သွားပြဿနာများ

သွားပြဿနာများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားပြဿနာများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]

သွားပြဿနာများ ကို ရှာဖွေမည်။

သွားပြဿနာများ

သွားကျဉ်ခြင်း၏အဓိကအကြောင်းအရင်းများ

အကယ်၍ သင်သည် အေးသောအစားအစာများ စားခြင်းကို ရှောင်နေရလျှင် (သို့) အပူနှင့်ထိတွေ့ပါ က သင်၏သွားသည် နာကျင်မှုကို ခံစားနေရပြီဆို လျှင် သွားကျဉ်နေပြီဟု ပြောလို့ရပါသည်။ သင်၏ သွားကျန်းမာရေးအတွက် သိသင့်သော သွားကျဉ် ခြင်း အကြောင်းအရာများနှင့် ကုသနည်းများကို အောက်တွင်ဖော်ပြထားပါသည်။ သွားတိုက်ခြင်းအလေ့အကျင့် သွားကို အားအရမ်းသုံးပြီးတိုက်ခြင်း၊ သွားပွတ်တံအမာနှင့် တိုက်ခြင်းသည် သွား၏အပေါ်ယံကြွေလွှာကို ပျက်စီး စေပြီး သွားကျဉ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ ကြောင့် အအေး၊ အပူနှင့် အက်စစ်ဓါတ်ပါသော အစားအစာများကို စားသုံးသောအခါ သွားကျဉ်တာ ကို ခံစားရခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာအ တွက် ဖြေရှင်းနည်းကတော့ သွားပွတ်တံအပျော့နှင့် နည်းလမ်းတကျသွားတိုက်ခြင်းက ကောင်းမွန်သော နည်းလမ်း ဖြစ်ပါသည်။ သွားဖြူစေသော သွားတိုက်ဆေးသုံးခြင်း သွားဖြူစေသော သွားတိုက်ဆေးများသည် သွားကို ထိခိုက်စေနိုင်ပါသည်။ ကျွန်ုပ်တို့အများစုသည် သွားဖြူစေသော အာနိသင် […]


သွားပြဿနာများ

မည်သည့်အချိန်တွင် အပူနှင့်အအေးကသင့်သွားကို နာကျင်စေသလဲ။

အကယ်၍ သင်သည် သင့်သွားနာသောကြောင့် ကော်ဖီပူပူတစ်ခွက်ကို မသောက်နိုင်လျှင် (သို့) ရေခဲမုန့်ကိုမစားနိုင်လျှင် ဒါကတကယ်ကို အနှောင့်အယှက်ဖြစ်စေမှာပါ။ အထူးသဖြင့် နေ့စဉ်လုပ်ငန်းများတွင်ဖြစ်သည်။ ဤဆောင်းပါးတွင် အထိမခံနိုင်သော သွားများ၏ အကြောင်းရင်းနှင့် ကုသမှုများကိုဖော်ပြထားပါတယ်။ သွားနာခြင်းကိုဖြစ်နိုင်သောအကြောင်းအရင်းများတွင် • သွားဆွေးခြင်း • သွားဖုံးရောဂါ • ပြင်းထန်သောသွားတိုက်ခြင်း • အက်စစ် ပါသောအစာများစားခြင်း • သွားကျိုးခြင်း • သွားဖာထားခြင်း • သွားကြိတ်ခြင်းတို့ ပါဝင်သည်။ ပုံမှန်တွင် သင့်သွား၏အပေါ်ပိုင်း(crown)ကို ကြွေလွှာဖြင့်ကာကွယ်ထားသည်။ crown သည် သွားဖုံးထက်မှ ပေါ်ထွက်နေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သွားဖုံးလိုင်း၏ အောက်တွင် သွား၏အမြစ်ကို ကာကွယ်ပေးသောcementumအလွှာရှိသည်။ Dentinအလွှာသည် ကြွေလွှာနဲ့ cementumအလွှာ နှစ်ခုလုံး၏အောက်တွင် ရှိပြီး သွား၏အလယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Dentinအလွှာကို ကြွေလွှာနှင့် cementumတို့မှ မကာကွယ်ပေးနိုင်လျှင် အပူ၊ အအေး အစားအစာများစားလျှင် နာကျင်စေပါသည်။ သင့်သွား အထိမခံနိုင်သောအကြောင်းပေါ်မူတည်၍ ကုသမှုအမျိုးအစားများကို သွားဆရာဝန်မှ အကြံပြုပါမည်။ […]


သွားပြဿနာများ

ထိခိုက်လွယ်သော သွားများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Sensitive teeth (ထိခိုက်လွယ်သော သွားများ) ဆိုတာ ဘာလဲ။ သင့်မှာ ထိခိုက်လွယ်သော သွားတွေရှိနေခဲ့ရင် သွားတိုက်ခြင်း၊ သွားကြားထိုးခြင်း၊ စားသောက်ခြင်း စတဲ့ လုပ်ငန်းဆောင်တာလေးတွေကတောင်မှ သွားမှာယာယီ စူးရှနာကျင်တဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီပြဿနာဟာ သွားကြွေလွှာပျက်စီးခြင်း ၊သွားပိုးပေါက်ရှိခြင်း ၊သွားပဲ့ခြင်း၊ လတ်တလော သွားဖာထားခြင်း သို့မဟုတ် အခြားသွားကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက် (ဥပမာ သွားချေးချွတ်ခြင်း) တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ လက္ခဏာများSensitive teeth (ထိခိုက်လွယ်သော သွားများ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ထိခိုက်လွယ်သော သွားများမှာ ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ခံတွင်းနာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတွေအပါအဝင်ပေါ့။ ဒါတွေက သင့်သွားဟာ အချို၊ အချဉ် သို့မဟုတ် အက်ဆစ်ပါဝင်တဲ့စားစရာ (ချိုချဉ်လုံး သို့မဟုတ် ရှောက်သီး စတဲ့ စားစရာတွေ) အပူဓါတ် နဲ့ အအေးဓါတ် တွေ(ရေခဲမုန့်၊ လေအေးကိုရှူသွင်းခြင်း သို့မဟုတ် ကော်ဖီပူပူ […]


သွားပြဿနာများ

သွားကြိတ်ခြင်း

သွားကြိတ်ခြင်း ဆိုတာဘာလဲ။ သွားကြိတ်ခြင်း ဆိုတာ သင့်သွားတွေကို ကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း အခြေအနေမျိုးကိုခေါ်ပါတယ်။ တကယ်လို့သင်ဟာ သွားကြိတ်တတ်သူဆိုရင် နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်နေတတ်တာမျိုး သို့မဟုတ် ညဘက်ကို သွားကြိတ်နေတတ်တာမျိုး တွေဖြစ်တတ်ပါတယ်။ ဒီရောဂါကိုတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှု မူမမှန်ခြင်းလို့ သတ်မှတ်ပါတယ်။ အိပ်စက်တဲ့အချိန်သွားကြိတ်တတ်သူတွေဟာ အခြားအိပ်စက်ခြင်းဆိုင်ရာမူမမှန်ခြင်းတွေ ဥပမာ ဟောက်ခြင်း သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်း စတာတွေလည်း ရှိနေတတ်ပါတယ်။ မပြင်းထန်တဲ့ သွားကြိတ်ခြင်း တွေကတော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် အချို့လူတွေမှာ ဒီပြဿနာဟာ မကြာခဏဖြစ်တတ်ပြီး မေးရိုးပြဿနာ၊ခေါင်းကိုက်ခြင်း၊သွားပျက်စီးခြင်းနဲ့ အခြားပြဿနာတွေဖြစ်လာနိုင်တဲ့ထိ ပြင်းထန်ပါတယ်။ သင့်မှာ အိပ်တဲ့အခါသွားကြိတ်တဲ့အကျင့်ရှိနေရင်တောင် အခြားပြဿနာတွေ ပေါ်မလာခင်အထိ သင်သတိထားမိမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်သွားကြိတ်ခြင်း ရဲ့ရောဂါလက္ခဏာကိုသိဖို့နဲ့ ပုံမှန်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတာပါ။ သွားကြိတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွားကြိတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ • သင်နဲ့အတူအိပ်စက်တဲ့လူ […]


သွားပြဿနာများ

သွားပိုးပေါက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားပိုးပေါက်ဆိုတာ ကဘာလဲ။ သွားပိုးပေါက် သို့မဟုတ် သွားပျက်စီးခြင်း ဆိုတာ သွားရဲ့မာကြောတဲ့အပေါ်ယံလွှာ ကြွေလွှာ ပျက်စီးခြင်းကိုဆိုလိုပါတယ်။ သွားပိုးပေါက်ဆိုတာကတော့ သွားထဲမှာ အပေါက်သေးသေးလေးဖြစ်နေတာပါ။ သွားပိုးပေါက် က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားလူတွေထိ ဒီပြဿနာကို ကြုံနိုင်ပါတယ်။ လက္ခဏာများသွားပိုးပေါက်ရဲ့လက္ခဏာတွေကဘာတွေလဲ သွားပိုးပေါက်တွေရဲ့ လက္ခဏာနဲ့ သင်္ကေတတွေဟာ သူတို့ရဲ့တည်နေရာနဲ့ ဧရိယာပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ်။ သွားပိုးပေါက်တွေစဖြစ်လာပြီဆိုရင်လည်း ဘာလက္ခဏာမှပြဦးမှာမဟုတ်သေးပါဘူး။ ပျက်စီးမှုတွေပိုကြီးလာပြီဆိုရင်တော့ အောက်ပါအချက်တွေဖြစ်နိုင်ပါတယ်။ • သွားနာခြင်း • သွားကို အထိမခံနိုင်ခြင်း • အချို ၊ အပူ သို့မဟုတ် အအေး တစ်ခုခု စားတဲ့အချိန်မှာ အနည်းငယ်နာကျင်တာကနေ စူးစူးရှရှနာကျင်တာမျိုးထိဖြစ်နိုင်ခြင်း • သွားမှာမြင်နိုင်တဲ့အပေါက်တွေရှိနေခြင်း • အညိုရောင်၊အမဲရောင် သို့မဟုတ် အဖြူရောင်အစွန်းများ သွားပေါ်တွင်ကျန်ရှိနေခြင်း • ကိုက်လိုက်တာနဲ့ နာကျင်မှုကိုခံစားရခြင်း အထက်မှာဖော်ပြထားတဲ့အချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာလက္ခဏာတစ်ခုခုရှိနေတယ်လို့ထင်နေရင် ဆရာဝန် သို့မဟုတ် ဆေးပညာဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်က သွားပိုးပေါက်တွေဖြစ်နေပြီဆိုတာ သိဦးမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် ခံတွင်းက […]


သွားပြဿနာများ

ဖလိုရွိုက်ဓါတ်များခြင်းကြောင့်သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာဘာလဲ။ Enamel fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာ ရောဂါတစ်ခုမဟုတ်ပေမယ့် သွားတွေရဲ့အသွင်အပြင်ကို သက်ရောက်စေနိုင်တဲ့အရာတစ်ခုပါ။ အတော်ကြီးတဲ့ အခြေအနေတွေမှာတောင် ဒီပြဿနာဟာ သတိမထားမိနိုင်တဲ့ အဖြူရောင်လိုင်းတွေ သွားကြွေလွှာပေါ်မှာ ပေါ်တတ်ပြီး သွားရဲ့ကျန်းမာရေးနဲ့ လုပ်ဆောင်မှုတွေကို အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ တကယ်တမ်း ကိစ္စအတော်များများမှာ ဒီဖြစ်ရပ်ဟာ သိသာထင်ရှားလှတာမဟုတ်တာကြောင့် များသောအားဖြင့် သွားဘက်ဆိုင်ရာကျွမ်းကျင်သူကသာ စမ်းသပ်မှုတွေလုပ်တဲ့အခါ သတိထားမိနိုင်တာပါ။ Enamel fluorosis ဟာ သွားတွေက သွားဖုံးတွေအောက်မှာပဲရှိနေတဲ့အခြေအနေမျိုးမှာပဲ ဖြစ်လေ့ရှိပါတယ်။ သွားဖုံးတွေကိုဖောက်ထွက်လာပြီဆိုရင်တော့ ဒီပြဿနာဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။ လက္ခဏာများFluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Fluorosis ရဲ့ရောဂါလက္ခဏာတွေဟာ သတိမပြုမိနိုင်တဲ့ သေးငယ်တဲ့အဖြူရောင်အစင်းကြောင်းတွေကနေပြီး အညိုရင့်ရောင်အစွန်းအထင်းတွေနဲ့ ရှင်းလင်းရခက်တဲ့ ကြမ်းတမ်းဖုထစ်နေတဲ့ကြွေလွှာတွေအထိ အမျိုးမျိုးရှိပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်