သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။ ကြည့်ရဆိုးရဲ့နော်။ ခုဆောင်းပါးမှာတော့ သွားဝါတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာပါ။
ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့ fluoride လွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။
ဘာလို့ သွားဝါတာလဲ
သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။
သွားမဝါအောင် ဘယ်လိုကာကွယ်မလဲ
သွားဝါခြင်းဟာ ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီးတော့ ကုသနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။
အရင်ဆုံးအနေနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ သွားဝါခြင်းကို ကာကွယ်ချင်တယ်ဆိုရင်တော့
သွားကျန်းမာရေးကို ဂရုစိုက်ပါ၊
ကိုယ့်သွားရဲ့ အရောင်က ဘယ်လိုအခြေအနေရှိနေလဲဆိုတာကို သွားတိုက်ပြီးချိန်တိုင်းမှာ ဆန်းစစ်ပါ၊ တစ်နေ့ ၂ ကြိမ်သွားပုံမှန်တိုက်ပါ၊ စနစ်တကျတိုက်ဖို့လည်း လိုအပ်ပါတယ်၊ သွားကြားက သွားချေးတွေကို ပုံမှန်ဖယ်ရှားပါ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်သေစာ ရှောင်ကျဉ်ပါ၊ ကယ်လ်ဆီယံဓာတ်များများပါဝင်တဲ့ အစားအစာတွေကို စားပါ၊ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ၊ ကာဘိုဟိုက်ဒြိတ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ၊ ၆ လ တစ်ကြိမ် သွားကျန်းမာရေးကို စစ်ဆေးပါ။ သွားဝါကျင်တာကို ကုစားနိုင်မယ့်နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့သွားက ဝါကျင်နေတယ်လို့ သတိထားမိလာပြီဆိုရင် အရင်ဆုံး အောက်ပါနည်းလမ်းတွေကို အသုံးချကြည့်ပါ။
- သွားပုံမှန် တိုက်လား၊ မတိုက်လား ဆန်းစစ်ပြီး သွားကို စနစ်တကျနဲ့ တနေ့ ၂ ကြိမ်တိုက်ပေးပါ၊
- သွားကြားက သွားချေးတွေကို နေ့စဉ် သန့်ရှင်းပေးပါ၊
- သကြားဓာတ်များတဲ့ အစားအစာတွေ၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ မှီဝဲနေမှုကို ရပ်တန့်ပါ၊
- အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းယာမှီဝဲမှုကို ရပ်တန့်ပါ၊
- သွားဆေးခန်းကို အလျှင်အမြန်ပြသစစ်ဆေးကုသပါ၊
- ဆရာဝန်လမ်းညွှန်ချက်နဲ့ ဆေးဝါးမှီဝဲပါ။
အထက်ပါနည်းလမ်းတွေကတော့ သွားဝါခြင်း၊ အရောင်ပြောင်းလဲခြင်းကို ကုစားရာမှာ အသုံးတည့်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။