backup og meta

မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

    ဝက်ခြံ ဆိုတဲ့ စကားလုံးက ပြောတော့သာ ဘာမှ မဟုတ်သလို တော်တော်လေးတော့ စိတ်ရှုပ်စရာ ပေးတယ်နော်။ မျက်နှာ ပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေ ဆိုရင် အလှပျက်စေတဲ့ အထိ ဆိုးရွားတာကြောင့် တော်တော်လေး စိတ်ရှုပ်စေတာ အမှန်ပါ။  မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို စိတ်ညစ်နေပြီလား……….

    ဒီလို ဝက်ခြံတွေက ပေါက်တဲ့ နေရာနဲ့ အမျိုးအစား ကွာခြားမှု အလိုက် စောင့်ရှောက်မှု ပေးရတဲ့ ပုံစံလည်း ကွာခြား ပါတယ်။ ဒီ တစ်ခေါက်တော့ မေးရိုး တလျှောက်မှာ အစီအရီ နေရာ ယူထားတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေ အတွက် ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြပေးချင် ပါတယ်။

    ဝက်ခြံ

    အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ၊ အဆီပိုတွေ၊ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ နဲ့ အညစ်အကြေးတွေက ချွေးပေါက်တွေကို ပိတ်ဆို့တာ ကနေတဆင့် ဝက်ခြံတွေ ဖြစ်လာရ တာပါ။ ဝက်ခြံက မျက်နှာပေါ်က နေရာအနှံ့မှာ ပေါက်နိုင်သလို ဦးရေပြား၊ နား အတွင်းပိုင်း၊ နှာခေါင်း အတွင်းပိုင်း၊ ရင်ဘတ် နဲ့ နောက်ကျောအပါအဝင် ခန္ဓာကိုယ်က နေရာအနှံ့မှာ ပေါက်နိုင်ပါတယ်။

    မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေ

    မေးရိုး တလျှောက်မှာ ပေါက်လေ့ရှိပြီး နီးမြန်း ရောင်ရမ်း နေတတ်သလို အဖြူဆံလေးတွေ ရှိနေတဲ့ ညှစ်ထုတ်ရခက်တဲ့ ဝက်ခြံတွေ အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ လေဒီလေးတွေမှာဆိုရင် အလှကုန် ပစ္စည်းတွေ အသုံးပြုတာ၊ ဓာတ်မတည့်တဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေ အသုံးပြုတာ၊ မေးသိုင်းရတဲ့ ဦးထုပ်မျိုးဝတ်ဆင်တာ၊ မျက်နှာမှာ ဝတ်ဆင်ရတဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်း တစ်ခုခု ဝတ်ဆင်တာတွေကြောင့် ဝက်ခြံတွေ ဖြစ်ရတာပါ။ ဟော်မုန်း အပြောင်းအလဲကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။

    မေးရိုးပေါ်မှာ ဝက်ခြံဖြစ်စေတာ ဘာတွေကြောင့်လဲ…………………

    ချွေးပေါက်တွေ ထဲကို အရေပြား ပေါ်မှာနေတဲ့ဘက်တီးရီးယားတွေ ဝင်ရောက် ကူးစက်တာ ကနေလည်း ဝက်ခြံတွေ ဖြစ်လို့ နီမြန်း ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ မေးရိုးပေါ်မှာ ဝက်ခြံ ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေက

    အလှကုန်တွေ အသုံးပြုတာအစိုဓာတ်ထိန်းခရင်မ်၊ မိတ်ကပ်၊ ဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေ၊ အဆီ ပါဝင်မှု များတဲ့ အလှကုန်တွေ အသုံးပြုမိတာကြောင့် မေးရိုးမှာ ဝက်ခြံတွေ ဖြစ်ရတာပါ။

    အားကစားသုံး ပစ္စည်းတွေ – မျက်နှာမှာသိုင်းပြီးဝတ်ရတဲ့ အားကစားသုံးပစ္စည်းတွေဝတ်ဆင်တာကြောင့်ချွေးတွေ၊ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိတာကြောင့်မေးရိုးမှာ ဝက်ခြံတွေဖြစ်ရတာပါ။

    သီချင်း နားထောင်တဲ့ နားကြပ် – သီချင်းနားထောင်တဲ့ နားကြပ်တွေမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေ နဲ့ ထိတွေ့မိတာကြောင့်လည်း မေးရိုးမှာ ဝက်ခြံတွေဖြစ်ရ တာပါ။

    လက်ကိုင်ဖုန်း– လက်ကိုင်ဖုန်း မျက်နှာပြင်မှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေ ကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံတွေ ဖြစ်ရ တာပါ။

    မုတ်ဆိတ် ရိတ်တာ – မုတ်ဆိတ်ရိတ် တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်စင်မှု အားနည်း တာကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံတွေ ဖြစ်ရ တာပါ။

    ဆေးဝါးတွေ – စတီးရွိုက် ပါဝင်နေတဲ့ အချို့သော ဆေးတွေ ကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံ ဖြစ်ရ တာပါ။

    ဟော်မုန်း အပြောင်းအလဲ – ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲ ဖြစ်တာကြောင့်လည်း ဝက်ခြံတွေ ဖြစ်နိုင်ပါ သေးတယ်။

    မမျိုးဥအိမ် အရည်အိတ်တည်ခြင်း (Polycystic ovary syndrome) – လေဒီလေးတွေ အနေနဲ့ မမျိုးဥအိမ်မှာ အရည်အိတ် တည်တာကြောင့် ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ… ဆက်ကြည့်လိုက်ရအောင်နော်။

    ဘယ်လို သက်သာအောင် လုပ်မလဲ…………….

    မေးရိုးပေါ်က ဝက်ခြံတွေကို သက်သာစေ ဖို့ဆိုရင် ဒီ နည်းလမ်းလေးတွေ သုံးလို့ ရပါတယ်။

    • ရှားစောင်းလက်ပပ်
    • azelaic acid
    • လက်ဖက်စိမ်း အဆီ
    • tea tree oil
    • ဇင့်
    • antibiotic ဂျယ်လ်။ ခရင်မ် တို့ သုံးပေးလို့ ရပါတယ်။

    အခြား နည်းလမ်းတွေ အနေနဲ့ ကတော့

  • လေ့ကျင့်ခန်း လုပ်ပေးတာ
  • မျက်နှာကို ဆပ်ပြာ ခပ်ပျော့ပျော့လေး သုံးပြီး ရေနွေးနွေးလေး နဲ့ သန့်စင်ပေးတာ
  • ဖုန်း မျက်နှာပြင်ကို သန့်စင်ပေးတာ
  • မျက်နှာကို လက် နဲ့ မထိပါနဲ့။
  • “noncomedogenic” လို့ ပါတဲ့ မိတ်ကပ်၊ cleanser၊ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေ သုံးပေးပါ။
  • မျက်နှာ နဲ့ ထိတွေ့ အသုံးပြုရတဲ့ ပစ္စည်းတွေကို သေချာ သန့်စင်တာ မျိုးတွေ လုပ်ပေးပါ၊
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement