backup og meta

Rib Fracture (နံရိုးကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Rib Fracture ဆိုတာဘာလဲ။

    နံရိုးကျိုးခြင်းဟာ နံရိုးတစ်ချောင်းချောင်းကျိုးခြင်း၊ အက်ခြင်းကို ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြာင်းရင်းကတော့ ရင်ဘတ်ပိုင်း ဒဏ်ရာရရှိမှုတွေဖြစ်တဲ့ ပြုတ်ကျခြင်း၊ ကား၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်းနဲ့ ကိုယ်ချင်းထိတွေ့ရတဲ့ အားကစားတွေရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

    နံရိုးအတော်များများက အက်ကွဲရုံသာဖြစ်ကြပါတယ်။ ဒါဟာ နာကျင်မှုကိုဖြစ်စေပေမယ့် တစ်စစီ ကျိုးသွားတဲ့ အရိုးတွေလောက်အန္တရာယ် မရှိပါဘူး။ ကျိုးသွားတဲ့ အရိုးရဲ့ အစွန်းဟာ သွေးကြောတွေနဲ့ ကိုယ်အင်္ဂါတွေဖြစ်တဲ့ အဆုတ်ကို ထိခိုက်နိုင်ပါတယ်။

    အခြေအနေအတော်များများမှာ အရိုးကျိုးခြင်းဟာ သူကိုယ်တိုင် တစ်လ၊ နှစ်လအတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ နာကျင်မှုကို ထိရောက်စွာ သက်သာစေတဲ့ဆေးတွေပေးခြင်းအားဖြင့် အသက်ပြင်းပြင်းရှူခြင်းနဲ့ အဆုတ်အအေးပတ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်လို့ အရေးကြီးပါတယ်။

    Rib Fracture ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Rib Fracture ဟာ အလွန် အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    Rib Fracture ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Rib Fracture ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာကတော့ နာကျင်မှုပဲဖြစ်ပါတယ်။ ဒီနာကျင်မှုဟာ အောက်ပါအချက်တွေ ပြုလုပ်ရင် ပိုဆိုးနိုင်ပါတယ်။

    • အသက်ပြင်းပြင်းရှူခြင်း
    • ဒဏ်ရာရတဲ့နေရာကို ဖိမိခြင်း
    • ကိုယ်ခန္ဓါကို ကိုင်းခြင်း၊ လှည့်ခြင်း

    ဒဏ်ရာကြောင့် ပုံမှန်အတိုင်း အသက်မရှူနိုင်တော့ဘူုးဆိုရင် အောက်ပါအချက်တွေကို ခံစားရနိုင်ပါတယ်။

    • မောခြင်း
    • စိတ်ပူခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြောက်ခြင်း
    • ခေါင်းကိုက်ခြင်း
    • ခေါင်းမူးခြင်း၊ ပင်ပန်းခြင်း၊ အိပ်ငိုက်ခြင်း

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    ဒဏ်ရာရရှိအပြီး နံရိုးရှိတဲ့နေရာမှာ အလွန်နာကျင်နေရင်၊ အသက်ရှူရခက်ခဲနေရင်၊ အသက်ပြင်းပြင်းရှူရင် နာကျင်နေရင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

    ဖိအား၊ ပြည့်တင်းခြင်း၊ ညှစ်ထားသလိုနာကျင်ခြင်းတွေကို ရင်ဘတ်နေရာမှာ ခံစားရပြီး မိနစ်အနည်းငယ်ထက် ပိုကြာရင် (သို့) နာကျင်မှုဟာ လက်မောင်း၊ ပုခုံးတွေကို ရောက်သွားရင် အရေးပေါ်အကူအညီယူသင့်ပါတယ်။ ဒီလက္ခဏာတွေက နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    ဖြစ်ပွားမှုအကြောင်းရင်းများ။

    ဘာတွေက Rib Fracture ဖြစ်ပွားစေသလဲ။

    နံရိုးကျိုးခြင်းဟာ တိုက်ရိုက်ဒဏ်ရာရခြင်းတွေဖြစ်တဲ့ ကား၊ဆိုင်ကယ် မတော်မဆမှုများ၊ ပြုတ်ကျခြင်း၊ ကလေးငယ်အားနှိပ်စက်ခြင်းနဲ့ လူချင်းထိတွေ့ရတဲ့ အားကစားတွေကြောင့် ဖြစ်နိုင်ပါတယ်။ နံရိုးကျိုးခြင်းဟာ ဂေါက်ရိုက်ခြင်း၊ လှေလှော်ခြင်း၊ အချိန်ကြာမြင့်စွာ ပြင်းထန်စွာ ချောင်းဆိုးခြင်းတွေကြောင့် မကြာခဏ ဒဏ်ရာရရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Rib Fracture ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    Rib Fracture ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • အရိုးပွခြင်း – အရိုးပွခြင်းဟာ အရိုးသိပ်သည်းဆ လျော့စေတာကြောင့် အရိုးပိုကျိုးစေနိုင်ပါတယ်။
    • အားကစား ပါဝင်ခြင်း – လူချင်းထိတွေ့ရတဲ့ အားကစားတွေဖြစ်တဲ့ ဟော်ကီ၊ ဘောလုံးကစားနည်းတွေဟာ ရင်ဘတ်ဒဏ်ရာရရှိစေနိုင်ပါတယ်။
    • နံရိုးမှာ ကင်ဆာဖြစ်ခြင်း – ကင်ဆာဟာ အရိုးကို အားနည်းစေပြီး နံရိုးကျိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Rib Fracture ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    စစ်ဆေးမှုအပြီးမှာ ဆရာဝန်က နံရိုးတွေကို ညင်သာစွာ ဖိကြည့်မှာဖြစ်ပါတယ်။ အဆုတ်ကို နားထောင်ပြီး သင်အသက်ရှူစဉ်မှာ နံရိုးလှုပ်ရှားမှုကို ကြည့်မှာ ဖြစ်ပါတယ်။

    အောက်ဖေါ်ပြပါ စစ်ဆေးမှု တစ်ခု (သို့) ပိုပြီး ပြုလုပ်နိုင်ပါတယ်။

    • X-ray – X-ray ပမာဏ အနည်းငယ်အသုံးပြုပြီး နံရိုးတွေကို ကြည့်နိုင်ပါတယ်။ ဒါပေမယ့် X-rays တွေဟာ လောလောလတ်လတ် နံရိုးကျိုးခြင်းတွေကို ဖေါ်ပြပါတယ်။ X-rays ဟာ အဆုတ် collapse ဖြစ်ခြင်းကိုလည်း ဖေါ်ပြနိုင်ပါတယ်။
    • CT scan – သူကတော့ X-ray နဲ့ မတွေ့နိုင်တဲ့ နံရိုးကျိုးခြင်းတွေကို ဖေါ်ပြပေးနိုင်ပြီး တစ်ရှူးနဲ့ သွေးကြောဒဏ်ရာရရှိမှုတွေကိုလည်း ပြသနိုင်ပါတယ်။ ဒီနည်းလမ်းဟာ X-rays တွေကို ထောင့်ပေါင်းစုံကနေ အသုံးပြုပြီး ကိုယ်ခန္ဓါအင်္ဂါတွေရဲ့ ပုံစံကို ထောင့်ဖြတ်ပုံဖေါ်ပြပေးတာ ဖြစ်ပါတယ်။
    • MRI – ဒီနည်းလမ်းကိုတော့ နံရိုးပတ်လည်က တစ်ရှူးတွေ၊ ကိုယ်အင်္ဂါတွေကို ပျက်စီးမှုရှိမရှိ ရှာဖွေဖို့ အသုံးပြုတာဖြစ်ပါတယ်။ သူ့ကိုမပြင်းထန်တဲ့ နံရိုးကျိုးခြင်းတွေကို ရှာဖွေဖို့ အတွက်ပါ အသုံးပြုနိုင်ပါတယ်။ MRI ဟာ အစွမ်းထက်တဲ့ သံလိုက်နဲ့ ရေဒီယို လှိုင်းတွေကို အသုံးပြုပြီး ထောင့်ဖြတ်ပုံရိပ်တွေကို ထုတ်ပေးတာဖြစ်ပါတယ်။
    • Bone scan- ဒီနည်းလမ်းဟာ မကြာခဏ ဒဏ်ရာရရှိမှုကြောင့် ဖြစ်တဲ့ ဖိအားကြောင့် နံရိုးကျိုးခြင်းကို ရှာဖွေရာမှာ အသုံးဝင်ပါတယ်။ Bone scan ပြုလုပ်စဉ်မှာ ရေဒီယိုသတ္တိကြွ ပစ္စည်းတစ်ခုကို သွေးကြောထဲထည့်လိုက်တာဖြစ်ပါတယ်။ အရိုးကျက်နေတဲ့နေရာမှာ သူက သွားစုမှာ ဖြစ်ပြီး ဒါကို စက်နဲ့ မြင်ရမှာဖြစ်ပါတယ်။

    Rib Fracture ကို ဘယ်လိုကုသလဲ။

    နံရိုးကျိုးခြင်းအများစုဟာ ခြောက်ပတ်အတွင်း သူတို့ကိုယ်တိုင် ပြန်ကောင်းလာတတ်ပါတယ်။ လှုပ်ရှားမှုတွေကို ကန့်သတ်ခြင်း၊ ရေခဲကပ်ခြင်းတွေဟာ နာကျင်မှုကို သက်သာစေပြီး အနာကျက်ခြင်းကိုအားပေးပါတယ်။

    ဆေး – နာကျင်မှုသက်သာစေတဲ့ ဆေးတွေဟာ အရေးကြီးပါတယ်။ အသက်ပြင်းပြင်းမရှူနိုင်ရင် အဆုတ်အအေးပတ်ခြင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ သောက်ဆေးတွေနဲ့ မလုံလောက်ရင် ဆရာဝန်က ကြာရှည်ခံတဲ့ ထုံဆေးကို နံရိုးတွေကို ထောက်ပံ့ပေးတဲ့ အာရုံကြောတွေကို ထိုးပေးနိုင်ပါတယ်။

    ကုထုံး – တကယ်လို့ နာကျင်မှုသက်သာပြီဆိုရင် တော့ ဆရာဝန်က အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်စေပြီး အသက်ပြင်းပြင်းရှူစေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အသက်ဖြည်းညင်းစွာ ရှူခြင်းဟာ သင့်ကို အဆုတ်အအေးမိခြင်း ဖြစ်စေလို့ပဲဖြစ်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Rib Fracture ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Rib Fracture ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ဒဏ်ရာရတဲ့နေရာကို ရေခဲကပ်ခြင်း
    • အနားယူခြင်း
    • Aspirin, ibuprofen အစရှိတဲ့ အကိုက်အခဲပျောက် ဆေးအသုံးပြုခြင်း။ သင့်ဆရာဝန်က ဒီဆေးတွေ မထိရောက်ရင် ပိုပြင်းတဲ့ အကိုက်အခဲပျောက်ဆေးတွေ ပေးနိုင်ပါတယ်။
    • နေပြန်ကောင်းစဉ်မှာ ချောင်းဆိုးဖို့နဲ့ အနည်းဆုံးတစ်နာရီတစ်ခါ အသက်ပြင်းပြင်းရှူဖို့ အရေးကြီးပါတယ်။ ဒါဟာ အဆုတ်အအေးပတ်ခြင်းနဲ့ အဆုတ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
    • နံရိုးကျိုးပြီး လည်ပင်းနဲ့ ခါးတွေကို မထိခိုက်မိဘူးဆိုရင် ဒဏ်ရာရတဲ့ဘက်ကို လှဲနေသင့်ပါတယ်။ ဒါဟာ ထူးဆန်းသလိုထင်ရပေမယ့် သင့်ကို အသက်ပြင်းပြင်းရှူစေဖို့ ကူညီပေးနိုင်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement