backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dental Caries ( သွားပိုးစားခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Dental Caries ( သွားပိုးစားခြင်း )

သွားပြဿနာတွေထဲမှာ Dental Caries ( သွားပိုးစားခြင်း )က အဖြစ်များတဲ့ ပြဿနာပါ။ သွားပိုးစားတာကို သေချာ မကုသဘူးဆိုရင် နောက်ဆက်တွဲ သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သွားပိုးစားခြင်းနဲ့ ပတ်သက်ပြီး သေချာသိထားဖို့ လိုပါတယ်။

Dental Caries (သွားပိုးစားခြင်း) ဆိုတာ

သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။

ဘယ်လောက်အဖြစ်များသလဲ

အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

Dental Caries ( သွားပိုးစားခြင်း ) ရဲ့လက္ခဏာတွေက ဘာတွေလဲ

  • သွားကိုက်ခြင်း
  • သွားကျင်ခြင်း
  • အချို၊ အပူ၊ အအေးစာများ စားရင် စူးရှစွာနာကျင်ခြင်း
  • သွားမှာ အပေါက်များဖြစ်ခြင်း
  • သွားမျက်နှာပြင်ပေါ်မှာ အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်များထင်ခြင်း
  • အစာ ဝါးရင်၊ ကိုက်ရင် နာကျင်တို့ ခံစားရတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သွားပိုးစားတာကို တွေ့တာနဲ့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့-

  • ဖျားမယ်၊
  • မခံနိုင်အောင်သွားနာမယ်
  • ခံတွင်းအနံ့ထွက်လာမယ် ဆိုရင်တော့ အမြန်ဆုံး ပြသသင့်ပါတယ်။

သွားပိုးစားခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းများ

ပါးစပ်တွင်း ဘတ်တီးရီးယားပိုးဝင်ခြင်းနဲ့ သကြားဓာတ်ပါတဲ့ အစားအစာတွေ အလွန်အကျွံစားခြင်းက အဓိကအချက်နှစ်ချက် ဖြစ်ပါတယ်။

ပါးစပ်အတွင်းမှာ ဘတ်တီးရီးယားပိုးတွေရှိနေတာက ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေး သေချာ မလုပ်ဘူးဆိုရင် ဒီဘတ်တီးရီးယားက အစားအသောက်အကြွင်းအကျန်၊ တံထွေးတို့နဲ့ ပေါင်းပြီး ခဲသွားပါတယ်။

အစားအသောက်မှာ သကြားဓာတ်များလေ ပိုမိုစေးကပ်လေဖြစ်ပြီး ဘတ်တီးရီးယားတွေက သကြားဓာတ်များကို အက်စစ်အဖြစ် ပြောင်းလိုက်တဲ့အခါ သွားပိုးစားခြင်းဖြစ်ရပါတယ်။ အက်စစ်ဓာတ်က သွားအပြင်လွှာရှိ ကြွေလွှာများကို တိုက်စားပစ်ပြီး သွားမှာ အပေါက်များဖြစ်စေပါတယ်။

Dental Caries (သွားပိုးစားခြင်း) ဖြစ်နိုင်ခြေ များစေတဲ့ အချက်များ

  • သွားသန့်ရှင်းရေးအားနည်းခြင်း- နေ့စဉ်ပုံမှန်သွားတိုက်ခြင်း၊ သွားသန့်ရှင်းမှုမရှိခြင်း။
  • ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာ၊ သစ်သီးဖျော်ရည်၊ ဆော်ဒါ၊ မုန့်အချိုများ၊ သကြားလုံး၊ ကွတ်ကီးများ အစားများခြင်း။
  • အက်စစ်ပါတဲ့ စားစရာသောက်စရာများ (သံပုရာရည်၊ ဆော်ဒါ၊ ဖျော်ရည်များ) အလွန်အကျွံ စားသောက်ခြင်း။
  • အစာအိမ်အတွင်းရှိ အက်စစ်များပြန်ဆန်တက်ကာ သွားများနဲ့ ထိတွေ့မိခြင်း၊
  • ဖလိုရိုက် မလုံလောက်ခြင်း- သွားပေါက်များကို ကာကွယ်ပေးတဲ့ သဘာဝသတ္တုဓာတ် ဖလိုရိုက်နည်းပါးခြင်း။
  • တံထွေးအထွက်နည်းခြင်း – ခံတွင်းအတွင်းရှိ တံထွေးဟာ သင့်သွားများကြားရှိ အစာများကို သန့်ရှင်းပေးပြီး သွားပျက်စီးစေတဲ့ ဘတ်တီးရီးယားများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Dental Caries (သွားပိုးစားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွားဆရာဝန်က သွားပိုးပေါက်များကိုစစ်ဆေးရန်-

  • သွားနာကျင်မှုနဲ့ ပတ်သတ်ပြီး မေးခွန်းတချို့မေးပါလိမ့်မယ်
  • သင့်သွားကို ပစ္စည်းကိရိယာနဲ့ စစ်ဆေးကြည့်ပါမယ်
  • လိုအပ်ပါက သွားပေါက်နဲ့ သွားပျက်စီးနေခြင်း အတိုင်းအတာကို သိဖို့ သွားဓာတ်မှန် (X-rays) ရိုက်ကောင်းရိုက်နိုင်ပါတယ်။

Dental Caries ( သွားပိုးစားခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသနည်းတွေကတော့ သင့်သွားအခြေအနေပေါ်မှာ မူတည်ပါတယ်။

  • ဖလိုရိုက်နဲ့ ကုသမှု- သွားပိုးစားတာ သိပ်မဆိုးဘူးဆိုရင် ဖလိုရိုက်က သွားကြွေလွှာများကို ပြန်လည်ပြုပြင်ပေးပါလိမ့်မယ်။
  • သွားဖာခြင်း- ဒါကတော့ သွားကြွေလွှာထိခိုက်ခြင်းထက် ပိုကျော်လွန်သွားသော သွားပျက်စီးခြင်းတွေမှာ သုံးတတ်တဲ့ ကုသမှုနည်းဖြစ်တယ်။
  • သွားစွပ်ခြင်း- သွားတွေအလွန်အမင်းပျက်စီးနေရန် သွားစွပ် စွပ်ရတတ်ပါတယ်။
  • အတွင်းသားများ ဖယ်ထုတ်ပစ်ခြင်း- ပျက်စီးမှုက သွားအတွင်းသားတွေ ထိရောက်နေရင်တော့ အတွင်းသားတွေကိုပါ ဖယ်ထုတ်ပစ်ဖို့လိုပါလိမ့်မယ်။
  • သွားနှုတ်ခြင်း – ဆိုးဆိုးရွားရွားပျက်စီးနေပြီဆိုရင်တော့ နောက်ဆုံးသွားနှုတ်ပစ်ရပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှုများ

  • ဖလိုရိုက်ပါသော သွားတိုက်ဆေးနဲ့ တစ်ရက်အနည်းဆုံးနှစ်ကြိမ်သွားတိုက်ပါ။
  • တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ်ခန့် သွားကြားပွတ်ကြိုးဖြင့် သွားကြားများကိုသန့်ရှင်းပါ။
  • အစာစားပြီးတိုင်း ရေ သို့မဟုတ် ခံတွင်းဆေးရည်ဖြင့် ပါးလုတ်ကျင်းပါ။
  • သွားကျန်းမာစေတဲ့ အစားအစာများစားပါ။
  • သွားသန့်ရှင်းရေး၊ ခံတွင်းစစ်ဆေးရေးများအတွက် ပုံမှန်သွားဆရာဝန်နဲ့ ပြသပါ။

ရေးသားသူ- Dr Aye Myat Myat Noe

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement