backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားနဲ့ခံတွင်း အကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားနဲ့ခံတွင်း အကြောင်း တစေ့တစောင်း
သွားနဲ့ခံတွင်း အကြောင်း တစေ့တစောင်း …… သွားနဲ့ခံတွင်း က ပြောတော့သာ ဘာမှ မဟုတ်တယ်။ ခန္ဓာကိုယ်အတွက် အတော်လေး အလုပ်များတဲ့ အစိတ်အပိုင်းပါ။ ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဆိုလည်း ဟုတ်ပါတယ်။ဒီတော့ သွားနဲ့ခံတွင်း မှာ ဘယ်လို အစိတ်အပိုင်းလေးတွေ ပါလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။

သွားနဲ့ခံတွင်း မှာ ဘာတွေပါ……….

သွားနဲ့ခံတွင်း အကြောင်း ဆိုလို့ ဒီနှစ်မျိုးတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ သွားနဲ့ ခံတွင်းမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းလေးတွေက အများကြီးပါ။ နှုတ်ခမ်းကစလို့ အစာရေမျိုမရောက်ခင်အထိက ခံတွင်းပါ။

ဒီခံတွင်းထဲမှာ အကြမ်းဖျင်းအားဖြင့်ကတော့ သွားတွေ၊ သွားဖုံး၊ လျှာ၊ တံထွေး ဂလင်း၊ အာခေါင်စတဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်နေတာပါ။

ခံတွင်း

ခံတွင်းကို ပါးစပ်လို့လည်း ခေါ်ကြပါတယ်။ ခံတွင်းက အစားအစာတွေကို ချေဖျက်ပေးတယ်။ စကားပြောဖို့ အသံတွေကို ထုတ်ပေးတယ်။ ဒီတာဝန်တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးနေတဲ့ ပါးစပ်ထဲမှာ ဒီအစိတ်အပိုင်းလေးတွေ ပါဝင်နေပါတယ်။

  • အထက် နှုတ်ခမ်း
  • အောက်နှုတ်ခမ်း
  • ပါး
  • အားခေါင်မာ
  • အာခေါင်ပျော့
  • လျှာ
  • လျှာခင်
  • သွားဖုံး
  • သွားတွေ ပါဝင်နေပါတယ်။

ဒီအစိတ်အပိုင်းလေ​တွေ ဟန်ချက်ညီစွာ လှုပ်ရှားမှုကြောင့် အစာတွေကို ကြိတ်ဝါးတာ၊ အရသာခံတာ၊ ချေဖျက်တာ၊ မျိုချတာတွေကို လုပ်ဆောင်နိုင်တာပါ။ စကားလုံးတွေကို ပီသစွာ ပြောဆိုနိုင်စေဖို့လည်း အကောင်းဆုံး လုပ်ဆောင်ပေးပါသေးတယ်။

အစားတစ်ခုခုကို စားလိုက်တဲ့အခါ သွားတွေက ဝါးပေးရင်း လျှာက အရသာခံလို့ ခံတွင်းနောက်ပိုင်း အစာရေမြိုဆီ ရောက်အောင် ပို့ဆောင်ပေးပါတယ်။ ဒီအစာတွေကို ချေဖျက်ဖို့နဲ့ သယ်ဆောင်ရလွယ်စေဖို့ တံထွေး ဂလင်းတွေက တံထွေးတွေကို ထုတ်ပေးပါတယ်။

နှုတ်ခမ်းတွေကတော့ အသံတွေ ပီသစေဖို့ အပိတ်အဖွင့် ဟန်ချက်ညီစွာ လှုပ်ရှားပေးသလို စားလိုက်တဲ့ အစားအစာတွေ၊ ရေတွေ အပြင်ထွက်မကျစေဖို့လည်း တံခါးကြီး တစ်ချပ်လို လုပ်ဆောင်ပေးပါသေးတယ်။

အစာတွေကို အစာပြွန် လေတွေကို လေပြွန်ဆီ သီးသန့်ရောက်ရှိစေဖို့လည်း ပါးစပ်ထဲက အစိတ်အပိုင်းလေးတွေက လုပ်ဆောင်ပေးပါသေးတယ်။ ပါးစပ်က အစာခြေစနစ်ရဲ့ ဂိတ်ဝဖြစ်သလို အာဟာရထောက်ပံ့ပေးမှု လုပ်ငန်းစဉ်ရဲ့ ရှေ့တန်းတိုက်စစ်မှူးဆိုလည်း မမှားပါဘူး။

သွား

သွားတွေက ခန္ဓာကိုယ်ရဲ့ အမာကျောဆုံး အစိတ်အပိုင်းတွေပါ။ ဝါးစားတာအပြင် သွားတွေက စကားလုံးတွေ ပီသစေဖို့လုပ်ဆောင်ပေးပါတယ်။ သွားမှာလည်း အစိတ်အပိုင်းလေးတွေက အများကြီးပါဝင်နေပါတယ်။

  • အပေါ်ယံ ကြွေလွှာ (Enamel)
  • ဆင်စွယ်လွှာ (Dentin)
  • သွားအတွင်းဆုံး အကြောလွှာ (Pulp)
  • သွားအမြစ်ကို သွားဖုံးနဲ့ မေးရိုးမှာ မြဲမြံအောင် တွယ်ဆက်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးလွှာ (Cementum)
  • သွားတွေကို မေးရိုးမှာ ခိုင်မြဲစေဖို့ ကုပ်တွယ်ပေးထားတဲ့ တစ်ရှူး (Periodontal ligament) တို့ပဲ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အထက် ရောက်လာသူတွေမှာ သွားက ၃၂ ချောင်းရှိပါတယ်။

  • ရှေ့သွားက အပေါ် ၂ ချောင်း၊ အောက် ၂ ချောင်း စုစုပေါင်း (၄) ချောင်း
  • စွယ်သွားက အပေါ် ၂ ချောင်း၊ အောက် ၂ ချောင်း စုစုပေါင်း (၄) ချောင်း
  • ကိုက်ဖြတ်ပေးတဲ့ ရှေ့အံသွားက အပေါ်၄ ချောင်း အောက် ၄ ချောင်း စုစုပေါင်း (၈) ချောင်း
  • အံသွားက အပေါ်၄ ချောင်း အောက် ၄ ချောင်း စုစုပေါင်း (၈) ချောင်း
  • အံဆုံးက အပေါ် ၂ ချောင်း အောင် ၂ ချောင်း စုစုပေါင်း (၄) ချောင်း စတာတွေပါဝင်ပါတယ်။ သွားက ငယ်သွားလဲပေမယ့် လူတိုင်းမှာ သွား အပိုက တစ်စုံပဲ ပါလာတာပါ။ ဒါကြောင့် ငယ်သွားလဲပြီးတဲ့အခါ သွားကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

ကြီသွားကို ထိခိုက်တာ၊ ကျိုးတာမျိုး ဖြစ်မယ်ဆိုရင် သွားက အသစ်ထွက်လာမှာ မဟုတ်ဘဲ သွားစိုက်ရတာ အံကပ်တပ်တာရတာတွေ လုပ်ဆောင်ရနိုင်ပါတယ်။

Takeaways

သွားနဲ့ ခံတွင်းက အာဟာရ ဖြည့်တင်းရေး အတွက်ရော၊ ပြောဆို ဆက်သွယ်မှုအတွက်ပါ အရေးပါတာကြောင့် ထိခိုက်မှု မဖြစ်စေဖို့ သွားမှန်မှန်တိုက်တာ၊ သွားကို ပုံမှန် စစ်ဆေးမှုတွေလုပ်တာ၊ သွားနဲ့ခံတွင်း ကျန်းမာစေမယ့် အစားအစားတွေ စားတာ၊ ရေများများ သောက်တာတွေ လုပ်ဖို့ လိုပါမယ်။

သွားနဲ့ ခံတွင်း ထိခိုက်စေတဲ့ အပြုအမူတွေကို ရှောင်ဖို့လည်း လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement