backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ
သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ

သွားက ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းဆိုပေမယ့် သွားမှာလည်း နာကျင်တာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်သလို အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ ကို အတူတူလေ့လာ ကြည့်ရအောင်နော်။

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ သွားကိုက်တာက အတော်လေး ခံစားရခက်သလို အလုပ်လည်း ပျက်ပါတယ်။ သွားတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

သွားကို ဘယ်လို ဖွဲ့စည်းထားသလဲ………

ပုလဲလေးတွေ သီထားသလို အစီအရီနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို

  • အပေါ်ယံ ကြွေလွှာ (Enamel)
  • ဆင်စွယ်လွှာ (Dentin)
  • သွားအတွင်းဆုံး အကြောလွှာ (Pulp)
  • သွားအမြစ်ကို သွားဖုံးနဲ့ မေးရိုးမှာ မြဲမြံအောင် တွယ်ဆက်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးလွှာ (Cementum)
  • သွားတွေကို မေးရိုးမှာ ခိုင်မြဲစေဖို့ ကုပ်တွယ်ပေးထားတဲ့ တစ်ရှူး (Periodontal ligament) တို့နဲ့ ဖွဲ့စည်းထားတာပါ။

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ က ဘာတွေလဲ…………

သွားလေးတွေက မာကျောပေမယ့် သေချာ ဂရုစိုက်မှု မရှိဘူးဆိုရင်တော့ အခုလို ပြဿနာလေးတွေကို ခံစားရနိုင်ပါတယ်။

သွားကိုက်တာ

သွားကိုက်တာက လူတိုင်းလိုလို ခံစားဖူးတဲ့ ပြဿနာပါ။ ခံရခက်သလို အစားအသောက်ပျက်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ သွားကိုက်တဲ့အခါ

  • သွားထဲက အရမ်းနာမယ်
  • နေလို့ မရအောင် တဒိတ်ဒိတ်နဲ့ ကိုက်နေမယ်
  • တစ်ခုခု ဝါးလိုက်တိုင်းနာမယ်
  • သွားတဝိုက်က သွားဖုံး၊ ပါး စတာတွေ ရောင်ရမ်းလာမယ်
  • သွားကနေ ပြည်လို အရည်တွေထွက်မယ်။ အနံ့ဆိုး ထွက်မယ်
  • ကိုယ်ပူမယ်
  • ခေါင်းကိုက်မယ် စတာတွေ ခံစားရနိုင်ပါတယ်။

သွားပိုးစားတာ

သွားပိုးစားတာကို လူတော်တော်များများက သိကြ ကြားဖူးကြပေမယ့် အမှတ်တမဲ့ပဲ ထားလိုက်တတ်ကြပါတယ်။ တကယ်ကတော့ သွားပိုးစားတယ်ဆိုတာက စားလိုက်တဲ့ အစားအသောက်ထဲက ပါဝင်တဲ့ သကြားဓာတ် နဲ့ သွားမျက်နှာပြင်ပေါ်မှာ ကပ်ညှိနေတဲ့ သွားချေးလွှာထဲက ဘက်တီးရီးယားပိုးတွေ ပေါင်းစပ်ကာ ထွက်လာတဲ့ အက်ဆစ်တစ်မျိုးကြောင့် သွားမျက်နှာပြင်ကြွေလွှာများ ပျက်စီးရင်း သွားပိုးပေါက်တွေ ဖြစ်လာရတာပါ။

သွားပိုးစားတာက အပေါ်ယံ ကြွေလွှာကနေတဆင့် သေချာ ဂရုမစိုက်ဘဲ ထာမယ်ဆိုရင် အတွင်းက အလွှာတွေကို လှိုက်စားပြီး သွားကျဉ်တာ၊ သွားအခေါင်းပေါက်တွေ ဖြစ်လာတာတွေဖြစ်ပြီး သွားအမြစ်ထိပ်ပြည်တည်လာနိုင်ပါတယ်။ သွားအမြစ်ထိပ် ပြည်တည်တဲ့အခါ  မခံမရပ်နိုင်အောင် နာကျင် ကိုက်ခဲ လာတတ်ပါတယ်။

သွားပိုးစားခြင်းဟာ ကလေး လူကြီးမရွေးဖြစ်တတ်တာကြောင့် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

သွားဖုံးရောဂါ

သွားပိုးစားတာပြီးရင် သွားဖုံးရောဂါ ဖြစ်တာက အဖြစ်အများဆုံး သွားနဲ့ခံတွင်း ပြဿနာပါ။ အဖြစ်များတဲ့ သွားဖုံးရောဂါ တွေကတော့..

ဒီရောဂါတွေ ခံစားရတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ သွားဖုံးတွေ လျှော့ရဲတာ၊ သွားဖုံးသွေးယိုစီးတာ၊ သွားတိုက်လိုက်တိုင်း သွားဖုံးကနေ သွေးထွက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ခံတွင်းကင်ဆာ

ဒါကလည်း အဖြစ်များတဲ့ သွားနဲ့ ခံတွင်း ပြဿနာတစ်ခုပါ။ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေကြောင့် အဓိက ဖြစ်တာပါ။ ခံတွင်းကင်ဆာက အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်တဲ့ သွားနဲ့ ခံတွင်း ပြဿနာတစ်ခုပါ။

ဒါတွေအပြင် သွားကျဉ်တာ၊ ခံတွင်းအနံ့ဆိုးတာ၊ သွားဖုံးရောင်တာ၊ သွားမှာ ကျောက်ဖြစ်တာစတဲ့ ခံတွင်းပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

Takeaway

သွားနဲ့ သွားဖုံး ပြဿနာ ကင်းစေဖို့ဆိုရင် သင့်တော်မယ့် သွားပွတ်တံ နဲ့ သွားတိုက်ဆေးကို ရွေးချယ်ပြီး မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ တိုက်တာ၊ ပုံမှန် စစ်ဆေးမှု ခံယူတာ။ တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တာ။ အစားစားပြီးတိုင်း ပလုတ်ကျင်းတာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mouth https://www.britannica.com/science/mouth-anatomy Accessed Date 4 December 2020

Dental Anatomy and Development of the Mouth https://www.dentalone-md.com/dental-anatomy-and-development-of-the-mouth/ Accessed Date 4 December 2020

ယခုပုံစံ

01/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement