ကြီးမှပေါက်တဲ့ ဝက်သက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြီးမှပေါက်တဲ့ ဝက်သက်
    ဝက်သက်လို့ပြောရင် ကလေးတွေမှာပဲပေါက်တာလေလို့များတွေးနေလား၊ မဟုတ်ပါဘူးနော်။ အသက်ကြီးမှလည်း ဝက်သက်ပေါက်နိုင်ပါတယ်။ ကြီးမှပေါက်တဲ့ ဝက်သက်က ပိုခံရခက်ပါတယ်။ ဝက်သက်က အရွယ်မရွေးပေါက်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အခုတစ်ခေါက်တော့ အသက်ကြီးမှပေါက်တဲ့ ဝက်သက်အကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေလား။

    ဝက်သက်ဆိုတာက ဘာလဲ

    ဝက်သက်ဆိုတာက အသက်ရှုလမ်းကြောင်းစနစ်မှာ ပိုးဝင်ကူးစက်တဲ့ရောဂါတစ်မျိုးပေါ့။ ကူးစက်မြန်တဲ့ရောဂါတစ်မျိုးပါ။ရောဂါပိုးရှိနေတဲ့ ချွဲသလိပ်တွေ၊တံထွေးတို့နဲ့ထိမိရင်ဖြစ်ဖြစ်ရောဂါပိုးရှိတဲ့လူကနှာချေလိုက်တဲ့အခါချောင်းဆိုးလိုက်တဲ့အခါမှာရောဂါပိုးတွေပြန့်နှံ့ပြီး ကူးစက်နိုင်ပါတယ်။

    ဒီရောဂါပိုးဟာပြင်ပလေထုနဲ့ ပစ္စည်းတွေပေါ်မှာ အချိန်အတော်ကြာရှင်သန်နေနိုင်ပါတယ်။ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ်နေရင်ဖြစ်ဖြစ်၊ရောဂါပိုးတွေကပ်ငြိနေတဲ့နေရာကို ထိတွေ့မိရင်ဖြစ်ဖြစ် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ရောဂါပိုးရှိသူနဲ့ တစ်ခွက်တည်းအတူတူသောက်မိတာ၊အသုံးအဆောင်တွေအတူတူမျှသုံးတာတွေကြောင့် ဝက်သက်ရောဂါကူးစက်ခံရနိုင်ပါတယ်။

    ဝက်သက်က ကလေးငယ်တွေကိုအသက်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရင်းပါ။ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၁၁၄၉၀၀ ဦးအထိရှိခဲ့တာပါ။ အသက် ၅ နှစ်အောက်ကလေးငယ်တွေဟာ ဝက်သက်ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ဝက်သက်က ဒီလောက်ထိကြောက်ဖို့ကောင်းတာပါ။

    ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ

    ဝက်သက်ရောဂါပိုးက ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ဝက်သက်ကူးစက်ခံထားရပြီဆိုရင်

    ဒီအချက်တွေကြောင့် ဝက်သက်ဖြစ်နိုင်တယ်

    ဝက်သက်ကအပေါ်မှာပြောခဲ့သလိုပဲ ကူးစက်ရောဂါတစ်မျိုးပါ။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်မှာပါ။

    • ကာကွယ်ဆေးမထိုးထားတာ
    • ရောဂါရှိတဲ့နေရာကိုသွားလာမိတာ
    • ဗီတာမင် A ချို့တဲ့နေတာ
    • ရောဂါပိုးရှိတဲ့အရာတွေကို ထိတွေ့မိတာ
    • ရောဂါပိုးကူးစက်ခံထားရသူနဲ့ နီးနီးကပ်ကပ်နေတာ
    • အသုံးအဆောင်တွေမျှသုံးတာတွေကြောင့် ဝက်သက်ကူးစက်ခံရနိုင်ပါတယ်။

    နောက်ဆက်တွဲရောဂါအနေနဲ့ ဘာတွေခံစားရနိုင်လဲ

    ဝက်သက်ရောဂါက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါတစ်ခုဖြစ်တာကြောင့် ကာကွယ်ဆေးမဖြစ်မနေထိုးသင့်ပါတယ်။ ဝက်သက်ကြောင့်နောက်ဆက်တွကြန်းမာရေးပြဿနာတွကလည်းကြုံရနိုင်ပါသေးတယ်။

    ဘယ်လိုသက်သာအောင်လုပ်မလဲ

    ဝက်သက်ရောဂါက ကာကွယ်ပေးမှုကအထိရောက်ဆုံးကုထုံးပါ။ တကယ်လို့ သင့်အနေနဲ့ ဝက်သက်ရောဂါခံစာနေရမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

    အနားယူပါ – ခန္ဓါကိုယ်ကို အနားကောင်းကောင်းပေးပါ။ ပင်ပင်ပန်းပန်းဘာမှမလုပ်ပါနဲ့။

    အရည်များများသောက်ပါ -ရေများများသောက်ပေးပါ၊ရေနွေးလိုမျိုးရေဓါတ်ဖြည့်ပေးတဲ့အရည်တွေကိုသောက်ပေးလို့လည်းရပါတယ်။ အဖျားကျစေဖို့နဲ့ချွေးထွက်တာကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကိုဖြည့်တင်းနိုင်ဖို့အတွက်ပါ။

    အစိုထိန်းစက်လေးဖွင့်ပေးထားပါ -ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကိုသက်သာစေဖို့အတွက်လေထုထဲမှာ အစိုဓါတ်ရှိနေစေဖို့ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးပါ။

    မျက်လုံးတွေကို အနားပေးပါ – အလင်းဒဏ်ကို မခံနိုင်တာမျိုးဖြစ်နိုင်တာကြောင့် မျက်လုံးကို အနားပေးပါ။ ဖုန်းတွေမသုံးပါနဲ့။ တီဗွီတွေမကြည့်ပါနဲ့။

    အခုဆောင်းပါးလေးတွေက ဝက်သက်ပေါက်နေသူတွေအတွက် အသုံးတည့်ဖို့မျှော်လင့်ပါတယ်…….

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement