backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကဘာလဲ။

ဒူးတွင် အဖြစ်များသော ထိခိုက်ဒဏ်ရာတခုဖြစ်သည်။ ဒူးအရွတ်ပြားဆိုသည်မှာ အင်္ဂလိပ်အက္ခရာ C ပုံစံရှိပြီး ဒူးအရိုးအားငြိမ်အောင် ခုထားပေးသည့် ရာဘာကဲ့သို့သော အရွတ်ပြားတခုဖြစ်သည်။ ဒူးတစ်ဘက်စီတွင် အပြင်ဘက်အစွန်းရှိ အရွတ်ပြားတခုနှင့် အတွင်းဆုံးအစွန်းရှိ အရွတ်ပြားတခု ပေါင်းသော် နှစ်ခု ရှိသည်။ ထိုအရွတ်ပြားများသည် ဒူးတလျှောက်ရှိကိုယ်အလေးအချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် ဒူးအားငြိမ်အောင်ထိန်းထားပေးသည်။ ထိုအရွတ်ပြားများစုတ်ပြဲသွားပါက ဒူးသည် ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပေ။

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များလေ့ရှိသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ဖြစ်နိုင်ချေများသော အရာများကို ရှောင်ကြည်၍ ကာကွယ်နိုင်သည်။ ဘော်စတွန်ရှိ ကလေးဆေးရုံတစ်ရုံ၏လေ့လာချက်အရ 500,000 ထက်များသော ဒူးရွတ်ပြဲမှုများသည် အမေရိကန်နိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားနေကြောင်းသိရှိရသည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပြသပါ။

လက္ခဏာများ

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒူးပြဲပါက ဒူးအားလှုပ်ရှားသောအခါ အသံတအိအိမြည်သံကိုလည်း ကြားရနိုင်ပါသည်။

ထို့ပြင်

  • နာကျင်နေခြင်း၊ အထိမခံနိုင်လောက်အောင်နာကျင်ခြင်း
  • ရောင်ရမ်းလာခြင်း
  • ဒူးအား လှုပ်ရှားရခက်ခြင်း (သို့) ပုံမှန်လှုပ်ရှားနေသကဲ့သို့အဆုံးထိလှုပ်ရှား၍မရခြင်း
  • ဒူးခိုင်နေခြင်း၊ကပ်နေခြင်း
  • ပုံမှန်ကဲ့သို့ထောက်ကန်မထားနိုင်တော့သော ဒူး၏ အာရုံခံစားမှုကိုသိရှိနေခြင်း

စသည်ဖြင့် ခံစားရနိုင်ပါသည်။

ချောင်ချိ၍ချော်ထွက်နေသော ဒူး၏ အာရုံ ခံစားမှုအချို့ကိုလည်းတွေ့ကြုံခံစားရနိုင်ပါသည်။

အထက်ပါလက္ခဏာများအပြင် အခြားရှိနိုင်သေး၍ စိုးရိမ်ရပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒူးအားတခုခုထိခိုက်ပြီးမှ အထက်ပါလက္ခဏာရပ်များတွေ့ရှိရသည်ဖြစ်စေ အထက်ပါလက္ခဏာရပ်များသည် ရက်အနည်းငယ်အထိ မပျောက်သေးပဲကျန်ရှိနေသည်ဖြစ်စေ ဆရာဝန်အား ဆက်သွယ်ပြသသင့်ပါသည်။ ဒူးခိုင်ခြင်းနှင့် ဒူးအားဆန့်ပြီး ပြန်ကွေး၍မရခြင်းများဖြစ်ပွားပါကလည်း ဆရာဝန်အား ချက်ချင်းဆက်သွယ်သင့်ပါသည်။

အကြောင်းရင်းများ

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဒူးအရွတ်သည် ပြင်းထန်သောလှည့်အား များမှ ဖြစ်ပေါ်လာသည့် တိုက်ရိုက်ဖိအား များဖြစ်စေသည့် လှုပ်ရှားမှုများတွင် ပြဲသွားတတ်သည်။ ရုတ်တရက်ဒူးအား မထိန်းမိပဲလှည့်မိခြင်း၊အားဖြင့်ဆောင့်၍ ဆောင့်ကြောင့်ထိုင်မိခြင်း (သို့) လေးပင်သောပစ္စည်းများမခြင်းတို့ကြောင့်ဖြစ်ပွားစေတတ်သည်။ အားကစားသမားအများစုတွင် ဖြစ်နိုင်ချေများသည်။

ရုတ်တရက်လှည့်ခြင်း၊ရပ်ခြင်း ၊ အရှိန်သတ်ခြင်းတို့ပြုလုပ်ရသည့် အားကစားများတွင်ဖြစ်နိုင်ချေအလွန်များပြီး ထိုအားကစားအချို့ကိုပြောရလျှင်

  • ဘောလုံးကန်ခြင်း
  • ဘတ်စကတ်ဘောကစားခြင်း
  • အမေရိကန်ဘောလုံးကစားနည်းအားကစားခြင်း
  • တန်းနစ်ကစားခြင်းတို့ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘော်စတွန်ကလေးဆေးရုံ၏လေ့လာချက်အရ ကလေးများသည် ငယ်ငယ်ရွယ်ရွယ်နှင့် အားကစားပေါင်းစုံပြုလုပ်သောအခါ ဖြစ်နိုင်ချေများနေကြောင်းတွေ့ရှိရသည်။ အထူးသဖြင့်

အားကစားတခုကို အားစိုက်ခွန်စိုက်ပြုလုပ်သောအခါ ကလေးတင်မက လူကြီးအရွယ်များမှာပါ

ဖြစ်နိုင်ချေများနေကြောင်းတွေ့ရှိရသည်။ အသက်အရွယ်ကြီးလာလေလေ ဒူးအရွတ်ပြားများသည် လျော့ရဲအားနည်းလာသောကြောင့် ထိုကဲ့သို့အရွတ်ပြားလျော့ရဲနေပါက ဆောင့်ကြောင့်ထိုင်ခြင်း နှင့် သာမာန်ကခုန်ခြင်းတို့ကပင် အရွတ်ပြားများကို ပြဲစေနိုင်သည်။ အရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါများရှိပါကလည်း ဒူးရွတ်ပြဲခြင်းဖြစ်နိုင်ချေမှာ ပိုမိုများပြားနေကြောင်းတွေ့ရှိရသည်။ ထိခိုက်ဒဏ်ရာနှင့် အသက်အရွယ်ကြီးရင့်ခြင်းတို့ကြောင့် အဆစ်အမြစ်များရောင်ခြင်း၊တောင့်ခြင်းနှင့် ကိုက်ခြင်းများဖြစ်ပွားခြင်းကို ဆိုလိုသည်။ အသက်အရွယ်ကြီးရင့်သူများတွင် ဒူးရွတ်ပြဲပါကထိုအရွတ်သည် သုံးမရလောက်အောင် ပျက်စီးသွားနိုင်ခြင်းမှာ ပိုမိုအားနည်းလျော့ရဲသော အရွတ်အရိုးနုပြားများကြောင့်ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်အားဆရာဝန်မှ မေးမြန်းပြီးနောက် မည်မျှလှုပ်ရှားနိုင်သေးကြောင်း ဒူးအားစမ်းသပ်စစ်ဆေးမည့်အပြင် အရွတ်ပြားရှိရာနေရာကိုလည်းသေချာကြည့်ရှူတတ်သည်။

ထို့နောက် မက်မာရေး စမ်းသပ်မှုကို လုပ်ဆောင်တတ်သည်။ ထိုစမ်းသပ်မှုမှာ ဒူးအားကွေးပြီး ပြန်ဆန့်စေကာ လှည့်ကြည့်ခြင်းဖြစ်သည်။ အကယ်၍အရွတ်ပြားပြဲနေပါက တအိအိအသံမြည်တတ်သည်။

ဒူးအားဓါတ်မှန်ရိုက်ခြင်း – ဒူးရွတ်ပြဲနေခြင်းကို မမြင်တွေ့နိုင်သော်လည်း အခြားသောဒူးနာခြင်းများရှိမရှိကို သေချာစေရန်အသုံးဝင်သည်။

ဒူးအားသံလိုက်ဓါတ်မှန်ရိုက်ခြင်း – အရိုးနုများနှင့် အရွတ်ပြားများတွင် ထိခိုက်ဒဏ်ရာနှင့် ပြဲနေမှုရှိမရှိကို ကြည့်ရှူနိုင်သည်။ သံလိုက်ဓါတ်မှန်ကို အသုံးပြုခြင်းဖြင့် အရွတ်ပြားပြဲခြင်းရှိမရှိကို သိရှိနိုင်သော်လည်း 2008ခုနှစ်ရှိ ထိခိုက်ဒဏ်ရာများအကြောင်း လေ့လာမှုတခုအရ သံလိုက်ဓါတ်မှန်သည် ယခုကဲ့သို့ဒူးရွတ်ပြဲခြင်းကို စစ်ဆေးရာတွင် 77ရာခိုင်နှုန်းသာတိကျသေချာကြောင်းတွေ့ရသည်။ သံလိုက်ဓါတ်မှန်တွင် အသက်ကြီးသောအခါဖြစ်ပွားသော ပြောင်းလဲမှုများနှင့် အရွတ်ပြဲသောအခါ ဖြစ်သောပြောင်းလဲမှုတို့သည် ခွဲရခက်လောက်အောင်တူညီနေတတ်၍ ဆရာဝန်မှ အရွတ်ပြဲနေသည်ဟုလည်းကောင်း အရွတ်ပြဲခြင်းမရှိဟုလည်းကော်း မှားယွင်းစွာ ကောက်ချက်ချနိုင်သည်။ သို့သော် အချို့သောသူများတွင် သံလိုက်ဓါတ်မှန်မှ တိကျသော အဖြေမှန်ထုတ်ပေးနိုင်ပါက

ဒူးဆစ်အတွင်းသို့မှန်ပြောင်းကြည့်ရန်မလိုအပ်တော့ပေ။

အယ်ထရာဆောင်းရိုက်ခြင်း – အယ်ထရာဆောင်းရိုက်ခြင်းဖြင့် ဒူးဆစ်ရှိ အရိုးနုပြားများ လျော့ရဲနေခြင်းရှိမရှိကို သိနိုင်သည်။

အထက်ပါစမ်းသပ်နည်းများဖြင့် ဒူးရွတ်ပြဲနေကြောင်း သိရှိရန်မလုံလောက်သည်ဖြစ်စေ ခွဲစိတ်ရမည်ဖြစ်စေ ဆရာဝန်မှ ဒူးဆစ်တခုလုံးအား မှန်ပြောင်းကြည့်ရန်ညွှန်ကြားတတ်သည်။

ဒူးဆစ်နားတွင် ဓါးရာပေး၍ ပျော့ပျောင်းပါးလွှာသော ဖိုက်ဘာအော့်တစ် မှန်ပြောင်းလေးအားဒူးဆစ်အတွင်းသို့ထည့်သွင်းကာ ကြည့်ရှူခြင်းဖြစ်သည်။ အလင်းရောင်အနည်းငယ်ပေးနိုင်သည့်အပြင် ကင်မရာကဲ့သို့ဆောင်ရွက်ပြီး အချို့သောခွဲစိတ်ပစ္စည်းများကိုလည်းမှန်ပြောင်းအတွင်းထည့်သွင်းနိုင်သည်။ ခွဲစိတ်ခြင်းဖြစ်စေ ၊ စမ်းသပ်ကြည့်ရှူရန်ဖြစ်စေ မှန်ပြောင်းကြည့်ပြီးပါက ထိုနေ့တွင်ပဲ အိမ်ပြန်နားနေနိုင်သည်။

Knee meniscus tear (ဒူးအရွတ်ပြားပြဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် များပြားလှသော အကြောင်းအရင်းများ ဥပမာ ဒူးပြဲမှု၏ ပြင်းထန်မှုနှင့် ပုံစံအမျိုးအစားပေါ်တွင်မူတည်သည်။ အသက်အရွယ်နှင့် မိမိ၏အနေအထိုင်ကလည်း ကုသမှုအပေါ်သက်ရောက်မှုရှိသည်။

ကုသမှုများမှာ

  • ဒူးအား အနားပေးခြင်း၊ရေခဲအုံခြင်း၊ဒူးအားငြိမ်အောင် ဆန့်နိုင်ကျုံ့နိုင်သော အရာများဖြင့် ကျပ်စည်းခြင်း၊ခြေထောက်အောက်တွင် ဖက်လုံးများခုထားခြင်း
  • နှိပ်နယ်ပေးခြင်း
  • အရွတ်ပြားအား ခွဲစိတ်ပြုပြင်ခြင်း
  • အရွတ်ပြားအား ခွဲစိတ်ဖြတ်ထုတ်ခြင်း စသည်ဖြင့်ဖြစ်သည်။

လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ

မည်ကဲ့သို့သော အနေအထိုင်အပြုအမူများက ကုသမှုကို အထောက်အကူပြုသနည်း

ရှေးဦးစွာ

  • ဒူးအားအနားပေးခြင်း၊ချိုင်းထောက်အသုံးပြုခြင်း၊နာကျင်စေသော လှုပ်ရှားမှုများအားလုံးကို ရှောင်ကြဉ်ခြင်း
  • သုံးနာရီ လေးနာရီခြားတခါ နာရီဝက်မျှ ရေခဲအုပ်ခြင်း
  • ကျုံ့နိုင်ဆန့်နိုင်သော ပတ်တီးများဖြင့် ကျပ်စည်းခြင်း
  • ခြေထောက်အားထောင်ထားခြင်း၊မြှောက်ထားခြင်း တို့ကို ပြုလုပ်ပါ။

အိုင်ဘူပရိုဖန် နှင့် အက်စ်ပရင်ကဲ့သို့သော အရောင်ကျစေသည့် ဆေးများကိုလည်း

သောက်သုံးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာအောင်ပြုလုပ်နိုင်သည်။

နာကျင်နေသည့် ဒူးဘက်သို့အားစိုက်ခြင်း၊အလေးမခြင်းနှင့် မှီခြင်းများမပြုလုပ်သင့်ပါ။

အားကစားပုံမှန်ပြုလုပ်ခြင်းဖြင့်လည်း အရွတ်ပြားများ သန်မာအောင် ဆောင်ရွက်ကာ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်သော ဒူးရွတ်ပြဲမှုကို ကာကွယ်နိုင်သည်။

အားကစားပြုလုပ်ရာတွင်ဒူးစွပ်ဝတ်ဆင်ခြင်းနှင့်အခြားသော အကာအကွယ်များပြုလုပ်ခြင်းဖြင့် ထိခိုက်ဒဏ်ရာမှတဆင့် ဒူးရွတ်ပြဲခြင်းဖြစ်နိုင်ချေကို လျှော့ချနိုင်သည်။

  • အားကစားမလုပ်ခင် သွေးပူအောင် လုပ်ခြင်း
  • ပြုလုပ်မည့်အားကစားအတွက်ထိခိုက်ဒဏ်ရာအားကာကွယ်ပေးနိုင်သော သင့်တော်သည့် အကာအကွယ်ပစ္စည်းများ ဥပမာ – ရှူးဖိနပ်များ ကို အသုံးပြုခြင်း
  • စီးနင်းမည့်ဖိနပ်အား မြဲမြံခိုင်မာစေခြင်း၊ဖိနပ်ကြိုးသေချာချည်ခြင်း
  • ပြုလုပ်မည့် အားကစားအတွက် သင့်တော်သော လှုပ်ရှားမှုနည်းစနစ်များကို လေ့လာကျင့်ယူခြင်း တို့ကလည်း အကူညီဖြစ်ကြောင်းတွေ့ရှိရသည်။

ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement