အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကိုယ်အလေးချိန်နဲ့ အရပ်က မတူနိုင်ပါဘူး။ အကြမ်းအားဖြင့်တော့ ယောက်ျားလေးတွေသည် အားကစား၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုက အဆီထက်ပိုများနေပြီး အလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။ အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ အရပ်ဘယ်လောက်၊ ကိုယ်အလေးချိန်ဘယ်လောက် ဆိုတာထက် ခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)နဲ့ ပြောလာပါပြီ။ BMIဆိုတာက အရပ်ရော၊ ကိုယ်အလေးချိန်ကိုပါ ထည့်သွင်းတွက်ချက်တဲ့ ညွှန်းကိန်းတစ်ခုပါ။ BMIအရ 18.5 အောက်က ကိုယ်အလေးချိန်နည်းတဲ့သူ 18.5 − 24.9 ဆို ကျန်းမာတဲ့ ကိုယ်အလေးချိန် 25 − 29.9 ဆို ကိုယ်အလေးချိန်များနေတာ 30 အထက်ဆို […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ကို အသက်ကြီးမှ ခွဲစိတ်လို့ရလား

လိင်တံထိပ်အရေပြား ဖြတ်ခြင်း (Circumcision) ကို များသောအားဖြင့် မွေးပြီးကာစ ကလေးအရွယ်မှာကတည်းက လုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘာသာရေး၊ လူမျိုးရေးအယူဝါဒတွေကြောင့် ဖြတ်ပစ်တတ်ကြပေမယ့် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို အလေးပေးတဲ့အနေနဲ့ ဒီအပြုအမူကို မိဘတွေကိုယ်တိုင်က လိုလိုလားလား လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒါဆို ငယ်ငယ်က မလုပ်ခဲ့ရလို့ ကြီးလာမှ အရေပြားဖြတ်လို့ရလားဆိုပြီး မေးစရာရှိလာပါတယ်။ ပြောရမယ်ဆိုရင် ဒီ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ အသက်အရွယ်မရွေး လုပ်လို့ရပြီး အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။ အသက်ကြီးမှ ကိုယ်ဆန္ဒရှိလို့ ဖြတ်ချင်တယ်ဆိုလည်း ဖြတ်လို့ရပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူကြီးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်လို့ ဘာကောင်းကျိုးရနိုင်မလဲ၊ ဘာအတွက် လုပ်သင့်လဲ၊ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဘာကြောင့်ဖြတ်ကြတာလဲ။ ဒီကိစ္စမှ အသိနောက်ကျတယ်ဆိုတာတော့ မရှိပါဘူး။ ကိုယ့်မိဘတွေက ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတများစွာမရှိလို့ မလုပ်ခဲ့ရရင်တောင် ဒီဘက်ခေတ်အမျိုးသားတွေမှာ […]


လိင်တံပြဿနာများ

လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား

လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုးရောဂါဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါပဲ။ အလွယ်ပြောရမယ်ဆိုရင် ထိုးသွင်းဆက်ဆံခြင်းပြုတော့မယ့်အချိန်မှာ လိင်တံပျော့ကျသွားတာ၊ ထောင်မတ်ဖို့ အချိန်စောင့်ရတာပါ။ အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ကျားဟော်မုန်းပမာဏသည် လိင်တံထောင်မတ်ခြင်းကို လွှမ်းမိုးနေတဲ့ အဓိကဟော်မုန်းဆိုလည်း မမှားပါဘူး။ ကျားဟော်မုန်းအပြင် တခြားအချက်တွေကလည်း လိင်တံထောင်မတ်နိုင်စွမ်းကို လွှမ်းမိုးနေပါတယ်။ ဥပမာ လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ လိင်တံမထောင်မတ်နိုင်တာက ကိုလက်စထရောများတာနဲ့ သက်ဆိုင်လား ရုပ်ခန္ဓာကျန်းမာရေးရော စိတ်ကျန်းမာရေး နှစ်မျိုးလုံးက လိင်တံထောင်မတ်နိုင်ခြင်းကို သွားပြီး လွှမ်းမိုးနိုင်တယ်ဆိုတာ အရင်ဆုံးသိထားဖို့ လိုပါတယ်။ ရုပ်ခန္ဓာအရဆိုရင်တော့ သွေးကြောတွေ ကျဉ်းလာတဲ့ရောဂါ (atherosclerosis) ကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားတွေအတွက် လိင်တံထောင်မတ်နိုင်ဖို့ အထဲက သွေးကြောတွေထဲကို သွေးအပြည့်အဝစီးဆင်းရပါတယ်။ ဒီလိုသွေးစီးဆင်းမှုကြောင့် သွေးကြောတွေဟာ ဖောင်းလာပြီး ထောင်မတ်ခြင်းကို ဖြစ်စေတာပါ။ သွေးကြောတွေ ကျဉ်းသွားတဲ့အခါ လိင်တံအတွင်း သွေးအလုံအလောက်ပို့ဆောင်ပေးနိုင်ခြင်းမရှိတော့ပါဘူး။ ကိုလက်စထရောတွေ […]


လိင်တံပြဿနာများ

ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ ။

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ ဆိုရိုးစကားလေးကြားဖူးမှာပါ။ မိန်းကလေးတွေမှာ မီးယပ်ပြဿနာ အဖြစ်များသလို ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေက ယောကျာ်းလေးတွေမှာ အများဆုံးဖြစ်တဲ့ ဝေဒနာတစ်ခုပါ။ ဆီးလမ်းကြောင်းပြဿနာတွေထဲမှာမှ ဒီနေ့ပြောပြပေးချင်တာက ကင်ဆာမဟုတ်တဲ့ ဝှေးစေ့ပြဿနာများ အကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ ။ ဝှေးစေ့ပြဿနာများ ( ၁ ) Epididymitis - သုက်ပို့ပြွန်ရောင်ခြင်း။ Testicles လို့ခေါ်တဲ့ ဝှေးစေ့က သုက်ပိုးတွေကို လိင်တံ penis ဆီရောက်အောင်ပို့ပေးတဲ့ ပြွန် epididymis ရောင်တဲ့ ပြဿနာဖြစ်ပါတယ်။ ရောင်လာတဲ့ ဒဏ်က ဝှေးစေ့ကိုပါရောက်သွားပြီး ဝှေးစေ့ပတ်လည်ပါလိုက်ရောင်လာတာကို epididymo-orchitis လို့ခေါ်ပါတယ်။ • လက္ခဏာတွေကတော့ ကပ္ပာယ်အိတ်ပတ်လည်မှာ နာကျင်မှု၊ ရောင်ရမ်းမှုတွေလည်းဖြစ်နေတတ်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။ • ကလေးအရွယ်နဲ့ မြီးကောင်ပေါက် အရွယ်တွေမှာ ပိုဖြစ်နိုင်တယ်ဆိုပေမယ့် […]


လိင်တံပြဿနာများ

Hydrocele( မုတ္တရောဂါ ) ဝှေးစေ့ပတ်လည်အရည်စုပြီး ကပ္ပယ်အိတ်ကြီးလာတဲ့ ပြဿနာ ။ ။

ဝှေးစေ့မှာ အရည်အိတ်စုပြီးကြီးလာတာ ၊ အူကျြပီး ဝှေးစေ့ကြီးလာတာ စတဲ့ပြဿနာတွေဟာ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေပါ။ စစချင်းဖြစ်ခါစတွေဆို နာကျင့်တဲ့ ပြဿနာတွေတော့မရှိပေမယ့် နေရထိုင်ရ သွားရ လာရတာတွေကို သက်တောင့်သက်သာမရှိဖြစ်စေမှာပါ။ ပြီးတော့ ဒီလို ဝှေးစေ့အရည်စုပြီး ကြီးလာတဲ့ပြဿနာတွေဟာ ရှားပါးတဲ့ ဖြစ်စဉ်တွေ မဟုတ်တာကြောင့် အမျိုးသားတိုင်း သိရအောင်ဒီတောင်းပါးလေးကို ဝေမျှပေးချင်ပါတယ်။ Hydrocele မုတ္တရောဂါဆိုတာ ဘာလဲ။ ။ ဝှေးစေ့ပတ်လည်မှာ အရည်တွေစိမ့်ထွက်လာပြီး စုလာရာကနေ ကပ္ပယ်အိတ်ကြီး ကြီးလာတဲ့ပြဿနာပါ။ ကလေးငယ်ငယ်လေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ Hydrocele ရဲ့ လက္ခဏာက ဘာလဲ။ ။ အရည်စုတယ်ဆိုတော့ အဓိက လက္ခဏာက ကပ္ပယ်အိတ်ြကီး ကြီးလာမှာပါ။ ကြီးလာတဲ့ ကပ္ပယ်အိတ်က ပျော့ပျော့လေးဖြစ်နေတတ်ပြီး နာကျင်တာတွေ မရှိတတ်ပါဘူး။ ဒီနေရာမှာ ပျော့တာ မာတာ က အရေးကြီးသွားပါပြီ။ […]


လိင်တံပြဿနာများ

ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ

ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ...... အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ အသေးငယ်ဆုံးသော ဖိအား၊ အထိအတွေ့ကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတွေ ပါဝင်ပါတယ်။ ဒီအာရုံကြောတွေက အကြောင်းအမျိုးမျိုးကြောင့် အားနည်းသွားတာ၊ ထိခိုက်မိတဲ့အခါမျိုးမှာ လိင်တံက အနည်းငယ် သို့မဟုတ် လုံးဝထုံကျဉ်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ဒီနေ့ပြောပြပေးမှာကတော့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ လိင်တံထုံကျဉ်ခြင်းကို ဖြစ်စေတဲ့ အပြုအမူတွေနဲ့ လိင်ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။ လိင်တံထုံကျဉ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ကိုယ့်ရဲ့ ငယ်ပါကို ကိုယ်တိုင် သို့မဟုတ် တခြားတစ်ယောက်က ထိလိုက်တဲ့အခါ အထိအတွေ့နဲ့ ပတ်သက်ပြီး ခံစားမိတာလည်း မရှိ၊ ထောင်မတ်လာတာမျိုးလည်း မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ တစ်ခါတလေ အထဲမှာ သွေးစီးဆင်းမှု လုံးဝရပ်တန့်သွားသလိုလည်း ခံစားရနိုင်ပါတယ်။ […]


လိင်တံပြဿနာများ

ကျွန်တော့် ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူး ပတ်လည်မှာ Hirsutoid Papillomas လို့ခေါ်တဲ့ အဖြူရောင် ကြာဆူးလို အဖုသေးသေးလေးတွေ ပေါက်တတ်တာ သဘာဝပါပဲ။ ငယ်ပါမှာ ကြာဆူးလိုအဖုတွေ တစ်နေရာထဲမှာ အပြုံလိုက်စုပေါက်တာမျိုးလည်း ရှိသလို ထိပ်ပတ်ပတ်လည်မှာ အတန်းလိုက်ကြီး ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတဲ့အခါ ဒီလိုမျိုး ကြာဆူးလို အဖုတွေက ထိပ်ပတ်လည်ကလွဲပြီး တခြားနေရာတွေမှာတော့ မပေါက်နိုင်ပါဘူး။ သူ့ကို လူတော်တော်များများက လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ အရေပြားယားနာ၊ ကြွက်နို့ ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တဲ့ အဆီဖုတွေနဲ့ အမှတ်မှားတတ်ကြပါတယ်။ တကယ်တော့ ဒီလို ကြာဆူးပုံစံ အဖုသေးသေးလေးတွေက ကျန်းမာပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ အမျိုးသားတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ သူ့မှာ တခြားရော ဘာလက္ခဏာတွေ ရှိနိုင်လဲ။ ကြာဆူးလို အဖုလေးတွေ ပေါက်နေတာကလွဲပြီး […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ်

လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ် ..... ဘာတွေဖြစ်မလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ် လိင်တံထိပ်အရေပြား မဖြတ်ခင် သိထားရမယ့် အချက်တွေကတော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဆိုတာဘာလဲ။ လိပ်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာ ဖြစ်ပါတယ်။ သူ့ကို Circumcision လို့ခေါ်ပါတယ်။ အများအားဖြင့်တော့ ယောက်ျားလေးတွေ မွေးပြီးကာစမှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် မိဘတွေကိုယ်တိုင် ဆရာဝန်လက်ထဲအပ်ပြီး ဖြတ်လိုက်တာမျိုးလည်း ရှိသလို အသက်ကြီးမှ အကြောင်းအမျိုးမျိုးကြောင့် လုပ်တာ၊ ဘာသာရေးအယူဝါဒတွေကြောင့် လုပ်တာ အစရှိသဖြင့် အစုံပါပဲ။ တကယ်တော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကို ကာယကံရှင်အနေနဲ့ သေချာဆုံးဖြတ်ဖို့ လိုပါတယ်။ သန့်ရှင်းရေးအတွက် လိင်တံထိပ်အရေပြားဖြတ်မှာလား။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့အခါ အဆီတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ သုက်ရည်တွေက အရေပြားရဲ့အောက်မှာ သွားပြီး စုပုံနေတတ်ပါတယ်။ ကြာလာတဲ့အခါ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ

ဘယ်လိုရောဂါပဲ ဖြစ်နေပါစေ၊ စိတ်ရောဂါ ဆိုတာ ပေါ့ဆလို့မရတဲ့ ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာ ကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ် ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ လူသားတစ်ဦးပင်ဖြစ်နေပါစေ စိတ်က အနည်းငယ်တော့ ယိုင်သွားတတ်ပါတယ်။ အထူးသဖြင့် အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ ပါတယ်။ အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ နေပါတယ်။ ဒီလိုပြောရတာက စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးတွေမှာ စိတ်ရောဂါ ဖြစ်ဖို့ ပိုလွယ်ကူပေမယ့် သူတို့တွေက ကိုယ့်ရဲ့ရောဂါအခြေအနေကို နားလည်လွယ်ပြီး ကုသဖို့ကိုလည်း အားတက်သရောရှိကြပါတယ်။ အမျိုးသားတွေကတော့ ဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ စိတ်ရောဂါ […]


Peyronie's ရောဂါ

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို အနည်းငယ်ကွေးကောက်တာ သဘာဝပါပဲ။ အာသာဖြေတာ၊ အတွင်းခံအတွင်း ထည့်ထားတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး အနည်းငယ်တော့ စောင်းသွားတတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားဖို့လိုတာကတော့ လိင်ဆက်ဆံနေစဉ်၊ တစ်ခုခုနဲ့ ထိခိုက်မိပြီး လိင်တံကောက်သွားခြင်းကြောင့် နောက်ဆက်တွဲဝင်လာတတ်တဲ့ ပီရိုးနီးရောဂါ (Peyronie’s disease) ပဲ ဖြစ်ပါတယ်။ ပီရိုးနီးရောဂါဆိုတာ ဘာလဲ။ ထောင်မတ်လာချိန်မှာ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ကွေးကောက်သွားစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ နောက်ပိုင်းအမျိုးသားတွေမှာတော့ ပိုအဖြစ်များပါတယ်။ လိင်တံထောင်မတ်စဉ် အလွန်အမင်းနာကျင်ပြီး ထိုးသွင်းဆက်ဆံဖို့ အခက်အခဲဖြစ်စေတဲ့အတွက် ကိုယ့်မှာ ဒီရောဂါရှိတယ်လို့ သံသယဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။ ပီရိုးနီးရောဂါ လက္ခဏာတွေ လိင်တံရဲ့ ကိုယ်ထည်တွင် ဖုဖောင်းပြီး မာကျောတဲ့ အဖုလေးတစ်ခု […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း