ်း၊ပြုပြင်ထိန်းသိမ်းနိုင်စွမ်း၊ခန္ဓါကိုယ်ရဲ့အခြားသောအစိတ်အပိုင်းတွေနဲ့ဆက်သွယ်နိုင်စွမ်းရှိတဲ့သက်ရှိဆဲလ်တွေများစွာနဲ့ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ဒါဖြင့်သင့်အရိုးတွေအကြောင်းကိုအနည်းငယ်လေ့လာကြည့်ကြရအောင်။ ၁။ အရိုးပုံစံကိုဘယ်အရာတွေကသတ်မှတ်ဆုံးဖြတ်ပေးသလဲ။ အရိုးတွေရဲ့ပုံစံနဲ့ဖွဲ့စည်းပုံကိုမျိုးရိုးဗီဇ၊ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ၊ ဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေက ဆုံးဖြတ်ပေးပါတယ်။ ကျွန်တော်တို့ကိုမမွေးဖွားခင် မိခင်ဗိုက်ထဲမှာရှိနေစဉ်အချိန်ကအစပြုလို့အရိုးတွေဟာ စတင်ကြီးထွားနေပြီ ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေဟာလည်း အရေးပါတဲ့ကဏ္ဍမှာရှိနေပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ ဗီတာမင်အေ၊ စီ၊ ဒီစတဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေ၊pituitary ဂလင်း၊ သိုင်းရွိုက်ဂလင်း၊ parathyroidဂလင်း၊ အက်ဒရီနယ်ဂလင်းနဲ့မျိုးပွားအင်္ဂါတွေကထုတ်လုပ်တဲ့ ဟော်မုန်းတွေအစရှိတဲ့ အရာအားလုံးဟာ အရိုးရဲ့ပုံစံကိုဝိုင်းဝန်းဆုံးဖြတ်ပေးကြတာပဲ ဖြစ်ပါတယ်။ မိခင်ဝမ်းကကျွတ်လာပြီးတဲ့အချိန်မှာလည်း အထက်ပါအရာတွေဟာ အရိုးသစ်ဖြစ်ပေါ်မှုမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဒီနဲ့ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့ခြင်းတွေဟာ အရိုးပျော့၊အရိုးခွေ၊ အရိုးပါးအစရှိတဲ့အရိုးရောဂါတွေကို ဖြစ်စေနိုင်တဲ့အတွက် အရိုးကျိုးလွယ်စေပါတယ်။ အရိုးတွေဟာ ကျွန်တော်တို့ခန္ဓါကိုယ်ရဲ့လိုအပ်ချက်နဲ့လှုပ်ရှားမှုတွေအရ ပုံစံကွဲပြားစွာဖွဲ့စည်းတည်ရှိနေကြပါတယ်။ ၂။ လုပ်ငန်းလုပ်ဆောင်နိုင်မှု အိမ်တစ်အိမ် မားမားမတ်မတ်ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ဒေါက်တိုင်တွေကောင်းဖို့လိုအပ်သလို ခန္ဓါကိုယ်တခုလုံးကိုထောက်မပေးထားဖို့နဲ့ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ဖို့အတွက် သန်မာတဲ့အရိုးတွေ လိုအပ်ပါတယ်။ အရိုးတွေမရှိဖူးဆိုရင် ကျွန်တော်တို့တတွေ ဘယ်နည်းနဲ့မှ မတ်မတ်နေနိုင်မှာမဟုတ်ပါဘူး။ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

ခြေလက်ဆုံးရှုံးခြင်း

၁။ ခြေလက်ဆုံးရှုံးခြင်းဆိုတာဘာလဲ။ ခြေလက် ဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်ခြင်းဆိုတာအရေပြားနဲ့ ဖုံးအုပ် ကာကွယ်ထားတဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတခုခု (လက်၊ ခြေထောက်၊ လက်ချောင်း) ကို ဖြတ်တောက်ဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။ ၂။ ဘာကြောင့်ဖြတ်တောက်ခြင်းကိုလုပ်ဆောင် သင့်သလဲ။ အောက်ပါ အခြေအနေတွေမှာခွဲစိတ်ဖြတ်တောက်ခြင်းလုပ်ဆောင်တတ်ပါတယ်။ • ခြေလက်တခုခုမှာသွေးမလျှောက်တော့ဘဲအသားပုပ်ခြင်း။ ပင်မမဟုတ်သောအစွန်အဖျားသွေးလွှတ်ကြောတွေမှာရောဂါရရင် ဖြစ်တတ်ပါတယ်။ • ခြေလက်များတွင် ရောဂါဖြစ်ခြင်း။ ကင်ဆာ၊ ရောဂါပိုး ဆိုးဆိုးရွားရွားဝင်ခြင်းစတဲ့ အခြေအနေတွေမှာအသက်အန္တရာယ်ကြုံနိုင်လို့ ဖြတ်တောက်နိုင်ပါတယ်။ • ခြေလက်ကို ပြင်းထန်စွာထိခိုက်မိခြင်း။ ဥပမာ- ကားကြိတ်မိခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း • ခြေလက်ပုံပျက်ခြင်း၊ အပြည့်အ၀ မသုံးနိုင်ဘဲအမြဲနာကျင်နေခြင်း ဆီးချိုရှိသူများဟာခြေလက်ဖြတ်တောက်ရနိုင်ခြေများပါတယ်။ ဆီးချိုဟာခြေလက်မှာရှိတဲ့ အာရုံကြောကိုထိခိုက်စေပြီးတော်ရုံဒဏ်ရာကိုသတိမပြုဘဲ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိသူများဟာသွေးလွှတ်ကြောရောဂါ ဖြစ်လာနိုင်ခြေများပြီးအနာကျက်နှေးတတ်ပါတယ်။ ဒါပေမယ့် စောစီးစွာသတိထားမိပြီးကုသနိုင်ရင်တော့ လူနာအများစုဟာ ဖြတ်တောက်ခြင်းကိုရှောင်လွှဲနိုင်ပါတယ်။ ခွဲစိတ်ဖြတ်တောက်ခြင်းကိုဆေးရုံတွေမှာ ပြုလုပ်ပေးပြီးအသားပုပ်ခြင်း ပြန့်နှံ့မသွားအောင် ဖြစ်ပါတယ်။ အသားပုပ်ခြင်းဟာဆီးချို၊ နှင်းကိုက်ခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ သွေးလည်ပတ်မှုကိုထိခိုက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ အရိုးကင်ဆာမပြန့်အောင်၊ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေ သွေးထွက်လွန်ခြင်းမဖြစ်အောင် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

သင့်တံတောင် နာကျင်ရခြင်းအကြောင်းရင်းများကို လေ့လာပါ။

သိုင်းပညာမှာတံတောင်ဆစ်ဟာအမာဆုံးအရိုးလို့ ပြောတာ ကြားဖူးကြပါလိမ့်မယ်။ တံတောင်ဆစ် နာကျင်တာကိုလည်းခဏဖြစ်ဖြစ် ကြုံဖူးနိုင်ပါတယ်။ တံတောင်ဆစ်ဟာအရိုး၊ အရိုးနု၊ အရည်တချို့နဲ့ ဖွဲ့စည်းထားပါတယ်။ ကြွက်သားနဲ့ ကြွက်သားအရွတ် တွေဟာတံတောင်ဆစ်ကို လှုပ်ရှားနိုင်ဖို့ ပြုလုပ်ပေးပါတယ်။ အဲဒီအရာတွေထဲကတခုခုထိခိုက်မိရင်ဖြစ်ဖြစ်၊ ရောဂါရရင် ဖြစ်ဖြစ် တံတောင်ဆစ်မှာပြဿနာရှိပါတယ်။ ကိစ္စပေါင်းများစွာဟာတံတောင်ဆစ်ကိုထိခိုက်စေ နိုင်ပါတယ်။ • အလွန်အကျွံသုံးခြင်း၊ အားကစားပြုလုပ်စဉ် ဒဏ်ရာရခြင်း • မတော်တဆလဲကျ၊ ပြုတ်ကျခြင်း • ထိခိုက်မှုပြင်းထန်သောအားကစားများ ပြုလုပ်ခြင်း • ခန္ဓါကိုယ်အစိတ်အပိုင်းများကိုထိခိုက်စေသောရောဂါများ၊ ချို့ယွင်းမှုများ လဲကျခြင်းကြောင့်ဖြစ်စေ၊ လက်ကိုပြင်းထန်စွာဆွဲဆန့်ခြင်းကြောင့် ဖြစ်စေတံတောင်ဆစ်ဟာ ကျိုးပဲ့တာ၊ အဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ အဆစ်လွဲခြင်းကို ပြန်တည့်ပေးနိုင်ပါတယ်။ မိမိဖာသာတော့ မလုပ်ပါနဲ့။ အဆစ်လွဲမယ်၊ ကျိုးပဲ့မယ်ဆိုရင် ရှေးဦးသူနာပြုစုခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ တံတောင်ဆစ်ကိုမလှုပ်ရှားစေဘဲကျပ်စည်းပေးရပါမယ်။ ရောင်နေတဲ့နေရာကိုရေခဲအိတ် ကပ်ပေးနိုင်ပါတယ်။   ဘယ်အခြေအနေတွေကတံတောင်ဆစ်ကိုနာစေသလဲ။ အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်တံတောင်ဆစ်ကိုဘယ်အရာကနာကျင်စေသလဲဆိုတာသိထားဖို့ လိုပါတယ်။ အောက်ပါအချက်တွေကြောင့် တံတောင်ဆစ်ကိုထိခိုက်နာကျင်စေနိုင်ပါတယ်။ • ကြွက်သားအရွတ် ကြွက်သားအရွတ်ဒဏ်ရာရရင် တံတောင်ဆစ် နာတတ်ပါတယ်။ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်ကိုအသုံးပြုလွန်းတာဥပမာဘေ့စ်ဘောပစ်တာ၊ ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်ရိုက်တာတွေဟာတံတောင်ဆစ် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ဒူးနာတာကို ဘယ်လိုကုကြမလဲ

ဒူးနာရင်လှုပ်ရှားသွားလာ၊အလုပ်လုပ်ရ၊နေရထိုင်ရတာ ဘာဆိုဘာမှ အဆင်မပြေပါဘူး။ ဒူးနာတာကိုကုသဖို့အတွက် နည်းလမ်းအသွယ်သွယ်ရှိပေမယ့် ဘယ်လောက်ထိပြင်းထန်သလဲဆိုတဲ့ အချက်နဲ့လက္ခဏာတွေအပေါ်မူတည်ပြီး သင့်အတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးဖြစ်နိုင်မယ့် ကုသမှုနည်းလမ်းကို စိတ်ရှည်ရှည်နဲ့ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေက ဒူးနာဝေဒနာခံစားနေရသူတွေအတွက် အတိုင်းအတာတခုထိ အထောက်အကူ ဖြစ်စေမှာပါ။ ဒူးနာခြင်းအတွက် ဘယ်ဆေးတွေသုံးလေ့ရှိသလဲ။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ(NSAIDs) ဒီဆေးတွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းသက်သာစေပါတယ်။ စတီးရွိုက်မဟုတ်သောအကိုက်အခဲပျောက်ဆေးတွေကို ရောင်ရမ်းနာကျင်တဲ့အခြေအနေအများစုမှာ လူနာရဲ့အနေအထားပေါ်မူတည်ပြီး အသုံးပြုလေ့ရှိပါတယ်။ ဥပမာ- ကျောက်ကပ် ဒါမှမဟုတ် အသည်းရောဂါရှိသူတွေမှာ NSAIDs တွေကို မသုံးစွဲသင့်ပါဘူး။ NSAIDs တွေကို ဆရာဝန်ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူနိုင်သလို ဆရာဝန်ဆေးစာလိုတဲ့ NSAIDs တွေလည်း ရှိပါတယ်။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAIDs)တွေကို အဆစ်အမြစ်ရောင်ရောဂါမှာ အများဆုံးအသုံးပြုပါတယ်။ Cox-1 နဲ့ Cox-2 လို့ခေါ်တဲ့ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တဲ့ အင်ဇိုင်းတွေကို ပိတ်ဆို့ခြင်းအားဖြင့် NSAIDs တွေအာနိသင်ပြပါတယ်။ တစ်ရှူးထိခိုက်တဲ့နေရာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း