backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဖလိုရွိုက်ဓါတ်များခြင်းကြောင့်သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖလိုရွိုက်ဓါတ်များခြင်းကြောင့်သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာဘာလဲ။

Enamel fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာ ရောဂါတစ်ခုမဟုတ်ပေမယ့် သွားတွေရဲ့အသွင်အပြင်ကို သက်ရောက်စေနိုင်တဲ့အရာတစ်ခုပါ။ အတော်ကြီးတဲ့ အခြေအနေတွေမှာတောင် ဒီပြဿနာဟာ သတိမထားမိနိုင်တဲ့ အဖြူရောင်လိုင်းတွေ သွားကြွေလွှာပေါ်မှာ ပေါ်တတ်ပြီး သွားရဲ့ကျန်းမာရေးနဲ့ လုပ်ဆောင်မှုတွေကို အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ တကယ်တမ်း ကိစ္စအတော်များများမှာ ဒီဖြစ်ရပ်ဟာ သိသာထင်ရှားလှတာမဟုတ်တာကြောင့် များသောအားဖြင့် သွားဘက်ဆိုင်ရာကျွမ်းကျင်သူကသာ စမ်းသပ်မှုတွေလုပ်တဲ့အခါ သတိထားမိနိုင်တာပါ။ Enamel fluorosis ဟာ သွားတွေက သွားဖုံးတွေအောက်မှာပဲရှိနေတဲ့အခြေအနေမျိုးမှာပဲ ဖြစ်လေ့ရှိပါတယ်။ သွားဖုံးတွေကိုဖောက်ထွက်လာပြီဆိုရင်တော့ ဒီပြဿနာဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။

လက္ခဏာများ

Fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Fluorosis ရဲ့ရောဂါလက္ခဏာတွေဟာ သတိမပြုမိနိုင်တဲ့ သေးငယ်တဲ့အဖြူရောင်အစင်းကြောင်းတွေကနေပြီး အညိုရင့်ရောင်အစွန်းအထင်းတွေနဲ့ ရှင်းလင်းရခက်တဲ့ ကြမ်းတမ်းဖုထစ်နေတဲ့ကြွေလွှာတွေအထိ အမျိုးမျိုးရှိပါတယ်။ fluorosis မဖြစ်သေးတဲ့သွားတွေဟာ ချောမွတ်တောက်ပြောင်နေတတ်ပါတယ်။ သူတို့တွေဟာ ခရင်မ်အဖြူရောင်ဖျော့ဖျော့လေး ရှိနေသင့်တာပါ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ကလေးရဲ့သွားတွေမှာ အဖြူရောင်အစင်းကြောင်း သို့မဟုတ် အစက်တွေဖြစ်နေရင် သို့မဟုတ် အရောင်ပြောင်းနေတဲ့သွား ၁ချောင်းနဲ့အထက်တွေ့ခဲ့ရင် သွားဆရာဝန်ကို ဆက်သွယ်ပါ။

ကုသမှု

ဘာတွေလုပ်သင့်သလဲ။

• ကဖိန်းဖြတ်ပါ။ သွားတွေမှာအစွန်းအထင်းတွေရှိနေတယ်ဆိုရင် ကော်ဖီ၊ ဝိုင်နီ နဲ့ ဆိုဒါတွေကိုအရင်ဖြတ်လိုက်ပါ။ ကဖိန်းဓါတ်မြင့်မားစွာပါဝင်ခြင်းက မလိုလားတဲ့အရောင်စွန်းထင်းခြင်းတွေကိုဖြစ်စေပါတယ်။ အချို့သူတွေကတော့ အထက်ပါအရာတွေကို ပိုက်နဲ့သောက်ခြင်းက dental fluorosis မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြပေမယ့် ဒါက မမှန်ပါဘူး။ အရည်တွေသင့်ပါးစပ်ထဲဝင်သွားတာနဲ့ သွားနဲ့ထိတွေ့နေမှာဖြစ်တာကြောင့် အရောင်စွန်းခြင်းဖြစ်စေနိုင်ပါသေးတယ်။ ဒီပစ္စည်းတွေအစား လက်ဖက်စိမ်း၊ ကဖိန်းမပါတဲ့ကော်ဖီ၊ ဝိုင်ဖြူနဲ့ အရောင်ဖျော့တဲ့ဆိုဒါတွေကို အစားထိုးသောက်သုံးနိုင်ပါတယ်။

• Fluoride (ဖလိုရွိုက်) ဖြတ်ပါ။ ဖလိုရွိုက်မြင့်မားစွာပါဝင်တဲ့ ရေတွေကိုဆက်မသောက်ပါနဲ့တော့။ ရေသန့်ကိုသောက်သုံးနိုင်ပြီး ရေပိုက်ခေါင်းမှာ ရေစစ် တပ်ဆင်ထားခြင်းအားဖြင့် သောက်ရေကိုရရှိနိုင်ပါတယ်။ ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးလည်း မဝယ်ပါနဲ့။ ဓါတုနည်းလမ်းနဲ့လုပ်ထားတဲ့စားစရာတွေက ဖလိုရွိုက်ပါတဲ့ရေနဲ့လုပ်ထားနိုင်တာကြောင့် သဘာ၀ စားသောက်စရာတွေကိုသာ ဝယ်ယူပါ။

• မုန့်ဖုတ်ဆော်ဒါ : မုန့်ဖုတ်ဆော်ဒါ တွေကို မုန့်ဖုတ်ဖို့အတွက်ပဲအသုံးပြုကြတော့တာမဟုတ်ပါဘူး။ သွားဖြူဖို့လည်းသုံးလို့ရပါတယ်။ မုန့်ဖုတ်ဆော်ဒါ ပါဝင်တဲ့သွားတိုက်ဆေးကိုရွေးချယ်ဝယ်ယူသုံးစွဲနိုင်သလို သင်ကိုယ်တိုင်လည်းပြုလုပ်နိုင်ပါတယ်။ သင်ကိုယ်တိုင်လုပ်ကြည့်မယ်လို့ဆုံးဖြတ်ထားရင် ဖလိုရွိုက်မပါတဲ့သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း၁ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း၁ဇွန်းကိုရောပြီး သွားပွတ်တံပေါ်တင်ကာ ပုံမှန်သွားတိုက်သလိုတိုက်ပေးပါ။ အခြားနည်းလမ်းတစ်ခုကတော့ သံပုရာရည်စားပွဲဇွန်း၁ဇွန်းကို မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းနဲ့ရောလိုက်ပါ။ ဒါကအနှစ်တစ်ခုဖြစ်စေပြီး သွားပွတ်တံပေါ်တင်ကာ သွားတိုက်လို့ရနိုင်ပါပြီ။ မုန့်ဖုတ်ဆော်ဒါ ကိုသုံးပြီး သွားဖြူအောင်လုပ်တဲ့နည်းလမ်းတွေလည်း အများကြီးရှိနိုင်ပါသေးတယ်။ ရလဒ်သိသာတဲ့အထိ ထပ်ခါထပ်ခါလုပ်ပေးပါ။

• Hydrogen peroxide 3% : Hydrogen peroxide 3% လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ ရေလက်ဖက်ရည်ဇွန်း၂ဇွန်းကို ခွက်ထဲထည့်ပြီး သေချာရောမွှေပါ။ ပါးစပ်ထဲငုံလိုက်ပါ။ တစ်မိနစ်ထက်မကျော်ပါစေနဲ့။ အမြှုပ်တွေဖြစ်လာပါလိမ့်မယ်။ ပြီးတာနဲ့ ထွေးထုတ်လိုက်ပြီး ပါးစပ်ကိုရေနဲ့ပြန်ဆေး ပြန်ကျင်းပါ။ သိသာလာတဲ့အထိ နေ့စဉ်လုပ်ပေးပါ။ မတော်တဆဖြစ်ရပ်တွေဖြစ်လာနိုင်တာမို့ Peroxide က ၃ ရာခိုင်နှုန်း ဆိုတာ သေချာပါစေ။

• စားလိုက်တဲ့အစာများ: အချို့သောသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သွားတွေအတွက်တကယ်ကောင်းပါတယ်။ သွားတွေအတွက် အကောင်းဆုံးဆိုတဲ့အသီးတွေထဲက အချို့ကတော့ ဥနီ၊ တရုတ်နံနံနဲ့ ပန်းသီးတွေပါ။ သူတို့တွေမှာ ဗီတာမင်စီမြင့်မားစွာပါဝင်ပြီး ဒါက ဘက်တီးရီးယားတွေကို သေစေနိုင်တာ တံတွေးကိုပိုထွက်စေတာကြောင့် ချိုးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ရှောင်ရမယ့်အချို့အစားအစာတွေကတော့ အက်ဆစ်ပါဝင်တဲ့စားစရာတွေအားလုံးပါပဲ။ ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ ဆားစိမ်ရည်၊ ပိုးစာရှာလကာနဲ့ လိမ္မော်သီးတွေပါ။ ပဲငံပြာရည်ကတောင်မှ သွားတွေကိုအရောင်ပြောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

• ထပ်လောင်းသတင်းအချက်အလက်များ – တကယ်လို့သင့်ကလေးက သွားတိုက်ဆေးတွေမျိုချမိတယ်ဆိုရင် သို့မဟုတ် သွားတိုက်နေစဉ် ပိုက်ရေကိုသောက်လိုက်မိတယ်ဆိုရင် ဖလိုရွိုက်နဲ့ လိုအပ်တာထက်ပိုတဲ့ထိတွေ့မှုဖြစ်သွားပါပြီ။ သူတို့သွားတိုက်တဲ့အချိန်မှာ သေသေချာချာကောင်းကောင်းမွန်မွန်နဲ့ စနစ်တကျတိုက်တယ်ဆိုတာသေချာဖို့ သူတို့ကိုစောင့်ကြည့်ပေးပါ။ သင့်မှာ အပျော့စား fluorosis ရှိနေတယ်ဆိုရင် သွားတွေပိုပြီးမပျက်စီးစေဖို့နဲ့ပိုဖြူလာစေဖို့ ဖော်ပြပါ အိမ်တွင်းကုထုံးတွေကို အသုံးပြုလို့ရပါတယ်။ သင့်မှာပြင်းထန်တဲ့ fluorosis ရှိနေတယ်ဆိုရင်တော့ အဆိုပါနည်းလမ်းအချို့ကိုစမ်းကြည့်နိုင်ပေမယ့် သွားဆရာဝန်ဆီက အကူအညီလိုအပ်လာပါလိမ့်မယ်။

ဘယ်လိုကာကွယ်ရမလဲ။

မိဘတွေရဲ့ဂရုစိုက်မှုဟာ fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ ရုပ်ဆိုးစွန်းထင်းခြင်း ) မဖြစ်စေဖို့ အဓိကသော့ချက်ပါ။

သင်သုံးတဲ့ရေက အများပြည်သူဖြန့်ဝေရေးစနစ်ကလာတာဆိုရင် သင့်ရဲ့သွားဆရာဝန် သို့မဟုတ် ဆရာဝန်နဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဒေသသုံးရေအတွက် တာဝန်ရှိသူတွေက ရေထဲမှာ ဖလိုရွိုက်ပမာဏဘယ်လောက်ပါဝင်နေလဲဆိုတာ ပြောနိုင်မှာပါ။ တွင်းရေ သို့မဟုတ် ရေသန့်ကို မှီခိုနေတာဆိုရင် ပြည်သူ့ကျန်းမာရေးဌာန သို့မဟုတ် ဒေသဓါတ်ခွဲခန်းတွေက ဒီရေတွေရဲ့ ဖလိုရွိုက်ပါဝင်နှုန်းကို ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါလိမ့်မယ်။ သောက်ရေထဲကနေ သင့်ကလေးသောက်လိုက်တဲ့ ဖလိုရွိုက်ပမာဏကိုသိပြီဆိုရင် သင့်ကလေးဟာ ဖလိုရွိုက်အားဖြည့်ဆေးတွေ လိုမလို သွားဆရာဝန်နဲ့ ပူးပေါင်းဆောင်ရွက် ဆုံးဖြတ်လို့ရပါပြီ။

အိမ်မှာဆိုရင် သွားတိုက်ဆေး၊ ခံတွင်းသန့်ဆေးနဲ့ ဖလိုရွိုက်ပါဝင်ပစ္စည်းတွေကို ကလေးလက်လှမ်းမှီတဲ့နေရာမှာထားပါ။ ကလေးက ဖလိုရွိုက်ပမာဏအများကြီးကို အချိန်တိုအတွင်း မျိုချလိုက်မိတယ်ဆိုရင် အောက်ပါလက္ခဏာတွေပြပါလိမ့်မယ်။

• ပျို့ခြင်း

• ဝမ်းလျှောဝမ်းပျက်ခြင်း

• အော့အန်ခြင်း

• ဗိုက်နာခြင်းစတာတွေ တွေ့ရပါလိမ့်မယ်။

ဖလိုရွိုက်အဆိပ်သင့်မှုဟာ အများအားဖြင့် ပြင်းထန်တဲ့ကိစ္စတော့မဟုတ်ပေမယ့် ဒီပြဿနာကြောင့် နှစ်တိုင်း ကလေးရာနဲ့ချီပြီး အရေးပေါ်ခန်းထဲရောက်နေကြဆဲပါ။

ကလေးဟာ ဖလိုရွိုက်ပါတဲ့သွားတိုက်ဆေးကို ဘယ်လိုသုံးနေလဲဆိုတာ သေချာစောင့်ကြည့်ဖို့လည်း အရေးကြီးပါတယ်။ သွားတိုက်ဆေး ပဲစေ့အရွယ်ခန့်ကိုသာ ကလေးရဲ့သွားပွတ်တံထဲထည့်ပေးပါ။ ဒါက လုံလောက်တဲ့ပမာဏပါပဲ။ သွားတိုက်ပြီးရင် မမျိုချဘဲထွေးထုတ်တတ်ဖို့ သေချာသင်ပေးပါ။ ထွေးထုတ်တာကိုပိုပြီးလုပ်တတ်စေဖို့ ကလေးတွေမျိုချချင်စိတ်ဖြစ်စေနိုင်မယ့် အနံ့၊အရသာပါတဲ့ သွားတိုက်ဆေးကို အသုံးမပြုပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement