အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

လိင်တံပြဿနာများ

သင့်ခရီးဖော် ဖွားဖက်တော်

သင့်ခရီးဖော် ဖွားဖက်တော် ဒီဆောင်းပါးလေးမှာတော့ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးသားတစ်ယောက်ရဲ့ ဖွားဖက်တော် (လိင်အင်္ဂါ) ရဲ့ ပုံစံနဲ့ လုပ်ဆောင်မှုတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ ဘဝတစ်သက်တာလုံး အတူတူလိုက်ပါ ပြောင်းလဲလာမယ့် ဖွားဖက်တော်လေးအကြောင်း သိရှိရအောင် အခုပဲ ဖတ်ကြည့်လိုက်ပါဦးနော်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခပ်သိမ်းသော အစိတ်အပိုင်းများနည်းတူ ဖွားဖက်တော်ဟာလည်း အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေကို ကြုံတွေ့ရင်ဆိုင်ရပါတယ်။ ဒီလို ပြောင်းလဲမှုတွေကို အဓိက ကြိုးကိုင်ပေးနေသူကတော့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းပဲ ဖြစ်ပါတယ်။ အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ သင့်ရဲ့ဦးခေါင်းမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ဟော်မုန်းတစ်မျိုး ထုတ်ပြီး ခန္ဓာကိုယ်ကနေ တက်စတိုစတီရုန်း ဟော်မုန်းထုတ်စေဖို့ အချက်ပြလိုက်ပါတယ်။ ဒီလိုမျိုး ထွက်လာတဲ့ တက်စတိုစတီရုန်း ဟော်မုန်းကြောင့်ပဲ ကြီးကောင်ဝင်ခြင်း၊ လူပျိုဖော်ဝင်ခြင်းဆိုတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာရပါတယ်။ ဒီနေရာမှာ ဗဟုသုတအလို့ငှာ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်

လိင်တံထောင်မတ် မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။ ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမှာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hello sayarwon ကျန်းမာရေး ချစ်သူ စာဖတ်ပရိတ်သတ်တွေအတွက် လိင်တံထောင်မတ်မှုကို သက်ရောက်စေနိုင်တဲ့ အချက် ၁၀ ချက်ကိုဖော်ပြလိုက်ပါတယ်။ လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက် ၁။ အာဟာရနဲ့ စားသောက်မှုပုံစံ ။ Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ […]


လိင်တံပြဿနာများ

လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား

လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ။ တစ်ခါတရံမှာတော့ ယောက်ျားလေးတွေရဲ့ လိင်တံဟာ ခရမ်းနီရောင် ပြောင်းသွားနိုင်ပါတယ်။ များသောအားဖြင့် ဒီလို အရောင်ပြောင်းလဲသွားတာက အန္တရာယ်မရှိပါဘူး။ သွေးစီးဆင်းမှု များလာတဲ့ အခါ၊ လိင်တံတွင်း အကျိတ်တွေ ဖြစ်ပေါ်တဲ့အခါမှာ လိင်တံဟာ ခရမ်းရောင် ပြောင်းသွားနိုင်ပါတယ်။ ဒီလို အရောင်ပြောင်းတဲ့ ဖြစ်စဉ်မျိုးဟာ အမျိုးသားတွေ လိင်စိတ်ထကြွတဲ့ အခါမျိုးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ သို့ပေမယ့် ဒီလို အရောင်ပြောင်းတဲ့ အပြင် နာကျင်ခြင်း၊ ယားယံခြင်းတို့ပါ ဖြစ်နေပြီဆိုရင်တော့ ခရမ်းရောင် ပြောင်းသွားခြင်းဟာ ကူးစက်ရောဂါ ခံစားရခြင်း၊ ဒဏ်ရာရခြင်း၊ သွေးလှည့်ပတ်ခြင်းပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ဆိုတော့ လိင်တံ ခရမ်းရောင် ပြောင်းသွားခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များ။ အမျိုးသား […]


လိင်တံပြဿနာများ

လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

အမျိုးသားတိုင်းဟာ လိင်တံကြီး စေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။ လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။ “ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှ ဆီးလမ်းကြောင်းခွဲစိတ်မှုဆိုင်ရာ ပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O'Leary) ကဆိုပါတယ်။ ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီး စေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမယ့် တကယ်တမ်း […]


လိင်တံပြဿနာများ

ကျွန်တော့် လိင်တံက အရမ်း သေးနေသလား

ကျွန်တော့် လိင်တံက အရမ်း သေးနေသလား ဆိုတဲ့ မေးခွန်းကို အမျိုးသားတွေက သူတို့ရဲ့ လက်တွဲဖော်တွေကိုတော့ ထုတ်မမေးတတ်ကြပေမဲ့ ဆရာဝန်တွေနဲ့ တွေ့တဲ့အခါကျရင်တော့ ဒါက မေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cohen ကလေးဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဖြစ်သူ လိန်း အက်စ် ပေါလ်မာ (Lane S. Palmer) ကတော့ " ဖခင်တွေက သူတို့သားတွေရဲ့ လိင်တံအရွယ်အစား သေးနေလားဆိုတာကိုမကြာခဏမေးလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သူတို့လိင်တံရော သေးနေလားဆိုတာကို မေးမြန်းလေ့ရှိကြပါတယ် " ဆိုပါတယ်။ ကျွန်တော့် လိင်တံက အရမ်း သေးနေသလား လိင်တံအရွယ်အစား သေးနေလားဆိုတာကို မေးကြတဲ့ အမျိုးသားတွေဟာ တခြားအကြောင်းရင်းကြောင့် ဆရာဝန်ကိုလာတွေ့ကြတာ ဖြစ်တယ်လို့ အမေရိကန် နယူးယောက်မြို့ Lake Success ရှိ စမစ် […]


လိင်တံပြဿနာများ

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ လေးတွေကို ဆွေးနွေးပေးသွားပါမယ်။ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းဟာ မွေးကင်းစအရွယ်နဲ့ ကလေး အရွယ်တွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူလားမြောက်တဲ့ အရွယ်အထိ ဖြစ်ပွားတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်း ဆိုတာ အကြီးအကျယ်ကုသရတဲ့ ရောဂါ တစ်ခု မဟုတ်ပေမဲ့ လိင်တံနီရဲခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံထိပ်ငုံအရေပြားကျပ်တဲ့အခါ အမျိုးသားတွေ ဆီးသွားတဲ့ အချိန်နဲ့ လိင်မှု ကိစ္စတွေကိုပါ ထိခိုက်နိုင်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသား ၂ ရာခိုင်နှုန်းဟာ နောက်ပြန်ဆွဲလို့မရတဲ့ လိင်တံထိပ်ငုံအရေပြား တွေရှိကြတယ် လို့ သိရပါတယ်။ လိင်တံထိပ်ငုံအရေပြား နဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များ လိင်တံထိပ်ငုံအရေပြားဟာ မူလကတည်းက လိပ်တံကို အုပ်ထားပေးထားတာ သဘာဝတစ်ရပ်ပါပဲ။ ဒီလို လိင်တံထိပ်ငုံအရေပြားကို ငယ်ငယ်ကတည်းက ဖြတ်ထုတ်လိုက်ရင် လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတစ်ရံ phimosis လို့ခေါ်တဲ့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာက အတူတူ ကြည့်လိုက်ရအောင်နော်။ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Lenox Hill ဆေးရုံမှ Endocrinology ဆိုင်ရာ ပါရဂူဆရာဝန်တစ်ယောက်ဖြစ်တဲ့ စိုင်ပရို မဇ်တစ် (Spyros Mezitis) အနေနဲ့ လတ်တလောမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးနေတဲ့ အမျိုးသားလူနာ အများအပြားကို ကုသပေးခဲ့ရပါတယ်။ Endocrinology (ခန္ဓာကိုယ်တွင်း ဟော်မုန်းများ ထွက်ရှိခြင်းကို လေ့လာသော ပညာရပ်) ဆိုတာ ပီနီရယ် ဂလင်း (pineal) ၊ ပီကျူထရီ ဂလင်း (pituitary)၊ ပန်ကရိယ (pancreas)၊ […]


လိင်တံပြဿနာများ

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကဘာလဲ။ ထိုရောဂါဟာ ဝှေးစေ့အပေါ်အနောက်ဘက်မှာ ရှိသော Epididymis ခေါ် ကွေးကောက်နေတဲ့ပြွန်လေးမှာ အရည်အိတ်တည်ခြင်းကို ဆိုလိုတာပါ။ ထိုအိတ်ထဲမှာရှိတဲ့အရည်ထဲမှာတော့ သေဆုံးသွားတဲ့ သုတ်ပိုးတွေပါဝင်နေနိုင်ပါတယ်။ ဝှေးစေ့အထက်ပိုင်းမှာ မာမာ၊ချောချောအလုံးလေးကို စမ်းမိနိုင်ပါတယ်။ Spermatocele ရှိနေခြင်းက ယောက်ျားတစ်ယောက်ရဲ့ မျိုးအောင်နိုင်မှုကို မထိခိုက်ပါဘူး။ Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ Spermatocele ဟာ အဖြစ်များပြီး spermatic cyst လို့လည်း ခေါ်ကြပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများSpermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Spermatocele ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ရောဂါရှိနေတဲ့ ဝှေးစေ့မှာ နာကျင်ခြင်း၊ မသက်မသာဖြစ်နေခြင်း လေးနေတယ်လို့ခံရစားရခြင်း ဝှေးစေ့အနောက်နဲ့အပေါ်ဘက်မှာဆိုရင် အစိုင်အခဲတစ်ခုရှိနေပြီး ပြည့်ကျပ်နေခြင်း အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓါကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။ အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓါကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓါကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ

ဆေးတွေ၊ လိင်တံပြွန်တွေ၊ ခွဲစိတ်မှုတွေက အမျိုးသားလိင်တံပျော့ခြင်းကို အထိုက်အလျောက် သက်သာစေနိုင်တယ်ဆိုတာ စာဖတ်သူတို့ သိကြမှာပါ။ ဒါဖြင့်ရင် အစားအစာတွေကရော အမျိုးသားလိင်တံပျော့ခြင်း အပေါ် သက်ရောက်မှုရှိသလား။ အဖြေကိုပြောရမယ်ဆိုရင်တော့ အစားအစာတွေကလည်း လိင်တံပျော့ခြင်းဆိုင်ရာ ပြဿနာ Erectile dysfunction (ED) ကို သက်သာစေနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်တံ ပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ ကို ဖော်ပြလိုက်ပါတယ်။ လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ ကတော့ ၁။ ဖရဲသီး လိင်တံပျော့ခြင်းကို ကုသပေးနေတဲ့ ဆေးတွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းက  ဖရဲသီးတွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဖရဲသီးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒပြင်းပြခြင်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဖရဲသီးမှာ ရေဓာတ်အများဆုံးပါဝင်တဲ့အပြင် lycopene လို့ခေါ်တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)