တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ Monkeypox မျိုးစိတ်သစ် A.2 Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

အီဘိုလာ (Ebola) ဆိုသည်မှာ

အီဘိုလာဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးရဲ့ နာမည်ဖြစ်ပြီး အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကိုတော့ Ebola virus disease (EVD) (သို့) Ebola hemorrhagic fever (EHF) လို့ ခေါ်ပါတယ်။ အီဘိုလာရောဂါလို့ အလွယ်ခေါ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး တောင်ဆူဒန်နိုင်ငံနဲ့ DR ကွန်ဂိုနိုင်ငံက ရွာတွေမှာ စပြီးပျံ့နှံ့ခဲ့ပါတယ်။ အီဘိုလာမြစ်အနီးမှာ စတင်ဖြစ်ပွားတာမို့ အီဘိုလာဆိုတဲ့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်ကနေ ယနေ့ထိ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှု ၂၄ကြိမ်ခန့် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာများ ရောဂါလက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ အဆစ်အမြစ်များကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ မောပန်းသလိုခံစားရခြင်း၊ အစားအသောက်ပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြို့ထိုးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကြောင့် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ဝက်သက်ဖြစ်နေတာလား ဒါတွေစားပေးပါ

ခုတလောဝက်သက်ြဖစ်တဲ့သတင်းတွေကိုနေရာတိုင်းလိုလိုမှာကြားနေရတယ်နော်။ ကလေးတွေရော လူကြီးတွေမှာပါ ဝက်သက်တွေဖြစ်နေကြတာပါ။ ဝက်သက်ဖြစ်တာနဲ့အတူ ခံစားရတာက ကိုယ်ပူပြီး အဖျားကြီးတာပါ။ ခန္ဓါကိုယ်မှာ အနီရောင်အဖုအပိမ့်တွေထွက်တာပါ။ အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊ လည်ချောင်းနာတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။ ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ခြေထောက်တွေ၊လက်တွေမှာပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေကရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။ ပြင်ပလေထုမှာ နာရီပေါင်းများစွာ ရှင်သန်နေနိုင်တဲ့ ပိုးမွှားတွေက နှာချေ၊ချောင်းဆိုးတာကနေတောင် ကူးစက်နိုင်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့ ဝက်သက်ကို ကာကွယ်တာကအကောင်းဆုံးဆိုပေမယ့် အခန့်မသင့်လို့ ကူးစက်ခံရပြီဆိုရင်တော့ ဒီအစားအစာလေးတွေက အထောက်အကူဖြစ်စေမှာပါ။ ဝက်သက်ပေါက်နေပြီ ဘာတွေစားရမလဲ ဝက်သက်အရမ်းပြင်းထန်နေပြီဆိုရင် အကောင်းဆုံးကတော့ သစ်သီးလေးတွေစားသုံးပေးတာ။ သစ်သီးဖျော်ရည်လေးေတွသောက်သုံးပေးတာပါ။ အဖျားကြီးနေတာကို သက်သာစေဖို့ ရေဓါတ်ပြည့်ဝနေအောင်ထောက်ပံ့ပေးဖို့ကအရေးကြီးပါတယ်။ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကြီးမှပေါက်တဲ့ ဝက်သက်

ဝက်သက်လို့ပြောရင် ကလေးတွေမှာပဲပေါက်တာလေလို့များတွေးနေလား၊ မဟုတ်ပါဘူးနော်။ အသက်ကြီးမှလည်း ဝက်သက်ပေါက်နိုင်ပါတယ်။ ကြီးမှပေါက်တဲ့ ဝက်သက်က ပိုခံရခက်ပါတယ်။ ဝက်သက်က အရွယ်မရွေးပေါက်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အခုတစ်ခေါက်တော့ အသက်ကြီးမှပေါက်တဲ့ ဝက်သက်အကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေလား။ ဝက်သက်ဆိုတာက ဘာလဲ ဝက်သက်ဆိုတာက အသက်ရှုလမ်းကြောင်းစနစ်မှာ ပိုးဝင်ကူးစက်တဲ့ရောဂါတစ်မျိုးပေါ့။ ကူးစက်မြန်တဲ့ရောဂါတစ်မျိုးပါ။ရောဂါပိုးရှိနေတဲ့ ချွဲသလိပ်တွေ၊တံထွေးတို့နဲ့ထိမိရင်ဖြစ်ဖြစ်ရောဂါပိုးရှိတဲ့လူကနှာချေလိုက်တဲ့အခါချောင်းဆိုးလိုက်တဲ့အခါမှာရောဂါပိုးတွေပြန့်နှံ့ပြီး ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးဟာပြင်ပလေထုနဲ့ ပစ္စည်းတွေပေါ်မှာ အချိန်အတော်ကြာရှင်သန်နေနိုင်ပါတယ်။ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ်နေရင်ဖြစ်ဖြစ်၊ရောဂါပိုးတွေကပ်ငြိနေတဲ့နေရာကို ထိတွေ့မိရင်ဖြစ်ဖြစ် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ရောဂါပိုးရှိသူနဲ့ တစ်ခွက်တည်းအတူတူသောက်မိတာ၊အသုံးအဆောင်တွေအတူတူမျှသုံးတာတွေကြောင့် ဝက်သက်ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဝက်သက်က ကလေးငယ်တွေကိုအသက်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရင်းပါ။ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၁၁၄၉၀၀ ဦးအထိရှိခဲ့တာပါ။ အသက် ၅ နှစ်အောက်ကလေးငယ်တွေဟာ ဝက်သက်ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ဝက်သက်က ဒီလောက်ထိကြောက်ဖို့ကောင်းတာပါ။ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ ဝက်သက်ရောဂါပိုးက ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ဝက်သက်ကူးစက်ခံထားရပြီဆိုရင် အဖျားတက်မယ် ချောင်းခြောက်ဆိုးမယ် နှာစေးမယ် လည်ချောင်းနာမယ် မျက်လုံးတွေရောင်မယ် မျက်လုံးတွေနီရဲနေမယ် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ဝက်သက်နဲ့ပတ်သက်ပြီး မှားတတ်တဲ့အတွေးများ

ဝက်သက်ရောဂါက ကူးစက်ပြန့်ပွားနှုန်းမြင့်မားလိုက်ပုံများချောင်းဆိုးတာ၊ နှာချေတာလောက်နဲ့လေထဲကနေကူးနိုင်တာပါ။ ဝက်သက်လက္ခဏာတွေက ဖျားတယ်၊ချောင်းဆိုးတယ်၊ နှာစေးတယ်၊ မျက်စိတွေနီတယ်၊ လည်ချောင်းနာတယ်။ ခုချိန်မှာ ကူးစက်မှုကိုထိန်းထားနိုင်ပေမယ့် အရင်ကဆို ဝက်သက်ပေါက်တယ်ဆိုတာ တစ်သက်မှာတစ်ခါကြုံကိုကြုံဖူးကြမယ့် အခြေအနေတစ်ခုအဖြစ် လူကြီးတွေပြောလေ့ရှိပါတယ်။ ကလေးတွေမှာ ဝက်သက်ပေါက်မယ်၊ ရေများများချိုးပေးမယ်၊ ငယ်တုန်းတစ်ကြိမ် ပေါက်ပြီးရင်ပြီးရော၊ တစ်သက်လုံးအေးဆေးပဲ သူတို့အပြောက။ ဒါပေမယ့် ဝက်သက်မပေါက်အောင်ကာကွယ်တာပိုကောင်းတယ်ဆိုတာ၊ ဝက်သက်က အခန့်မသင့်ရင် အသက်ဆုံးရှုံးရနိုင်တယ်ဆိုတာ လူတိုင်းသိဖို့လိုပါတယ်။နောက်ပြီးတော့ရော ဘာတွေအသိမှားနေသေးလဲ။ ဟိုးအရင်တည်းက အဖြစ်များတဲ့ အတွေးမှားတချို့ကို ဒီကနေပြောပြမယ်နော်။ (၁) ဝက်သက်က ကလေးတွေမှာပဲဖြစ်တတ်တယ် ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်လူကြီးတွေမှာလည်းဖြစ်တတ်ပြီး ပိုပြင်းထန်တတ်ပါတယ်။ ကာကွယ်ဆေးမထိုးထားဘဲ ငယ်စဉ်မှာလည်း ဝက်သက်မပေါက်ဖူးသေးဘူးဆိုရင် အသက်ကြီးမှ ကူးစက်ခံရတဲ့အခါ ခံစားရတာပိုပြင်းထန်ပြီး အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။   (၂) သဘာဝနည်းတွေနဲ့ ကြိုကာကွယ်လို့ရတယ်၊ ကာကွယ်ဆေးမလိုဘူး ဝက်သက်ကိုဝေဒနာသက်သာစေမယ့်နည်းတွေရှိကောင်းရှိမယ်၊ လုံးဝကြိုတင်ကာကွယ်နိုင်ဖို့ကတော့ လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းကသာလျှင် ကူးစက်မခံရအောင် ကာကွယ်တားဆီးနိုင်ဖို့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေကိုကာကွယ်ဆေးထိုးဖို့အရေးမှာ မိဘတွေဘက်က အကြောင်းအမျိုးမျိုးကြောင့်( အခြေအနေမပေးလို့၊ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ရုံးမှာ အမြဲထိတွေ့နေရတဲ့ ရောဂါပိုးမွှားအများဆုံး အရာတွေ

လက်ဆေးပါ၊ လက်ဆေးပါ ဆိုတဲ့အမှာစကားတွေက အလကားမဟုတ်ဘူးနော်။ မနက်အိပ်ရာထတည်းကစောင်ကိုခွာမယ်၊ခြင်ထောင်ကိုမမယ်၊ မျက်လုံးကိုပွတ်မယ်၊ ဒီလက်နှစ်ဖက်နဲ့ပဲမလား။ ဘာလုပ်လုပ် ဘာကိုင်ကိုင် ဒီလက်ချောင်းတွေ၊လက်ဖဝါးတွေနဲ့ မထိတွေ့ဘဲ မပြီးပါဘူး။ တစ်နေ့တာမှာ ဒီလောက်ထိတွေ့မှုများတဲ့အစိတ်အပိုင်းကို ဘာလို့များသန့်တယ်ထင်နေရတာလဲ။ အမယ် လာသေးတယ်...ငါ့လက်ကဆေးပြီးသားတဲ့။ ဘယ်တုန်းကလဲဆိုရေချိုးတုန်းကလေ ဆိုတာမျိုး။ အခုပြောချင်တာက ကိုယ့်အိမ်မှာထက်တောင်နေရချိန်ပိုများနေတဲ့ လုပ်ငန်းခွင်ရုံးခန်းမှာ သန့်ရှင်းမှုဂရုစိုက်မိဖို့ပါ။ မနက်စောစော ရုံးကိုပြေးလာမယ်၊ အချိန်မရလို့ မနက်စာကိုအပြေးအလွှားစားမယ်၊ ရောက်တာနဲ့ အလုပ်တွေဝင်လုပ်မယ်။ ဒါတော်တော်များများလုပ်နေကြ ပရိုစီဂျာပဲ။ မနက်မိုးလင်းကနေ ညမှောင်တဲ့အထိ ရှိနေခဲ့တဲ့ ရုံးမှာ လက်ဘယ်နှကြိမ်ဆေးခဲ့သလဲ။ရောဂါဘယကင်းစေဖို့အတွက် သန့်ရှင်းမှုကိုဂရုစိုက်ဖို့ ဘာလို့အရေးကြီးတာလဲ ဆက်ဖတ်ကြည့်နော်။ရောဂါပိုးမွှားတွေအများဆုံးရှိနိုင်တဲ့ ရုံးကနေရာတွေကို သိရင် ယူတို့ လက်မဆေးဘဲ မနေနိုင်တော့လောက်ပါဘူး။ ဓါတ်လှေကားခလုတ် အပေါ်တက်မယ်၊အောက်ဆင်းမယ်နဲ့ ဓါတ်လှေကားခလုတ်လေးတွေကနေ့တိုင်းအလုပ်လုပ်ရပါတယ်။ အထပ်တိုင်းမှာ လူရှိ၊ရုံးခန်းတွေရှိနေတော့ ခလုတ်တိုင်းကို ထိတွေ့သူအများကြီးပေါ့။ မမြင်ရပေမယ့် ဒီခလုတ်တွေမှာရောဂါပိုးမွှားတွေလည်း အများကြီးရှိနေမှာပါ။ တံခါးလက်ကိုင် အလုပ်လာတက်တဲ့လူတိုင်း ရုံးခန်းထဲဝင်ချင်ရင် တံခါးလက်ကိုင်ကို ထိရကိုင်ရမှာပဲ။ လူတွေများလေရောဂါပိုးမွှား၊ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့

မနက်ခင်းမှာ ဆောင်းလေ အေးလေး မျက်နှာကို ထိတွေ့တိုက်ခတ်မှုက ကဗျာဆန်တယ်နော်။ စိတ်ကြည်နူးစရာလည်း ကောင်းပါတယ်။ ဆောင်းရဲ့ အငွေ့အသက်က လူကို ပျော်ရွှင် လန်းဆန်းစေပါတယ်။ ဆောင်းမနက်ခင်းက အလှအပတရားတွေ ပြည့်စုံတယ်လို့ တင်စားကြတာတောင် ရှိပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ ဆောင်းရာသီကို လန်းဆန်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ဒီ ဆောင်းပါးလေးကနေ သတိထားရမယ့် အချက်တွေကို ပြောပြမယ်နော်။ ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့ ဘယ်အချက်တွေ လိုက်နာရမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့ ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့ ဒါလေးတွေ လိုက်နာပါနော်...... အိပ်ရေးဝဝ အိပ်ပါ ဆောင်းရာသီက အိပ်ကောင်းတာလည်း အမှန်ပဲနော်။ ဒီတော့ အိပ်ပျော်အောင် အိပ်ဖို့တော့ လိုမှာပေါ့။ ညဘက်တွေမှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေ လျှော့လို့ အိပ်ရေးဝအောင် အိပ်ပေးပါနော်။ အိပ်ရေးဝဝ အိပ်တာက ကိုယ်ခံအား ကောင်းစေတဲ့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

နည်းနည်းလေး အေးတာနဲ့ အဖျားဝင်တာကို စိတ်ကုန်နေပြီလား

မိုးစက်လေးတွေ တစ်စက်ချင်းစီကျလာတာကို ကဗျာဆန်ဆန်လေးခံစားရတာ သဘာဝရဲ့တေးသံသာလေးဖြစ်တဲ့ မိုးရေစက်လေးတွေတစ်စက်ချင်းစီကျလာတာကို ခံစားရတာကတော်တော်လေးတော့ မိုက်တယ်နော်။ မိုးရာသီက စိုစွတ်ပေမယ့် စိမ်းလန်းစိုပြည်မှုတွေနဲ့အေးမြလန်းဆန်းမှုတွေကိုခံစားရနိုင် တစ်ခုတည်းသောရာသီပါ။ ဒီလိုကဗျာဆန်တဲ့ရာသီလေးမှာ သဘာဝရဲ့ အရသာကို အပြည့်အဝမခံစားရဘဲ မိုးအေးတာနဲ့ဖျားဖျားနေလို့ စိတ်ညစ်နေပြီလား။ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြမယ်နော်။ မိုးရာသီနဲ့ ကိုယ်ခံအားစနစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ကိုယ်တွင်းကို ဝင်ရောက်ကူးစက်မှုမရှိအောင် တုံ့ပြန်တိုက်ခိုက်ပေးနေတာပါ။ မိုးရာသီလိုမျိုး ပတ်ဝန်းကျင်က စိုစွတ်အေးမြနေချိန်ဆိုရင်ရောဂါပိုးတွေက အခြားအချိန်တွေထက်ပိုပြီး အချိန်ကြာကြာရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေအနေနဲ မိုးရာသီမှာအလွယ်တကူဖျားနာတာပါ။ မိုးရာသီမှာ အလွယ်တကူဖျားနာရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုက အပြင်မှာမိုးတွေရွာနေတာကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ အခန်းအောင်းနေရတာများနေတာ၊ လူအစုအဝေးနဲ့အနေများတာတွေကြောင့်ရောဂါပိုးတွေက အလွယ်တကူကို ကူးစက်နေတာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားကပုံမှန်ထက်နည်းနေပြီဆိုရင်တော့ရောဂါတွေကို ခုခံဖို့ကမဖြစ်နိုင်တော့ဘူးလေနော်။ ဖျားနာခြင်းကင်းစင်တဲ့ မိုးရာသီလေးပိုင်ဆိုင်ဖို့ဆိုရင် သွားလေရာကို ထီးယူသွားပါ- မိုးရာသီမှာ အပြင်သွားတဲ့အခါတိုင်း ထီးလေးတော့ယူသွားဖို့လိုပါမယ်။ ဒါမှမိုးရေစိုတာကနေကာကွယ်နိုင်မှာပါ။ မိုးရွာချလာတဲ့အခါ ခန္ဓါကိုယ်ကို […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု) ကဘာလဲ။ ရိုတာဗိုင်းရပ်က ဝမ်းလျှောခြင်းကိုဖြစ်စေတတ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေး ဌာနများရဲ့ ပြောကြားချက်အရ ကမ္ဘာတစ်ဝှမ်းမွေးကင်းစနှင့်ကလေးငယ်များမှာ ဝမ်းလျှော ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကာကွယ်ဆေး မထုတ်နိုင်ခင်က United States မှ ကလေးများမှာ အသက်အရွယ် 5 နှစ်မှာ တစ်ခါ ဗိုင်းရပ်ဖြစ်ပွားလေ့ရှိပါတယ်။   ဗိုင်းရပ်ကူးစက်မှုဟာ မနှစ်မြို့ဖွယ်ဖြစ်ပါတယ်။ အများအားဖြင့်ရေဓါတ်ခန်းခြောက်တာကို ကာကွယ်တားဆီးဖို့ အိမ်မှာတင် အရေ များများသောက်ပြီး ကုသနိုင်ပါတယ်။ အလွမ် ပြင်းထန်တဲ့ ရေဓါတ်ခန်းခြောက်မှုတွေကို ဆေးရုံမှာ အကြောဆေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းဟာ ဗိုင်းရပ်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကလေးများ သေဆုံးမှုရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။   ကာကွယ်ဆေးထိုးခြင်းဟာ သင့်ရဲ့ကလေးငယ်ကို ဗိုင်းရပ်ပိုးကူးစက်မှုမှ တားဆီးကူညီပေးနိုင်ပါတယ်။ ဗိုင်းရပ်၏ကူးနိုင်ချေနည်းတဲ့ အရွယ်ရောက် ကလေးများနှင့်လူကြီးများအတွက်ကတော့ မကြာခဏလက်ဆေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။။ Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု) က ဘယ်လောက်အဖြစ်များသလဲ အလွန် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

German Measles (Rubella) (ဂျာမန်ဝက်သက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်German Measles (Rubella) (ဂျာမန်ဝက်သက်) ကဘာလဲ။ ဂျာမန်ဝက်သက်ကို Rubella ဟုလည်းခေါ်သည်။ ၎င်းမှာ ဗိုင်းရပ်ကူးစက်ရောဂါဖြစ်ပြီး ခန္ဓါကိုယ်တွင် အနီစက်များ ပေါ်လာစေပါသည်။ အနီစက်များအပြင် ဂျာမန်ဝက်သက်ပေါက်သောသူများ၌ ဖျားခြင်း ပြန်ရည်ကျိတ်ရောင်ခြင်းများပါ ဖြစ်တတ်ပါသည်။ ပိုးကူးခြင်းမှာ ပိုးရှိသူမှ နှာချေချောင်းဆိုးရာမှထွက်သော အစက်အမှုန်များမှာတစ်ဆင့် ပျံ့နှံ့၏။ ဆိုလိုသည်မှာ ပိုးရှိသူမှ ထွက်လာသောအစက်အများရှိရာ အရာဝတ္ထုများကို ထိမိပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများကိုထိပြီးပါက ဂျာမန်ဝက်သက်ကူးသွားမည်ဖြစ်သည်။ ပိုးရှိသူနှင့် အစာအတူစားခြင်း သောက်ခြင်းမှလည်း ဂျာမန်ဝက်သက် ကူးနိုင်ပါသည်။   ဂျာမန်ဝက်သက်မှာ ပုံမှန်အားဖြင့် အပျော့စား ပိုးကူးစက်ခြင်းမျိုးဖြစ်ပြီး တစ်ပတ်အတွင်း ကုသမှုမခံယူတောင် အလိုလိုပျောက်သွားတတ်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွင်ပေါက်ပါက အလွန်ဆိုးဝါးသော အခြေအနေဖြစ်ပြီး သန္ဓေသားတွင် မွေးရာပါရူဘဲလားရောဂါ ဖြစ်စေပါသည်။ မွေးရာပါရူဘဲလားရောဂါမှာ ကလေးငယ်၏ ကြီးထွားမှုကို နှောက်ယှက်စေပြီး နှလုံးပုံမှန်မဟုတ်ခြင်း၊ နားမကြားခြင်းနှင့် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ကဘာလဲ။ Coxsackie ဗိုင်းရပ်စ်ဆိုသည်မှာလူရဲ့အစာလမ်းကြောင်းတွင်နေထိုင်သောဗိုင်းရပ်စ်အုပ်စုဝင်ဖြစ်ပါတယ်။(ပိုလီယိုနှင့် အသည်းရောင်အသားဝါဗိုင်းရပ်စ်လည်းပါဝင်ပါတယ်) ထိုဗိုင်းရပ်စ်များဟာ လူတစ်ယောက်မှတစ်ယောက်သို့ မသန့်ရှင်းသော လက်များ..အညစ်အကြေးများထိတွေ့ခြင်းမှတစ်ဆင့်ကူးနိုင်ပြီး ထိုအကောင်များဟာ အညစ်အကြေး မစင်များထဲတွင်ရက်များကြာမြင့်စွာနေထိုင်နိုင်ပါတယ်။ အများစုတွင်တော့ ဗိုင်းရပ်စ်ဟာ တုတ်ကွေးအပျော့စားကဲ့သို့ပင်ဖြစ်ပြီး ကုသစရာမလိုပဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ အချို့တွင်တော့ပြင်းထန်တဲ့ကူးစက်မှုများအထိဖြစ်တတ်ပါတယ်။ Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဗိုင်းရပ်စ်ကူးစက်ခြင်းဟာကလေးငယ်များတွင်အဖြစ်များပြီး နွေရာသီတွင်အဖြစ်များလေ့ရှိပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCoxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Coxsackie ဗိုင်းရပ်စ်ကူးစက်ခြင်းရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။ ဖျားခြင်း၊ အနီကွက်များထခြင်း၊လည်ချောင်းနာခြင်း ၊ အဆစ်အမြစ်များနာခြင်း ၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာအပျော့စားတွေပဲ ဖြစ်လေ့ရှိပါတယ်။ အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသ သင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွင်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့ ပြသခြင်းဟာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်