backup og meta

ခြေလက်ဆုံးရှုံးခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေလက်ဆုံးရှုံးခြင်း

    ၁။ ခြေလက်ဆုံးရှုံးခြင်းဆိုတာဘာလဲ။

    ခြေလက် ဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်ခြင်းဆိုတာအရေပြားနဲ့ ဖုံးအုပ် ကာကွယ်ထားတဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတခုခု (လက်၊ ခြေထောက်၊ လက်ချောင်း) ကို ဖြတ်တောက်ဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။

    ၂။ ဘာကြောင့်ဖြတ်တောက်ခြင်းကိုလုပ်ဆောင် သင့်သလဲ။

    အောက်ပါ အခြေအနေတွေမှာခွဲစိတ်ဖြတ်တောက်ခြင်းလုပ်ဆောင်တတ်ပါတယ်။

    • ခြေလက်တခုခုမှာသွေးမလျှောက်တော့ဘဲအသားပုပ်ခြင်း။ ပင်မမဟုတ်သောအစွန်အဖျားသွေးလွှတ်ကြောတွေမှာရောဂါရရင် ဖြစ်တတ်ပါတယ်။

    • ခြေလက်များတွင် ရောဂါဖြစ်ခြင်း။ ကင်ဆာ၊ ရောဂါပိုး ဆိုးဆိုးရွားရွားဝင်ခြင်းစတဲ့ အခြေအနေတွေမှာအသက်အန္တရာယ်ကြုံနိုင်လို့ ဖြတ်တောက်နိုင်ပါတယ်။

    • ခြေလက်ကို ပြင်းထန်စွာထိခိုက်မိခြင်း။ ဥပမာ- ကားကြိတ်မိခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း

    • ခြေလက်ပုံပျက်ခြင်း၊ အပြည့်အ၀ မသုံးနိုင်ဘဲအမြဲနာကျင်နေခြင်း

    ဆီးချိုရှိသူများဟာခြေလက်ဖြတ်တောက်ရနိုင်ခြေများပါတယ်။ ဆီးချိုဟာခြေလက်မှာရှိတဲ့ အာရုံကြောကိုထိခိုက်စေပြီးတော်ရုံဒဏ်ရာကိုသတိမပြုဘဲ ဖြစ်တတ်ပါတယ်။

    ဆီးချိုရှိသူများဟာသွေးလွှတ်ကြောရောဂါ ဖြစ်လာနိုင်ခြေများပြီးအနာကျက်နှေးတတ်ပါတယ်။ ဒါပေမယ့် စောစီးစွာသတိထားမိပြီးကုသနိုင်ရင်တော့ လူနာအများစုဟာ ဖြတ်တောက်ခြင်းကိုရှောင်လွှဲနိုင်ပါတယ်။

    ခွဲစိတ်ဖြတ်တောက်ခြင်းကိုဆေးရုံတွေမှာ ပြုလုပ်ပေးပြီးအသားပုပ်ခြင်း ပြန့်နှံ့မသွားအောင် ဖြစ်ပါတယ်။ အသားပုပ်ခြင်းဟာဆီးချို၊ နှင်းကိုက်ခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ သွေးလည်ပတ်မှုကိုထိခိုက်စေတဲ့ ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ အရိုးကင်ဆာမပြန့်အောင်၊ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေ သွေးထွက်လွန်ခြင်းမဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ခြင်းလည်းရှိပါတယ်။ ယာဉ်တိုက်မှု၊ စက်ပစ္စည်းမတော်တဆဖြစ်မှု စတာတွေကြောင့် ခြေလက်ကိုတပိုင်းတစဖြတ်ပစ်ခြင်း၊ တချောင်းလုံး ဖြတ်ပစ်ခြင်းတွေ ရှိနိုင်ပါတယ်။ အဲဒီအခြေအနေတွေမှာလူနာရဲ့ ခြေလက်ဟာတစိတ်တပိုင်းဖြစ်ဖြစ်၊ တခုလုံး ဖြစ်ဖြစ် ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ဆေးကုသမှု ချက်ချင်းခံယူဖို့လိုပါတယ်။

    ၃။ ဖြစ်ပွားနိုင်ခြေများ

    ခြေလက်ဖြတ်ရဖို့ ဖြစ်နိုင်ခြေကတော့ ခြေလက်ကိုသွေးစီးဆင်းမှု မကောင်းတာကြောင့် အဓိကပါပဲ။ အဓိကအကြောင်းအရာတွေကတော့ ဆီးချိုနဲ့ ကိုယ်ခန္ဓါအစွန်အဖျားမှာဖြစ်တဲ့ သွေးကြောရောဂါပဲဖြစ်ပါတယ်။ ဆီးချို သွေးလွှတ်ကြောတွေကိုမာစေပြီးအနာကျက်ခြင်းကိုဟန့်တားပါတယ်။ သွေးကြောရောဂါဟာလည်းသွေးလွှတ်ကြောတွေကိုမာစေပါတယ်။ ဒီပြဿနာတွေဟာဆေးလိပ်သောက် တတ်တဲ့ အသက်ကြီးသူတွေမှာ ဖြစ်ပွားတတ်ပါတယ်။ သွေးကြောပြသနာတွေကြောင့် ခြေလက်ဖြတ်ရခြင်းဟာဒီအုပ်စုမှာအများဆုံးတွေ့ရတတ်ပါတယ်။

    ၄။ ရောဂါရှာဖွေခြင်း

    ခြေလက်ကိုသွေးစီးဆင်းမှု မကောင်းတော့ရင် ဆရာဝန်ဟာခွဲစိတ်ဖြတ်တောက်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ တစ်သျှူးတွေ အသက်ရှင်ကျန်းမာဖို့ သွေးဟာမရှိမဖြစ် အရေးကြီးပါတယ်။ ခွဲစိတ်ဆရာဝန်တွေဟာ ရောဂါရှိတဲ့၊ ဒဏ်ရာရှိတဲ့ အပေါ်ကနေ ဖြတ်တောက်တတ်ပါတယ်။ တစ်ခါတရံမှာ ဖြတ်တောက်တဲ့နေရာဟာခြေတုလက်တုတပ်ဆင်ဖို့ အဆင်ပြေမယ့်နေရာ ဖြစ်တတ်ပါတယ်။ ဘယ်လောက်ထိ ဖြတ်တောက်မယ် ဆိုတာ ခွဲစိတ်တဲ့ဆရာဝန်ကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ အသားကောင်းပြီးသွေးစီးဆင်းမှုရှိနေသေးရင် အသေးစားဖြတ်တောက်မှု လုပ်ပါတယ်။ အသားမှာဆိုးရွားစွာဒဏ်ရာရထားပြီးသွေးစီးဆင်းမှု မကောင်းရင် အကြီးစားဖြတ်တောက်မှု၊ ဒါမှမဟုတ် ခြေလက်တချောင်းလုံး ဖြတ်တောက်တာမျိုးလုပ်ပါတယ်။

    ၅။ နောက်ဆက်တွဲပြဿနာများ

    အတွေ့ရအများဆုံးနောက်ဆက်တွဲပြဿနာကတော့ သေဆုံးခြင်းပဲ ဖြစ်ပါတယ်။ တခြားပြဿနာတွေကတော့

    • ရောဂါပိုးဝင်ခြင်း

    • ရင်ဘတ်အောင့်ခြင်း

    • နှလုံးထိခိုက်ခြင်း

    • လေဖြတ်ခြင်း

    • အိပ်ရာပူနာဖြစ်ခြင်း

    • အနာတွင်ပိုးဝင်ခြင်း

    • သွေးပြန်ကြောသွေးခဲပိတ်ဆို့ခြင်းစတာတွေ ဖြစ်ပါတယ်။

    ဖြတ်တောက်လိုက်ရတဲ့ ခြေလက်တွေရှိနေပြီးနာကျင်တယ်လို့ မှားယွင်းခံစားမိနေခြင်းတွေလည်းရှိပါတယ်။ လူနာအများအပြားဟာအဲ့ဒီပြသနာကိုတွေ့ကြုံရပါတယ်။ ဖြစ်ပွားတဲ့ အတိုင်းအဆဟာတယောက်နဲ့တယောက် ကွာခြားနိုင်ပါတယ်။ အများစုဟာတော့ ပျောက်ကင်းဖို့ ကြာတတ်ပါတယ်။

    ၆။ ရှုမြင်သုံးသပ်ချက်

    ခြေလက်ဖြတ်တောက် ထားရသူတွေဟာအောက်ပါအခြေအနေတွေအပေါ် မူတည်ပါတယ်။

    • အသက်။ ငယ်ရွယ်သူတွေဟာပိုပြီးခံနိုင်ရည် ရှိပြီးလိုအပ်ချက်တွေကိုညှိယူနိုင်ပါတယ်။

    • ဖြတ်တောက်လိုက်ရတဲ့ အတိုင်းအတာ

    • ခြေလက်ဖြတ်လိုက်ရခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအပေါ် ခံနိုင်ရည်

    • ခြေလက်ဖြတ်တောက်ရခြင်းကိုပိုပြီးခက်ခဲစွာရင်ဆိုင်ရမည့် အခြားအခြေခံအကြောင်းရာများ

    ခြေလက်ဖြတ်တောက်လိုက်ရသူများဟာမိမိချစ်ခင်သူသေဆုံးသွားသလို ပူဆွေးဝမ်းနည်းမှု ခံစားရပါတယ်။

    လူတချို့ဟာ ဖြတ်တောက်လိုက်တဲ့ အစိတ်အပိုင်းဟာရှိနေသေးတယ်၊ နာကျင်နေတယ်လို့ ခံစားရတတ်ပါတယ်။

    ဒါပေမယ့် ကာလတာရှည် အားပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းကြောင့် လူနာများအထူးသဖြင့် ပိုပြီးငယ်ရွယ်သူများဟာလုပ်ငန်းခွင်၊ အားကစားနဲ့ တခြားလှုပ်ရှားမှုတွေကိုတဖြည်းဖြည်း ပြန်လည် ဝင်ရောက် နိုင်ပါတယ်။

    ၇။ ခွဲစိတ်ဖြတ်တောက်ခြင်းကိုဘယ်လိုလုပ်ဆောင်သလဲ။

    ဘယ်လောက်ဖြတ်တောက်ရမယ်ဆိုတဲ့ ခြေလက်နဲ့ ဘယ်လောက်ချန်ထားမယ်ဆိုတာအပေါ် မူတည်ပြီး ဖြတ်တောက်ခြင်းအမျိုးမျိုးရှိပါတယ်။

    ခြေထောက်ဖြတ်ခြင်း။ ခြေထောက်၊ ခြေဖဝါး၊ ခြေမစတာတွေဖြတ်တောက်ရတာအများဆုံးဖြစ်ပြီးသွေးကြောရောဂါ၊ ဆီးချိုရောဂါ ရှိနေတဲ့ လူကြီးတွေမှာတွေ့ရတတ်ပါတယ်။

    လက်ဖြတ်ခြင်း။ လက်မောင်း၊ လက်၊ လက်ချောင်းစတာတွေ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ ဒီအမျိုးအစားကတော့ ကြုံတွေ့ရတာပိုနည်းပါတယ်။ လူငယ်တွေမှာအဖြစ်များပြီးဆိုးရွားတဲ့ ထိခိုက် ဒဏ်ရာကြောင့် ဖြစ်နိုင်ပါတယ်။

    ခြေဖြတ်ခြင်းရောလက်ဖြတ်ခြင်းပါ မေ့ဆေး၊ ဒါမှမဟုတ် ခါးဆစ်ရိုးထုံဆေးနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ဖြတ်တောက်ချိန်မှာနာကျင်မှုကိုမခံစားရပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement