အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ကဘာလဲ။ သင့်ရဲ့ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံနားထင်ရိုးကို ပတ္တာကဲ့သို့ ဆက်သွယ်ပေးတဲ့ နားရွက်အရှေ့မှာရှိတဲ့ အဆစ်တစ်ခုဖြစ်ပါတယ်။ သင်စကားပြောနိုင်အောင်၊ ဝါးနိုင်အောင်၊ သန်းဝေနိုင်အောင် ဒီအဆစ်က မေးရိုးကိုအပေါ်အောက်နဲ့ ဘေးတိုက်ရွေ့လျားစေပါတယ်။ သင့်မေးရိုးနဲ့ မေးရိုးကိုထိန်းချုပ်တဲ့ မျက်နှာက ကြွက်သားတွေရဲ့ပြဿနာများကို မေးရိုးဆစ်ဆိုင်ရာပြဿနာများလို့ ခေါ်ပါတယ်။ Temporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ မေးရိုးဆစ်ပြဿနာတွေဟာ အလွန်နာကျင်စေပြီး နေရခက်စေပါတယ်။ ယာယီလည်းဖြစ်နိုင်ပြီး နှစ်ပေါင်းများစွာလည်း ကြာနိုင်ပါတယ်။ မျက်နှာရဲ့ တစ်ခြမ်းတည်းရော နှစ်ခြမ်းလုံးပါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်၂၀နဲ့၄၀ကြားမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများTemporomandibular Joint Syndrome (Tmj) (မေးရိုးဆစ်ဆိုင်ရာပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ မေးရိုးဆစ်ဆိုင်ရာပြဿနာများရဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း) ကဘာလဲ။ ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်းဆိုတာဘာလဲ ကျောရိုးမကြီး၏အလယ်ပိုင်းရှိ ကျောရိုးုများရှိရာနေရာနှင့်ကျောလယ်ပိုင်းတို့ကို ပေါင်း၍ ရင်ဘတ်ပိုင်းဟုခေါ်သည်။ တနည်းအားဖြင့်ဆိုရသော် လည်ပင်းအောက်ခြေမှ စ၍ နံရိုးခွေများ၏အောက်ခြေအထိကိုဆိုလိုသည်။ ဒဏ်ဖြစ်သည်ဆိုသည်မှာ ကြွက်သားများသည် လွန်စွာ ကျုံ့ခြင်း (သို့)အလုပ်လုပ်ရခြင်း တို့ကြောင့် ပုံမှန်ကဲ့သို့ဆောင်ရွက်မှုအားနည်းသွားခြင်း (သို့) ပြဲသွားခြင်း ဖြစ်သည်။ Thoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောရိုးမ၏ အလယ် ရင်ဘတ်ပိုင်းနေရာများတွင် အဖြစ်များသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်အား ဆက်သွယ်မေးမြန်းပါ။ လက္ခဏာများThoracic strain (ရင်ဘတ်နှင့်ကျောလယ်ရှိ ကြွက်သားများဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိက လက္ခဏာမှာ နာကျင်ခြင်းသာဖြစ်သည်။ အထူးသဖြင့် လှုပ်ရှားမှုပြုပါက ဥပမာ-လေ့ကျင့်ခန်းလုပ်နေစဉ် ပို၍နာတတ်သည်။ အထက်ပါ လက္ခဏာအပြင်အခြားရှိနိုင်သေးသည်။ စိုးရိမ်စရာရှိပါက ဆရာဝန်အား ဆက်သွယ်ပြသပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ကဘာလဲ။ ရှားပါးသောရောဂါတစ်မျိုးဖြစ်ပြီး ကြွက်သားများအားတောင့်တင်းခြင်း တခါတရံ အားလျော့ခြင်းများဖြစ်စေသည်။ ကြွက်သားများတောင့်တင်းခြင်းကြောင့် လမ်းလျောက်ရခက်ခြင်း စားရခက်ခြင်း စကားပြောရခက်ခြင်းများဖြစ်တတ်သည်။ မှားယွင်းသောဗီဇပြောင်းလဲမှုများကြောင့်ဖြစ်တတ်သည်။ မိခင် သို့မဟုတ် ဖခင်ထံတွင်ရှိပါက သင့်တွင်ဖြစ်တတ်သည် ရောဂါပုံစံနှစ်မျိုးရှိပါသည်။ ဘတ်ကာရောဂါ- ပို၍အဖြစ်များသည်။ အသက်လေးနှစ်နှင့် ဆယ့်နှစ်နှစ်ကြားတွင်လက္ခဏာစပြတတ်သည်။ အားနည်းသောကြွက်သားများကိုအဓိကတိုက်ခိုက်တတ်သည် များသောအားဖြင့် လက်မောင်းနှင့်လက်။ သော်ဆန်ရောဂါ -ရှားသည်။ ရောဂါလက္ခဏာများက မွေးပြီးလအနည်းငယ်တွင်စတတ်သည်။ များသောအားဖြင့် နှစ်နှစ်မှ သုံးနှစ်အတွင်း။ ခြေထောက်လက် နှင့်မျက်ခွံကြွက်သားများကိုအဓိကထိခိုက်စေသည်။ Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ Myotonia congenita (မွေးရာပါကြွက်သားချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မွေးရာပါကြွက်သားချို့ယွင်းခြင်း၏အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ကြွက်သားတောင့်တင်းခြင်းဖြစ်းသည်။ ငြိမ်နေပြီး လှုပ်ရှားမှုစတင်ချိန်တွင် ကြွက်သားများတောင့်တင်းလာသည်။ ခြေထောက်ကြွက်သားများတွင်ပိုဖြစ်တတ်သော်လည်း မျက်နှာ လက်နှင့် တခြားနေရာများတွင်လဲတောင့်တင်းတတ်သည်။ အချို့သူများတွင် ကြွက်သားတောင့်တင်းမှုကမပြင်းထန်တတ်သော်လည်း တချို့တွင် လှုပ်ရှားမှုပြုရန်ခက်ခဲသည်အထိဖြစ်တတ်သည်။ အဓိကထိသောကြွက်သားများမှာ ခြေထောက် လက် မျက်လုံးနှင့် […]


အရိုးကျိုးခြင်း

Boxer's fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ကဘာလဲ။ လက်ဝှေ့သမားအရိုးကျိုးခြင်း လက်သီးဆုပ်ဖြစ်အောင်လုပ်ပေးတဲ့ လက်က အရိုးလေးတွေကျိုးသွားခြင်းကို ဆိုလိုတာပါ။ ဆရာဝန်အချို့ကတော့ လက်ဝှေ့သမားဆိုတာထက် နပန်းသမားလို့ သုံးနှုန်းတာကို ပိုပြီး သဘောကျကျတယ်။ ဘာလို့လဲဆိုတာ လက်ဝှေ့သမားတွေက ဒီလိုမျိုး အရိုးကျိုးတာမျိုးနည်းပါတယ်။ တက်သစ်စနပန်းသမားတွေဟာ မိမိလက်ကို မထိခိုက်စေပဲ လက်သီးထိုးနည်းကို ကောင်းကောင်းကျင့်ထားသင့်ပါတယ်။ လက်ဖဝါးရိုးတွေဟာ လက်ချောင်းရိုးတွေနဲ့ လက်ကောက်ဝတ်အရိုးတွေကို ဆက်သွယ်ပေးထားပါတယ်။ လက်ဖဝါးရိုး ၅ ခု ရှိပြီးတော့ တစ်ခုချင်းစီက လက်ချောင်းတစ်ချောင်းချင်းစီကို လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ပေးထားပါတယ်။ လက်ဖဝါးရိုးတစ်ခုစီမှာ အခြေ၊ အတံ၊ လည်တိုင်နဲ့ ခေါင်းဆိုပြီး အစိတ်အပိုင်းတွေပါဝင်ပါတယ်။ လက်ဖဝါးရိုးရဲ့ အခြေဆိုတာဟ လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ထားတဲ့ အပိုင်းကို ဆိုလိုပါတယ်။ အတံဆိုတာကတော့ လက်ဖဝါးရိုးရဲ့ ရှည်ပြီးတော့ သွယ်လျတဲ့ အပိုင်းကိုဆိုလိုတာပါ။ လည်တိုင်ဆိုတာကတော့ အရိုးရဲ့ခေါင်းပိုင်းနဲ့ အတံပိုင်းတို့ကို ဆက်သွယ်ထားတာပဲဖြစ်ပါတယ်။ ခေါင်းအပိုင်းကတော့ လက်ဖဝါးရိုးကို လက်ချောင်းရိုးနဲ့ ဆက်သွယ်ပေးထားပါတယ်။ လက်သီးသေချာဆုပ်ထားမယ်ဆိုရင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Skier's thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။ စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း ဆိုတာဘာလဲ လက်မရှိအရိုးများကို ချိတ်ဆက်ပေးထားသော တစ်ရှုးအပျော့အား ထိခိုက်ဒဏ်ရာရခြင်းကိုဆိုလိုသည်။ ဆေးပညာအရ ထိုတစ်ရှူးပျော့အား အရွတ်ပြားဟုခေါ်သည်။ ပြင်းထန်ပါက အရွတ်ပြားသည် လုံးဝစုတ်ပြဲသွားပြီး ခွဲစိတ်ပြုပြင်ရသည်အထိဖြစ်သွားနိုင်သည်။ ထိုအရွတ်ပြား၏ ခိုင်မာမှုသည်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွတ်ပြားသည် လက်မ၏ ဆုပ်ကိုင်ခြင်းတာဝန်ကို ထမ်းဆောင်သည့်အတွက် ဖြစ်သည်။ Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ စကိတ်စီးရင်းရသောဒဏ်ရာများကြောင့် အများအားဖြင့်ဖြစ်ပွားသည်။8-10% သော စကိတ်စီးရင်းဖြစ်ပွားသည့် မတော်တဆမှုများတွင် တွေ့ရှိရသည်။ ဖြစ်နိုင်ချေများကို လျှော့ချပြီး ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပါ။ လက္ခဏာများSkier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မည်သည့်လက္ခဏာရပ်များတွေ့ရသနည်း။ အဖြစ်များသောလက္ခဏာများမှာ လက်မ၏အောက်ခြေဖြစ်သော လက်မနှင့် လက်ညှိးကြားကွက်လပ်နေရာတွင် နာကျင်နေခြင်း လက်မရောင်ရမ်းခြင်း လက်မနှင့်လက်ညှိုးကြားမှ မညှစ်နိုင်ခြင်း၊မဆုပ်ကိုင်နိုင်ခြင်း(သို့) ညှစ်ရန်အားနည်းနေခြင်း လက်မဘက်တွင်ရှိသော လက်ညိုးမျက်နှာပြင်အား ထိတွေ့လျှင်နာကျင်နေခြင်း လက်မပေါ်ရှိအရေပြားသည် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကဘာလဲ။ ဒူးတွင် အဖြစ်များသော ထိခိုက်ဒဏ်ရာတခုဖြစ်သည်။ ဒူးအရွတ်ပြားဆိုသည်မှာ အင်္ဂလိပ်အက္ခရာ C ပုံစံရှိပြီး ဒူးအရိုးအားငြိမ်အောင် ခုထားပေးသည့် ရာဘာကဲ့သို့သော အရွတ်ပြားတခုဖြစ်သည်။ ဒူးတစ်ဘက်စီတွင် အပြင်ဘက်အစွန်းရှိ အရွတ်ပြားတခုနှင့် အတွင်းဆုံးအစွန်းရှိ အရွတ်ပြားတခု ပေါင်းသော် နှစ်ခု ရှိသည်။ ထိုအရွတ်ပြားများသည် ဒူးတလျှောက်ရှိကိုယ်အလေးအချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် ဒူးအားငြိမ်အောင်ထိန်းထားပေးသည်။ ထိုအရွတ်ပြားများစုတ်ပြဲသွားပါက ဒူးသည် ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပေ။ Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေများသော အရာများကို ရှောင်ကြည်၍ ကာကွယ်နိုင်သည်။ ဘော်စတွန်ရှိ ကလေးဆေးရုံတစ်ရုံ၏လေ့လာချက်အရ 500,000 ထက်များသော ဒူးရွတ်ပြဲမှုများသည် အမေရိကန်နိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားနေကြောင်းသိရှိရသည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပြသပါ။ လက္ခဏာများKnee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒူးပြဲပါက ဒူးအားလှုပ်ရှားသောအခါ […]


အရိုးကျိုးခြင်း

Mallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း) ကဘာလဲ။ လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း ဆိုသည်မှာ လက်မ သို့မဟုတ် လက်ချောင်းထိပ်ပိုင်းတွင်ရှိသောလက်ဆစ်တွင် အရွတ်ထိခိုက်မိခြင်းကြောင့် လက်ချောင်းများ မဆန့်နိုင်တော့ခြင်းကိုခေါ်သည်။ “baseball finger” ဟုလည်းခေါ်သည်။ မမျော်လင့်ထားသော အရာ(ဥပမာ ဘောလုံး) သည် အရှိန်တခုဖြင့် လက်ချောင်းထိပ် သို့မဟုတ် လက်မ အားထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပြီးပါက သင့်လက်မသို့မဟုတ် လက်ချောင်းဆန့်တန်း နိုင်ခြင်းရှိတော့မည်မဟုတ်ပါ၊ Mallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်းသည် အဖြစ်များပါသည်။ မိန်းကလေးများတွင်ပို၍ဖြစ်တတ်သည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်တတ်သည်။ ထိုသို့ဖြစ်စေသည့်အခြေအနေများကိုရှောင်ရှာ်းခြင်းကိုကာကွယ်နိုင်သည်၊ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်တိုင်ပင်ပါ၊ လက္ခဏာများMallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း များမှာ လက်ချောင်းတွင် ယောင်လာခြင်း နာခြင်း အညိုအမဲစွဲလာခြင်းများဖြစ်တတ်သည်။ လက်ချောင်းထိပ် သည် သိသိသာသာ ကွေး၍ပြုတ်ကြနေတတ်သည်။ ကွေးကြနေသောလက်အား […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Lumbar Herniated Disc (ခါးကျောရိုးပြား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbar Herniated Disc (ခါးကျောရိုးပြား) ကဘာလဲ။ ခါးကျောရိုးပြား(Lumbar Vertebral disc)တွေဆိုတာ လူရဲ့ ခါးပိုင်းမှာ အရေးပါတဲ့ ကဏမှပါတယ်။ ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ တုန်ခါ ပွတ်တိုက်မှုများကို သက်သာစေခြင်း၊ ခနာကိုယ်အပေါ်ပိုင်းကို ထောက်ကန်ပေးခြင်း၊ ဘယ်စောင်းညာစောင်း ခါးကိုင်းခြင်းစတဲ့လှုပ်ရှားမှု အပြုအမူတွေအားလုံးကိုပါပြုလုပ်နိုင်ဖို့ အထောက်အကူပြုပေးပါတယ်။ ကျောရိုးဆစ်ကြားအပြား(Lumbar vertebral disc) ကျွံကျခြင်း ဒါမှမဟုတ် သူ့ရဲ့ အတွင်းထဲအရာအချို့ အပြင်ဘက်သို့ လျှံကျပြီး ကျောရိုးမဘေးမှ အာရုံကြောများကို ထိခိုက်မိကာ ခါးနာခြင်း၊ ခြေသလုံး ပေါင်များ နာကျင်ခြင်း စတဲ့ အာရုံကြောနာကျင်တဲ့ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ Lumbar herniated disc လက္ခဏာတွေဟာ အများအားဖြင့် သိသာတဲ့ အကြောင်းအရင်းမရှိပဲ စဖြစ်တက်ပေမဲ့ တစ်ခါတစ်လေမှာတော့ ပစ္စည်းအလေးအပင်တွေမခြင်း၊ ခါးကို လိမ်ပြီး လှည့်မိခြင်းတို့ကြောင့် ခါးရိုးပြားအပေါ်မှာ ဝိတ်ပိရာက စပြီး […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ကဘာလဲ။ တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်းဆိုတာ ဘာလဲ၊ တင်ပဆုံရိုးရှိအရွတ်သည် တင်ပဆုံရိုးအဆစ် လှုပ်ရှားမှုတွင် ပေါင်ထိပ်ရိုးနှင့်အတူ ပါဝင်သည်။ ထို့အပြင် တင်ပဆုံရိုးလှုပ်ရှားမှုတွင် ထိုအရွတ်သည် ရာဘာကဲ့သို့ ကြားခံတစ်ခုအနေဖြင့်၊ ပေါင်ထိပ်ရိုးကို ပေါင်ဆစ်ရိုးတွင် လုံခြံစိတ်ချရစွာနှင့် အဆင်ပြေချောမွေ့စွာလှုပ်ရှားသွားလာနိုင်ရန် ကူညီပေးပါသည်။ Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ တင်ပဆုံရိုးအရွတ်စုတ်ပြဲခြင်းသည် အားကစားသမားများတွင် အလွန်အဖြစ်များပါတယ်။ နီးစပ်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လက္ခဏာများ Hip labral tear (တင်ပဆုံရိုး အရွတ် စုတ်ပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများစုသော ထိုကဲ့သို့အရွတ်စုတ်ပြဲခြင်းတို့သည် ရောဂါလက္ခဏာ မပြတတ်ပဲရှိတတ်လေသည်။ တခါတရံမှသာ အောက်ပါအခြေအနေများထဲမှတချို့ လက္ခဏာများကို သင်ခံစားရတတ်ပါသည်။ လှုပ်ရှားမှုတိုင်းတွင် ပေါင်ထိပ်ရိုးနေရာမှ ထစ်နေ၊ သကဲ့သို့ခံစားရခြင်း ပေါင်ထိပ်အဆစ်နေရာ သို့မဟုတ် ပေါင်အတွင်းဘက်နေရာမှ နာကြင်ခြင်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကဘာလဲ။ အရည်အိတ်ရောင်ခြင်း ဆိုသည်မှာ ချောဆီဟု ခေါ် သော အရည်များဖြည့်ထားသော အိတ်များ ရောင်ခြင်း၊ နီရဲ ခြင်းကို ခေါ်ပါသည်။ ချောဆီသည် ပုခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူးခေါင်းနှင့် ခြေထောက် ဝန်းကျင်တွင် အများအား ဖြင့် ရှိပါသည်။ ချောဆီသည် အရိုးနှင့် ကြွက် သား၊ အရွတ်၊ အရေပြားစသော ဝန်းကျင်ရှိ အင်္ဂါများကြား တွင် ကြားခံအဖြစ် ဆောင်ရွက်ပေးကာ တစ်ခုနှင့် တစ်ခု လွယ်ကူစွာ လှုပ်ရှားနိုင်စေပါသည်။ အရည်အိတ်ရောင်ခြင်း သည် အရိုးအဆစ်များ မကြာခဏလှုပ်ရှားသောကြောင့် ဖြစ်ပွားပါသည်။ ဖြစ်စေသော အကြောင်းရင်းကို မရပ်တန့် နိုင်ပါက ရောဂါသည် ကုသမှုအပြီး ပြန်ဖြစ်နိုင်ပါသည်။ Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းသည် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း