သွားပြဿနာများ

သွားပြဿနာများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားပြဿနာများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]

သွားပြဿနာများ ကို ရှာဖွေမည်။

သွားပြဿနာများ

Odontoma (သွားအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Odontoma (သွားအကျိတ်) ကဘာလဲ။ ပါးစပ်အတွင်းမှာပေါက်တဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်ဖြစ်ပါတယ်။ သွားဖြစ်လာမယ့်တစ်ရှူးအနည်းငယ်သို့အားလုံးကနေ ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒီတစ်ရှူးတွေက သွားတစ်ချောင်းပုံစံဖြစ်အောင် စီစဉ်နိုင်တာမျိုးလည်းရှိသလို မစီစဉ်နိုင်တော့တာလည်းဖြစ်နိုင်ပါတယ်။ မျက်လုံးနဲ့မမြင်နိုင်ပါဘူး။ သွားကြွေလွှာ၊ အောက်ခံတစ်ရှူးတွေပေါင်းစပ်ထားတဲ့ ဒြပ်ထုကြီးက ပုံမှန်ဆိုလျှင် သွားနှင့် တပြေးညီကြီးထွားနေပါတယ်။ သို့သော် ၎င်း ဒြပ်ထုကြီးအစီအစဉ်မကျတော့ပဲ အစိတ်အပိုင်းတစ်ခုကဦးတည်ကြီးစိုးသွားနိုင်ပါတယ်။ Odontoma (သွားအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOdontoma (သွားအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားအကျိတ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ […]


သွားပြဿနာများ

သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ သွားတွေကြံ့ခိုင်စေဖို့ အရေးကြီးတဲ့အချက်ဖြစ်ပေမယ့် သင့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့အမူအကျင့်တွေကလည်း အရေးပါပါတယ်။ ဥပမာ -အစားအစာတွေက သွားပိုးစားခြင်းနဲ့တခြား သွားဖုံးရောဂါတွေဖြစ်စေတတ်လို့ တစ်နေ့ကိုသွားနှစ်ကြိမ်တိုက်ကြပါတယ်။ ဒါပေမယ့် သွားတိုက်ပုံ နည်းလမ်းမမှန်ရင်ကောင်းကျိုးထက် ဆိုးကျိုးတောင်ပိုများစေနိုင်ပါတယ်။နေ့စဉ် လုပ်နေကျ ဘယ်လိုအမူအကျင့်တွေက သွားကို ထိခိုက်ပျက်စီးစေနေသလဲ ကြည့်ရအောင်။ (၁) လက်သည်းကိုက်ခြင်း တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်းကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်းဖြစ်နိုင်ပေမယ့် တကယ်တမ်းသင်မသိတာက သွားကို ထိခိုက်စေတယ်ဆိုတဲ့အချက်ပါပဲ။ လက်သည်းကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက်မကောင်းတဲ့အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါထိခိုက်စေနိုင်ပါတယ်။ လက်သည်းမကိုက်မိအောင် သတိထားဖို့အတွက် လက်သည်းအတုတပ်ခြင်း၊ အရသာခါးတဲ့လက်သည်းဆိုးဆေးဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။   (၂) ပုလင်းအဖုံးတွေ၊ မုန့်ထုတ်တွေကိုသွားနဲ့ကိုက်ဖွင့်ခြင်း အာလူးကြော်စားမယ်ဆိုပါစို့။ မီးဖိုခန်းထဲဝင်ပြီး ကတ်ကြေးသွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလိုကိုက်ဖွင့်လိုက်တဲ့အချိန်မှာ သွားကိုအလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ်ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို […]


သွားပြဿနာများ

Pulpitis (သွားအတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Pulpitis (သွားအတွင်းသားရောင်ခြင်း ) ကဘာလဲ။ သွားအတွင်းသားရောင်ခြင်းသည် အဖြစ်များဆုံးသော သွားနာရခြင်းအကြောင်းရင်းဖြစ်ပြီး လူငယ်များတွင် သွားဆုံးရှုံးရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ သွားအတွင်းသားရောင်ခြင်းသည် သွား၏အတွင်းပိုင်း နူးညံ့သည့်အရာများနှင့် သွားအမြစ်နားပတ်ပတ်လည်တွင် ရှိသော Periradicular တစ်ရှူးများ ရောင်ရမ်းခြင်းဖြစ်ပါသည်။ ၎င်းသည် ရုတ်တရတ်ပြင်းထန် သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး လက္ခဏာပြသည်လည်းရှိသည်။ မပြသည်လည်းရှိ၏။ နာတာရှည်တွင် ပျောက်ကင်းနိုင်သည်လည်းရှိသလို မပျောက်ကင်းနိုင်သည်လည်း ရှိပါသည်။ သွားအတွင်းသားရောင်ခြင်းသည် တစ်ခါတစ်ရံတွင် အောက်ပါအခြေအနေများနှင့် ရောထွေးနိုင်ပြီး ရောဂါအမည်တပ်မှားခြင်းမျိုးဖြစ်နိုင်ပါသည်။ အမြစ်ခေါင်းတွင်ထုံးတည်ခြင်း သွားအမြစ်ဖျားမရင့်ခြင်း – လူငယ်များတွင် များသောအားဖြင့် တွေ့ရ၏။ ထိခိုက်မိခြင်း လူနာအား ဆေးဆိုင်ရာလုပ်ငန်းစဉ်တစ်ခုခုမလုပ်ခင် ဆေးများကြိုပေးခြင်း – သွားအတွင်းသားအား ကာကွယ်ခြင်း Pulpitis (သွားအတွင်းသားရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ၎င်းသည် ခံတွင်းသန့်ရှင်းမှုမရှိသောလူများနှင့် ခံတွင်း ခွဲစိတ်ထားသော လူများတွင် အဖြစ်များသည်။ နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းအပြင် သွားအတွင်းသားရောင်ခြင်းသည် သဘာ၀ အရံအတားများကိုကျော်ဖြတ်ကာ […]


သွားပြဿနာများ

Dental Caries ( သွားပိုးစားခြင်း )

သွားပြဿနာတွေထဲမှာ Dental Caries ( သွားပိုးစားခြင်း )က အဖြစ်များတဲ့ ပြဿနာပါ။ သွားပိုးစားတာကို သေချာ မကုသဘူးဆိုရင် နောက်ဆက်တွဲ သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သွားပိုးစားခြင်းနဲ့ ပတ်သက်ပြီး သေချာသိထားဖို့ လိုပါတယ်။ Dental Caries (သွားပိုးစားခြင်း) ဆိုတာ သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။ ဘယ်လောက်အဖြစ်များသလဲ အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ Dental Caries ( သွားပိုးစားခြင်း ) ရဲ့လက္ခဏာတွေက […]


သွားပြဿနာများ

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ အခုနောက်ပိုင်း ဟော့ဖြစ်နေပြီး အသောက်များလာကြပါတယ်။ ဒီသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတယ်လို့ London Smiling သွားနဲ့ခံတွင်းအဖွဲ့အစည်းက သွားဆရာဝန် Dr Uchenna Okoye က ဆိုပါတယ်။ အဆိုပါ သစ်သီးဖျော်ရည်တွေဟာ သင့်ကို ပိန်သွယ်စေရုံသာမက ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် နှင်းခူလိုမျိုး အရေပြားရောဂါတွေကိုတောင် ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို တဖက်တလမ်းက များပြားစေတဲ့အတွက် ဗီတာမင်ဓါတ်ချို့တဲ့မှုကို လျှော့ချပေးနိုင်တဲ့အပြင် အမျှင်ဓါတ်ရရှိမှုကိုလည်း များပြားစေတာကြောင့် အစာကြေဝမ်းမှန်စေတယ်လို့လည်း ဖျော်ရည်ပရိသတ်တွေက ပြောပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ချိုလွန်းသလို အက်ဆစ်ဓါတ်လည်း ကဲလွန်းတယ်။ သစ်သီးတွေမှာ ပါဝင်တဲ့ သကြားအချိုဓါတ်ဟာ သဘာဝအလျောက် ပါဝင်နေတာဖြစ်လို့ အဆိုပါ သကြားဓါတ်ကို […]


သွားပြဿနာများ

Wisdom Teeth ( အံဆုံးသွား )

အံဆုံးသွား ဆိုတာ အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာပေါက်နေတဲ့ မညီမညာဖြစ်နေတဲ့ တတိယမြောက်အံသွား အထက်အောက် ဘယ်ညာလေးချောင်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်နှောင်းပိုင်း (သို့) နှစ်ဆယ်ကျော်စအရွယ်မှာမှ ပေါက်လာလေ့ရှိတဲ့ နောက်ဆုံးသွားအစုံပဲဖြစ်ပါတယ်။ အံဆုံးသွားက အတွေ့ရများပါတယ်။ အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။ အံဆုံးသွားတွေရဲ့ အနေအထား မမှန်မှု အမျိုးမျိုးရှိပါတယ်။ ဘေးဘက်ကို ၉၀ဒီဂရီစောင်းနေခြင်း၊ ဒုတိယမြောက်အံသွားနဲ့ ထောင့်ချိုးအနေအထား၊ အတွင်းဘက်ကို ထွက်နေခြင်း၊ အပြင်ဘက်ကိုထွက်နေခြင်း စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမမှန်မှုတွေကြောင့် သွားထပ်ခြင်း၊ ကပ်လျက်ရှိတဲ့သွားတွေနဲ့ အာရုံကြော (သို့) မေးရိုးတစ်ခုလုံးထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ Wisdom Teeth ( အံဆုံးသွား ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ အံဆုံးက သွားဖုံးကို ပေါက်မထွက်နိုင်ခြင်းကြောင့် မေးရိုးနာခြင်း၊ တောင့်ခြင်း သွားကို ထိမိရင် […]


သွားပြဿနာများ

Tooth Ache ( သွားကိုက်ခြင်း ) အကြောင်း သိထားသင့်သမျှ

သွားကိုက်ခြင်း ဆိုတာ အဖြစ်များတဲ့ သွားနဲ့ ခံတွင်းပြဿနာပါ။ သွားကိုက်ခြင်းမှာ ပြင်းထန်တဲ့ နာကျင်မှု ဖြစ်တာကြောင့် လူနာကို နေမထိထိုင်မသာ ဖြစ်စေပြီး ဝေဒနာလည်း ဆိုးပါတယ်။ ဒီလို ပြင်းထန်တဲ့ သွားကိုက်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်သမျှကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ Tooth Ache (သွားကိုက်ခြင်း) ဆိုတာ အဓိကအားဖြင့် ယိုယွင်းပျက်စီးနေတဲ့ သွားကြောင့် သွားနဲ့ မေးရိုးတစ်ဝိုက် နာနေခြင်းဖြစ်ပါတယ်။ သွားကိုက်ဝေဒနာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချက်ချင်းနာပြီး ပျောက်သွားနိုင်သလို ရက်တွေအကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ မသိမသာ နာရာကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုလည်း ရှိနေနိုင်ပါတယ်။ ရုတ်တရက် စူးခနဲကိုက်တတ်ပြီး ညအခါတွေနဲ့ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်တွေမှာ ပိုဆိုးလာနိုင်ပါတယ်။ သွားကိုက်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ အတွေ့ရများတဲ့ က္ခဏာတွေကတော့ သွားကနေ ဆစ်ခနဲစူးခနဲကိုက်ခြင်း၊ တမြည့်မြည့် ကိုက်ခြင်း၊ အစာစားတဲ့အခါ ကိုက်ခြင်း […]


သွားပြဿနာများ

Bruxism (သွားကြိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကြိတ်တယ်ဆိုတာဘာလဲ။ နေ့အချိန်မှာဖြစ်ဖြစ်၊ ညအိပ်ပျော်နေတုန်းမှာပဲ ဖြစ်ဖြစ် သင်မသိလိုက်ဘဲ အလိုအလျောက် သွားကိုကြိတ်ချေနေတာ၊ ဝါးနေတာကို သွားကြိတ်တယ်လို့ခေါ်ပါတယ်။ အိပ်နေရင်း သွားကြိတ်တာဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ မူမမှန်လှုပ်ရှားမှုတမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအိပ်နေရင်း သွားကြိတ်လေ့ရှိသူတွေဟာ တခြားအိပ်စက်ခြင်းဆိုင်ရာ မူမမှန်ပြဿနာတွေ ဖြစ်တဲ့ ဟောက်တာ ဒါမှမဟုတ် အိပ်နေရင်း ခေတ္တ အသက်ရှုရပ်ရပ်သွားတာတွေကိုပါ ခံစားရနိုင်ချေ များပါတယ်။ သွားကြိတ်တာ သိပ်မပြင်းထန်ဘူးဆိုရင် ကုသစရာမလိုအပ်ပေမယ့် တချို့လူတွေမှာဆိုရင် သွားကြိတ်တာဟာအကြိမ်ရေစိပ်လာပြီး ပြင်းပြင်းထန်ထန်လည်း ကြိတ်လာတတ်တဲ့အတွက် မေးရိုးပြဿနာ၊ ခေါင်းကိုက်တာနဲ့ သွားထိခိုက်တာတွေအပါအဝင် တခြားပြဿနာတွေကိုပါ ရင်ဆိုင်လာရစေပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေ မပေါ်ပေါက်ခင်ထိ သွားကြိတ်တတ်မှန်း မသိဖြစ်နေတတ်တဲ့အတွက် သွားကြိတ်ခြင်းရဲ့လက္ခဏာတွေကို သိရှိနားလည်ပြီး သွားဆရာဝန်နဲ့ ပုံမှန် ပြသဖို့ဟာ အထူးအရေးကြီးလှပါတယ်။ လက္ခဏာများသွားကြိတ်တာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ • သင့်ဘေးမှာအတူအိပ်နေတဲ့သူကိုလန့်နိုးစေလောက်အောင်ကျယ်လောင်တဲ့အသံနဲ့သွားကြိတ်ခြင်း • သွားတွေ ပြားနေခြင်း၊ကျိုးပဲ့နေခြင်း၊နဲ့နေခြင်း။ • သွားကြွေလွှာတွေပျက်စီးနေခြင်း • သွားကအထိမခံနိုင်ဖြစ်နေခြင်း • မေးရိုးဒါမှမဟုတ်မျက်နှာနာကျင်ကိုက်ခဲခြင်း • မေးရိုးကြွက်သားတွေညောင်းနေခြင်းဒါမှမဟုတ်တောင့်တင်းနေခြင်း • နားကိုက်တယ်လို့ထင်ရတဲ့ဝေဒနာခံစားရလိမ့်မယ်။ […]


သွားပြဿနာများ

သွားကြိတ်ခြင်း -ဘာကြောင့်သွားကြိတ်ရသလဲ၊ အဲဒီအတွက်သင်ဘာလုပ်နိုင်မလဲ

သွားကြိတ်တာဟာ ကလေးတွေမှာအဖြစ်များပြီး များသောအားဖြင့် ကြီးလာရင်တော့ ပျောက်သွားကြတယ်လို့ ပညာရှင်တွေဆိုကြတယ်။ ကလေး ၁၀ ယောက်မှာ ၂ ယောက်၊ ၃ ယောက် လောက်ကတော့ သွားကြိတ်တတ်တဲ့ အကျင့်လေးတွေရှိတတ်ပါတယ်။ သွားကြိတ်ရခြင်းအကြောင်းအရင်း သွားကြိတ်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေမှာ အပေါ်သွားနဲ့ အောက်သွား မညီလို့သွားကြိတ်တာလည်းဖြစ်နိုင်တယ်။ တချို့ ကလေးတွေမှာဆိုရင် နားကိုက်ခြင်း၊ သွားပေါက်ခြင်း သို့မဟုတ် ကြွက်သားတချို့ ရောင်ရမ်းရာမှ နာကျင်မှုကို သက်သာစေဖို့ သွားကြိတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကြောင့်ဆိုရင်တော့ ကလေးတွေကြီးလာတဲ့အခါ ထိုအကျင့်ပျောက်သွားတတ်ပါတယ်။ ကလေးတွေသွားကြိတ်ရခြင်းရဲ့ တခြားအကြောင်းအရာတွေကတော့ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေ ဒေါသတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့သင်တို့ကလေးလေးတွေမှာ ကျောင်းမှာတစ်ယောက်ယောက်နဲ့ စကားများတာမျိုး၊ ဒါမှမဟုတ် စာမေးပွဲတွေ၊ အဆင့်တွေ၊ သူငယ်ချင်းပြဿနာတွေလိုမျိုး ကျောင်းမှာတစ်ခုခုဖြစ်လာခဲ့ရင်လည်း ညအိပ်တဲ့အခါ သွားကြိတ်တာမျိုးရှိနိုင်ပါတယ်။ ငြိမ်ငြိမ်မနေနိုင်အောင် သွက်လွန်းတဲ့ကလေးတွေ၊ ဒါမှမဟုတ် ရောဂါတစ်ခုခုခံစားနေရတာဖြစ်ဖြစ် ဆေးဝါးတစ်မျိုးမျိုးကိုသုံးစွဲနေရတဲ့ […]


သွားပြဿနာများ

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက်

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက် နေ့စဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သော အရာအချို့ဟာသင့်ရဲ့သွားများကို ပျက်စီးယိုယွင်းစေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာ၊ အမူအကျင့်တွေကို ရှောင်ကြဉ်သင့်သလဲဆိုတဲ့ အချက်အလက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။ • ရေခဲကိုဝါးစားခြင်း ရာသီဥတုအရမ်းပူပြင်းနေတဲ့အချိန်မှာ ရေခဲဝါးစားခြင်းဟာ လွန်စွာစွဲမက်စရာကောင်းပြီး နေသာထိုင်သာရှိလှပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ သင့်ရဲ့သွားတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အက်ကွဲစေတဲ့ အထိဖြစ်စေနိုင်ပါတယ်။ • သွားစွပ် (Mouth guard) မပါဘဲကြမ်းတမ်းသော အားကစားများအပြင်းအထန်ကစားခြင်း (ဥပမာ- လက်ဝှေ့ထိုးခြင်း)၊ သွားမရှိတဲ့ အပြုံးကိုမပိုင်ဆိုင်လိုရင် ပြင်းထန်တဲ့အားကစားလုပ်တိုင်း သွားစွပ်ကိုအမြဲတပ်ဆင်ပါ။ • နို့ဘူးသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ ညစဉ်ညတိုင်း နို့ဘူးစုပ်သောက်ခြင်းဟာသွားများကိုပုံပန်းပျက်စေပါတယ်။ • ပါးစပ်တွင် အပေါက်ဖောက်ပြီး အလှတန်ဆာဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ပါးစပ်ကိုအပေါက်ဖောက်ပြီး အလှတန်ဆာဆင်သူများဟာ ယခုအခါ ပေါများလာပါတယ်။ ဒါပေမယ့် ဒီလိုဖောက်ခြင်းဟာ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ သွားများအထိမခံနိုင်အောင်ဖြစ်ခြင်းနှင့် သွားဖုံးထိခိုက်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။ • စေးကပ်သောဂျယ်လီများ ၊ ကပ်စေးနှဲများစားသုံးခြင်းကိုလျှော့ချပါ။ အများစုသောလူများဟာ ထိုအစားအစာများကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်