ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 10, 2020 . 2 mins read
Share now

ကြွက်သားတွေ နာကျင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။  ကြွက်သားနာကျင်တာက အပြင်းအထန် လေ့ကျင့် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ဒါမှမဟုတ် အသေးစား ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ ကြွက်သားမှာ တင်းအားများသွားတဲ့ အခါမျိုးတွေပေါ့၊

ကြွက်သားနာကျင်တာက နေရာတစ်စုချင်းစီမှာ ဖြစ်တာများပါတယ်။ ဥပမာ လမ်းလျှောက်များလို့ ခြေသလုံး ကြွက်သား နာကျင်တာ၊ အလေးမ လို့ လက်မောင်း ကြွက်သားတွေ နာကျင်တာမျိုးပေါ့။

တစ်နေရာထဲ မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးနီးပါးက နာကျင်နေတယ်ဆိုရင်တော့ သာမန် ကြွက်သား နာကျင်တာလို့ မဆိုသာတော့ပါဘူး။ ရောဂါ လက္ခဏာ တစ်ခုခု ဖြစ်နေနိုင်သလို ရောဂါတစ်ခုခုကြောင့် ကြွက်သား နာကျင်တာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေ နာကျင်ရတာ ဘာကြောင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကြွက်သား နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းခံများ

ကြွက်သားတွေက တစ်နေရာတည်း မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေ အခုလို အခြေအနေတွေ ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။

များသောအားဖြင့်ကတော့ ပိုးဝင်ကူးစက်တာ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြွက်သားတွေ နာကျင်တာ ဖြစ်နိုင်သလို အောက်ပါအခြေအနေတွေ​​ကြောင့်လည်း ကြွက်သားတွေ နာကျင်နိုင်ပါတယ်။

  • ကြွက်တက်တာ
  • အဆစ်ရောင်နာ
  • တုပ်ကွေး
  • သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု အားနည်းတာ
  • ကြွက်သားအားနည်း ရောဂါ (Polymyositis)
  • Fibromyalgiaလို့ ခေါ်တဲ့ တစ်ကိုယ်လုံးညောင်းတဲ့ရောဂါ
  • Lyme ရောဂါ
  • နာတာရှည် ရောင်ရမ်းနာ (Lupus)
  • အဆစ်အရွတ်ပြားဒဏ်ဖြစ်ခြင်း
  • ကြွက်သားတင်းအားပြတ်ခြင်း (Dystonia)
  • ကြွက်သားဒဏ်ဖြစ်ခြင်း
  • Covid-19 စတဲ့ ရောဂါတွေကြောင့်  ကြွက်သားတွေက တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲတာပါ။

ကြွက်သားနာကျင်တဲ့အခါ သက်သာစေဖို့

ကြွက်သားတွေ နာကျင်တာ​ကြောင့် ခံရ မခက်စေဖို့ဆိုရင်

ကြွက်သား နာကျင်တဲ့အခါ သက်သောင့်သက်သာ ဖြစ်အောင် နေတာက နာကျင်မှုကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ ကြွက်သားတွေကို သက်သောင့်သက်သာ အနားပေးလိုက်တဲ့အခါ နာကျင်မှုက သိသိသာသာ သက်သာလာပါလိမ့်မယ်။

ကြွက်သားတွေ နာကျင်တဲ့အခါ အရင်ဆုံး လုပ်မိမယ့် နည်းလမ်းတစ်ခုက ဒဏ်ကြေလိမ်းဆေး လိမ်းတာဟုတ်။ ဒဏ်ကြေလိမ်းဆေး လိမ်းပေးတာက ကြွက်သားနာကျင်တာကို သက်သာစေမယ့် အလွယ်ကူဆုံးကုထုံးတွေထဲက တစ်ခုပါ။

တကယ်လို့ ဆေးလိမ်းရတာကို မကြိုက်ဘူး။ ဆေးနံ့နဲ့ ဆေးအဆီတွေကြောင့် ပေကျံမှာကို မလိုချင်ဘူးဆိုရင်တော့ အလွယ်ကူဆုံး ကြွက်သားနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းရှိပါတယ်။ ဒါကတော့ ဆေးပလာစတာ ကပ်တာပါ။ လေဝင်လေထွက်ကောင်းပြီး မြဲမြံတဲ့ ဆေးပလာစတာကပ်တာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲကတစ်ခုပေါ့။ ပရုတ်အေးနဲ့ဆို ပိုတောင်ကောင်းပါသေးတယ်။

ကြွက်သားနာကျင်တာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ရေခဲဝတ်ကပ်တာပါ။ အဝတ်စသန့်သန့်လေးနဲ့ ရေခဲကို ထည့်ပြီး နာကျင်နေတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်လိုက် ၅ မိနစ်လောက်နားလိုက် ပြန်ကပ်လိုက်လုပ်ပေးပါ။

ရေနွေးဝတ်ကပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် ၁၅ မိနစ်တစ်ကြိမ်လောက် နာကျင်တဲ့ ကြွက်သားတွေကို ရေနွေးဝတ်ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးတာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းကောင်းတစ်ရပ်ပေါ့။

ရေဓာတ် ပြည့်ဝမှုက ကြက်သားနာကျင်မှုကို အထိုက်အလျောက် သက်သာစေပါတယ်။ ဒါကြောင့် ကြွက်သားတွေ နာကျင်လာပြီဆိုရင် ရေသောက်ဖို့ သတိရပါ။ ရေသောက်တာက ကြွက်သားနာကျင်မှုကို သက်သာစေသလို ကိုယ်ခံအားကိုလည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

တစ်ခါတလေ ကြွက်သားနာကျင်တဲ့အခါ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေး လုပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တဲ့အခါ ကြွက်သားနဲ့အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တဲ့ endorphins ဟော်မုန်းကို ထွက်ရှိစေလို့ပါပဲ။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းစေပါတယ်။

ဒီနည်းလမ်းတွေက ကြွက်သားနာကျင်မှုကို သက်သာစေဖို့ အလွယ်တကူ လုပ်လို့ ရတဲ့ နည်းလမ်းတွေပါ။ တကယ်လို့ ရောဂါ အခံကြောင့် ကြွက်သား နာကျင်တာဆိုရင်တော့ ဒီနည်းတွေအပြင် သေချာ ကုသမှုခံယူဖို့လည်း လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read