တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ Monkeypox မျိုးစိတ်သစ် A.2 Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ […]

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ] Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။ လက္ခဏာများNorovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ – မူးဝေခြင်း အော့အန်ခြင်း ဝမ်းဗိုက်နာကျင်ခြင်း အရည်ဝမ်းသွားခြင်း ကိုယ်လက်မအီမသာ ဖြစ်ခြင်း တငွေ့ငွေ့ဖျားခြင်း ကြွက်သားများ နာကျင်ခြင်း   ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း […]


ကူးစက်ရောဂါများ

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကဘာလဲ။ virus အမျိုးအစား အများကြီးထဲက တစ်ကောင်ကြောင့် အစာအိမ်နဲ့ အူတွေ ရောငိတာပါ။stomach flu လို့လည်းသိထားကြပါတယ်။ လူတိုင်းကိုလည်း ကူးစက်နိုင်ခြေရှိပါတယ်။ ရောဂါဖြစ်နေတဲ့လူနဲ့ ထိတွေတာမျိုး အစားအစာ ညစ်ပတ်တာနဲ့ရေမသန့်ကနေ ဒီကူးစက်မြန်တဲ့ရောဂါကပြန့်နိုင်ပါတယ်။ စုနေရတဲ့နေရာတွေ ဥပမာ မူကြိုတွေ ,ကျောင်း၊ ဆေးရုံတွေနဲ့ သင်္ဘောပေါ်မှာ ပြန့်နိုင်ပါတယ်။ မတူညီတဲ့ virus တွေဟာ သူ့ရာသီအလိုက် ရောဂါပေးနိုငိပါတယ်။ အဖြစ်များတာတွေကတော့ Rotavirus မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်ပြီး အခြားကလေးတွေရော အရွယ်ရောက်ပြီးသားလူငယ်တွေကိုပါ ကူးစက်တတ်ပါတယ်။ ဒီvirus ဟာပါးစပ်ကနေကူးပါတယ်။ ဆိုလိုချင်တာက ခန္ဓါကိုယ်ထဲကို ပါးစပ် .အစာရေပြွန်တို့ကနေ ဝင်ရောက်တာဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ၂ရက်အကြာမှာဖြစ်တတ်ပြီး အန်ခြင်း ၊ အစာစားခြင်းစိတ်ကျဆင်းခြင်း၊ နဲ့ ဝမ်းရေကျဲသွားခြင်း တို့ဖြစ်ပါတယ်။Centers for […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Rotavirus Infection (ရိုတာဗိုင်းရပ်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကဘာလဲ။ Rota virus ဟာ ဝမ်းလျှောစေတတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ကူးစက်ရောဂါထိန်းချုပ်မှု ဗဟိုဌာနအရ တကမ္ဘာလုံးမှ မွေးကင်းစနဲ့ ကလေးများအားလုံးတို့ ဝမ်းလျှောခြင်းရဲ့ အဖြစ်များဆုံး အကြောင်းအရင်းလို့ ဆိုပါတယ်။ ကာကွယ်ဆေးမပေါ်ခင်အချိန်က အမေရိကန်ပြည်ထောင်စုရှိ ကလေးများဟာ အသက်၅နှစ်အရွယ်မှာ Rota virus ကြောင့် အနည်းဆုံးတစ်ကြိမ် ဝမ်းလျှောပြီးဖြစ်နေတတ်ပါတယ်။ Rota virus ကူးစက်ခြင်းဟာ စိတ်ညစ်ညူးဖွယ်ဖြစ်ပေမယ့် အိမ်မှာပဲ ရေဓါတ်မခမ်းခြောက်စေရန် အရည်များများတိုက်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တခါတရံ ပြင်းထန်စွာရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်ပြီး ဆေးပုလင်းချိတ်ဖို့ လိုနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ Rota virus ကူးစက်ခြင်းရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့် သင့်မွေးကင်းစကလေးကို Rota virus ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေနည်းတဲ့ ပိုကြီးသော […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Measles (ဝက်သက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Measles (ဝက်သက်ရောဂါ) ကဘာလဲ။ ဝက်သက် ဒါမှမဟုတ် ဂျိုက်သိုး ရောဂါဟာ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဖြစ်ပါတယ်။ ဝက်သက်ရောဂါဆိုတာ တအားကိုကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး ၎င်းက ပိုးရှိတဲ့ချွဲတွေ သွားရည်တွေကနေတစ်ဆင့် ပြန့်နှံကူးစက်ပါတယ်။ ဒီရောဂါပိုးရှိသူဟာ သူတို့ချောင်းဆိုးချိန် နှာချေချိန်မှာ လေထဲကိုပိုးတွေ ထုတ်လွှတ်လိုက်သလိုဖြစ်တတ်ပါတယ်။ Measles (ဝက်သက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဝက်သက် ဗိုင်းရပ်စ် ရောဂါပိုးဟာ မျက်နှာပြင်အမျိုးမျိုးမှာ အချိန်အကြာကြီး ရှင်သန်နေပါတယ်။ ပိုးရှိတဲ့ အမှုန်လေးတွေက လေထဲတွေ မျက်နှာပြင်အမျိုးမျိုးတွေမှာ ကျလာခြင်းကြောင့် အဲ့ဒီအမှုန်တွေနဲ့ နီးကပ်စွာရှိနေမယ်ဆို ပိုးကကူးစက်နိုင်ပါတယ်။ ကူးစက်ခံထားရတဲ့လူရဲ့ သောက်ပြီးသားခွက် ဒါမှမဟုတ် သူစားသောက်ထားတဲ့ ပန်းကန် အသုံးအဆောင်တွေကို အတူတူ သုံးမိမယ်ဆိုပါက ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ ဝက်သက်ရောဂါဟာ ကလေးသေနှုန်းရဲ့ ထိပ်ဆုံးအကြောင်းအရင်းတွေထဲမှာပါနေပါတယ်။ ၂၀၁၄မှာ ဝက်သက်ရောဂါကြောင့်သေဆုံးမှုဖြစ်တဲ့ ၁၁၄၉၀၀ ယောက်သေဆံးမှုမှာ WHO […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Mumps (ပါးချိတ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mumps (ပါးချိတ်ရောင်ရောဂါ) ကဘာလဲ။ ပါးချိတ်ရောင်ရောဂါဟာ လူတစ်ဦးမှတစ်ဦး တံတွေး၊ နှာရည်၊ လက်ပွန်းတတီးနေခြင်းတို့မှ ကူးစက်တတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပါးချိတ်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ တံတွေးဂလင်းကို အဓိကထိခိုက်စေပါတယ်။ မျက်နှာတစ်ခြမ်းစီအတွက် နားရွက်အနောက်နဲ့အရှေ့မှာ တံတွေးဂလင်းသုံးစုံစီ ရှိပါတယ်။ တံတွေးဂလင်းရောင်လာခြင်းဟာ အဓိကရောဂါလက္ခဏာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများမှာဖြစ်လျှင် ကလေးများထက်ပိုပြီး ပြင်းထန်စွာခံစားရနိုင်ပါတယ်။ ရောဂါဖြစ်သူ သုံးပုံတစ်ပုံမှာ လက္ခဏာအနည်းငယ်မှ လုံးဝမပြသည်အထိ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများကတော့ ၁၅%မှာ ဦးနှောက်အမြှေးရောင်ခြင်း၊ ၄%မှာ ပန်ကရိယရောင်ခြင်း၊ နားပင်းသွားခြင်းနှင့် ရှားရှားပါးပါးမျိုးမပွားနိုင်သည်အထိ ဖြစ်စေတဲ့ ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများတွင်လည်း မျိုးဥအိမ်ရောင်ရမ်းခြင်း ဖြစ်စေနိုင်သော်လည်း မျိုးပွားနိုင်စွမ်းကို မထိခိုက်စေပါ။ Mumps (ပါးချိတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကာကွယ်ဆေးမထိုးသူများမှာ တစ်နှစ်လျှင် ဝ.၁မှ ၁% အထိဖြစ်ပွားပါတယ်။ ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့် ထိုးလာကြခြင်းကြောင့် ရောဂါဖြစ်နှုန်း၉၀%ကျော် ကျဆင်းခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှုန်းနည်းတဲ့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ကဘာလဲ။ Epstein-Barr ဗိုင်းရပ်စ်ရောဂါသည် အမည်ပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး မိုနိုနျူကလီးရိုးစစ်ကိုဖြစ်စေနိုင်ပါသည်။ ထိုရောဂါကို မိုနိုဟုအတိုခေါ်ကြ၏။ ထို့အပြည် ပျံ့နှံ့တတ်သည့် နည်းလမ်းတစ်ခုကြောင့် အနမ်းရောဂါဟုလည်း ခေါ်ပါသည်။ Epstein-Barr ဗိုင်းရပ်စ် (EBV) သည် ရပ်ကွက်ထဲကြားဖူးမည့်နာမည်မဟုတ်သောကြောင့် ကူးစက်ခံနေရကြောင်းလည်း သိမည်မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးရှိနေသော လူများသည် ဖျားနာမှုမရှိတတ်ပါ။ Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဘော်စတွန်ကလေးဆေးရုံအရ အသက် ၃၅ နှစ်မှ ၄၀ အတွင်းလူများ၏ ၉၅% မှာ သူတို့ဘဝအစောပိုင်းကာလတစ်ခုတွင် ရောဂါပိုးကူးစက်ခံထားရပြီးဖြစ်ပါသည်။ ဗိုင်းရပ်စ်မှာ ကလေးများတွင် ပုံမှန်အားဖြင့် လက္ခဏာမပြတတ်ပါ။ ပိုးရှိသူ မြီးကောင်ပေါက်ရွယ်နှင့် လူကြီးများ၏ ၃၀-၅၀ %တွင် မိုနိုနျူးကလီရိုးစစ်ခေါ် မိုနိုရောဂါကို ဖြစ်စေနိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ မိုးတွင်းမှာဖြစ်ပွားလေ့ရှိတဲ့ရောဂါတွေကရောဂါအခြေအနေမပြင်းထန်ခင်အထိရောဂါအမျိုးအစားကိုခန့်မှန်းရခက်ပါတယ်။ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါအချို့က ကုသရလွယ်ကူပေမယ့် ရောဂါအချို့က အသက်အန္တရာယ်ကိုထိခိုက်နိုင်တာကြောင့်စောစီးစွာရှာဖွေကုသနိုင်မှသာ အသက်အန္တရာယ်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်။   အအေးမိခြင်း အအေးမိဝေဒနာက မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတစ်ရပ်ဖြစ်ပြီး လေထုထဲကနေတဆင့်ရောဂါပိုးတွေ ပြန့်နှံ့ရာကနေဖြစ်ပွားတာဖြစ်ပါတယ်။ အအေးမိတာက အသက်ရှုလမ်းကြောင်းအထက်ပိုင်းမှာ ခံစားရတဲ့ရောဂါဖြစ်ပြီး နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ခံစားရနိုင်ပါတယ်။ အအေးမိရောဂါခံစားရတဲ့အခါ နှာစေးတာ၊လည်ချောင်းနာတာ၊ကိုယ်လက်တွေကိုက်ခဲတာ၊လည်ချောင်းနာတာနဲ့အဖျားတက်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကာကွယ်နိုင်မယ့်နည်းလမ်းများ - ကိုယ်ခံအားစနစ်ကောင်းမွန်လာစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းတိုးတက်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရသင့်တင့်မျှတစွာ စားသုံးပေးပါ။   ကာလဝမ်းရောဂါ နောက်ထပ်အဖြစ်များတဲ့ မုတ်သုံရာသီရောဂါတစ်ခုကတော့ ကာလဝမ်းရောဂါပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ကာလဝမ်းရောဂါဖြစ်ပွားတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အခါ အော့အန်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရေဓာတ်ဆုံးရှုံးတာနဲ့ ကြွက်တက်တာတွေဖြစ်ပေါ်ခံစားခဲ့ရနိုင်ပါတယ်။ ကာလဝမ်းရောဂါက ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင်အသက်အန္တရာယ်စိုးရိမ်ရပါတယ်။။ ကာကွယ်နိုင်မယ့်နည်းလမ်းများ - သန့်ရှင်းတဲ့ရေကိုသောက်သုံးပါ ကောင်းမွန်တဲ့ရေဆိုးနုတ်စနစ်ရှိပါစေ လက်ကိုစင်ကြယ်စွာဆေးကြောပေးပါ   တိုက်ဖွိုက် တိုက်ဖွိုက်ရောဂါဟာ ရေမှာပေါက်ဖွားတဲ့Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေကနေတဆင့် ကူးစက်နိုင်သလို ရောဂါကူးစက်ခံထားရတဲ့ သူရဲ့မစင်ကြောင့် ညစ်ညမ်းနေတဲ့ရေကနေလည်း ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။ တိုက်ဖွိုက်ရောဂါခံစားရတဲ့အခါ အဖျားတာရှည်တာ၊ မခံမရပ်နိုင်အောင်ဗိုက်အောင့်တာ၊ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို သိရှိ ကာကွယ်နိုင်စေဖို့ ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ မုတ်သုံရာသီက နွေရာသီရဲ့ပူပြင်းခြောက်သွ့မှုဒဏ်ကိုလျော့ပါးစေတယ်ဆိုပေမယ့် မုတ်သုံရာသီနဲ့အတူရောဂါဘယအမျိုးမျိုးပါလာတတ်ပါ တယ်။ မုတ်သုံရာသီတိုင်း လိုလိုမှာ သန့်ရှင်းမှုမရှိတဲ့အနေအထားတွေနဲ့ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလုပ်ဆောင်ဖို့အားနည်းတာကြောင့် ရောဂါအမျိုးမျိုးဖြစ်ပေါ်ခံစားရတတ်ပါတယ်။ မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဆိုတာ နဲ့ရောဂါလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) အအေးမိဖျားနာခြင်း - မိုးရာသီမှာ အတွေ့ရအများဆုံးရောဂါတစ်ရပ်ဖြစ်ပါတယ်။ ရာသီဥတု အပူချိန်ပြောင်းလဲမှုကြောင့် ဖျားနာကြတာဖြစ်ပါတယ်။ အဖျားဝင်လာပြီဆိုရင် အများစုက ကူးစက်ရောဂါအဖြစ် ပြောင်းလဲသွားပြီး တစ်ဦးကနေတစ်ဦးကိုကူးစက်နိုင်တာကြောင့် အဖျားမဝင်အောင်ကာကွယ်ဖို့လိုပါတယ်။ ရောဂါလက္ခဏာတွေ - နှာစေးတာ ကိုယ်လက်တွေကိုက်ခဲတာ လည်ချောင်းနာတာ အဖျားတက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ (၂) ငှက်ဖျား -Anopheles အမျိုးအစားခြင်အကိုက်ခံရာကနေကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ မိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှုက ခြင်တွေကိုပေါက်ဖွားစေတာကြောင့် ငှက်ဖျားရောဂါကိုဖြစ်ပွားစေပါတယ်။ ရောဂါလက္ခဏာတွေ- အချိန်မှန်အဖျားတက်တာ ခိုက်ခိုက်တုန်အောင်ချမ်းတာ ကြွက်သားတွေနာကျင်ကိုက်ခဲတာ အားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ (၃) ကာလဝမ်းရောဂါ -မိုးရာသီမှာနောက်ထပ်အဖြစ်များတဲ့ရောဂါတစ်ရပ်ကတော့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Ebola Virus (အီဘိုလာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်အီဘိုလာရောဂါဆိုတာ ဘာလဲ။ အီဘိုလာရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါအပြင်းစားတစ်မျိုးဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်အမျိုးအစားငါးမျိုးရှိပြီးဒီအထဲကလေးမျိုးကလူကိုကူးစက်နိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ခန္ဓါကိုယ်ထဲဝင်လာတဲ့အခါခုခံအားစနစ်နဲ့တခြားသောအင်္ဂါအစိတ်အပိုင်းတွေကိုဖျက်ဆီးပစ်နိုင်ပါတယ်။ သွေးခဲအောင်လုပ်ပေးနိုင်တဲ့ဆဲလ်တွေပျက်စီးနည်းပါးသွားတာမို့ ပြင်းထန်ဆိုးရွားတဲ့သွေးယိုစီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်မှုနှုန်း မြင့်မားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာအသက်ဆုံးရှုံးခဲ့ရတာမို့သင့်မှာအီဘိုလာရဲ့ရောဂါလက္ခဏာတွေ ပြသနေပြီဆိုရင်တော့ ဆေးကုသမှု အမြန်ဆုံးခံယူဖို့လိုအပ်ပါတယ်။ အီဘိုလာရောဂါ ကအဖြစ်များသလား။ အီဘိုလာဟာ ရှားပါးဖြစ်ခဲတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်လိုက်ရင်လည်း အင်မတန် ပြင်းထန်ပါတယ်။ အများအားဖြင့် အာဖရိကတိုက်မှာ ဖြစ်လေ့ရှိပေမယ့် တခြားနေရာတွေမှာလည်း တွေ့ရှိစ ပြုလာပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အာဖရိကတိုက်မှာ အီဘိုလာရောဂါကပ်အသွင် ဖြစ်သွားခဲ့ပါသေးတယ်။ သင့်အနေနဲ့အာဖရိကတိုက်ဖက်ကို ခရီးသွားစရာရှိမယ်ဆိုရင် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ အီဘိုလာရောဂါဟာ ကျားမမရွေးအသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လက္ခဏာများအီဘိုလာရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အီဘိုလာ ဒါမှမဟုတ် Marburg ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ အလျင်အမြန်စတင်ထွက်ပေါ်လာပါတယ်။ ကနဦးရောဂါလက္ခဏာတွေက • အဖျားတက်ခြင်း • ခေါင်းအရမ်းကိုက်ခြင်း • […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Yellow Fever (ခြင်မှတစ်ဆင့် ကူးစက်သော အပူပိုင်းဒေသ ရောဂါတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Yellow Fever ဆိုတာဘာလဲ။ Yellow fever ဆိုသည်မှာ ခြင်မှတစ်ဆင့် ကူးစက်သော အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်ပြီး သေသည် အထိဖြစ်စေနိုင်သော အပူပိုင်းဒေသ ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည်။ Yellow fever ဗိုင်းရပ်စ် ကို တောင်အမေရိကနဲ့ အာဖရိကဒေသရှိ အပူပိုင်းဒေသတွေမှာ တွေ့ရှိပါတယ်။ အဲဒီဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ခြင်ဟာ အကိုက်ခံရခြင်းမှတစ်ဆင့် လူသို့ကူးစက်နိုင်သည်။ Yellow fever ရောဂါရှိမရှိ စစ်ဆေးရာတွင် ခံစားနေရသော ရောဂါလက္ခဏာ၊ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု၊ ဓါတ်ခွဲစစ်ဆေးခြင်း များနဲ့ ခရီးသွားခဲ့သောမှတ်တမ်းများ ပေါ် အခြေခံပါတယ်။Yellow fever အတွက်သီးသန့် ကုထုံးမရှိသေးပါဘူး။ ရောဂါလက္ခဏာအပေါ်မှာပဲမူတည်ပြီး ဂရုစိုက်ကုသကြရပါတယ်။ Yellow fever ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေမှာ ခြင်မကိုက်စေရန် လိမ်းဆေး၊ဖြန်းဆေးများ အသုံးပြုခြင်း၊ အဝတ်များကို လုံလုံခြုံခြုံဝတ်စားခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ပဲဖြစ်ပါတယ်။ လက္ခဏာများYellow […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်