လက်ဆေးပါ၊ လက်ဆေးပါ ဆိုတဲ့အမှာစကားတွေက အလကားမဟုတ်ဘူးနော်။ မနက်အိပ်ရာထတည်းကစောင်ကိုခွာမယ်၊ခြင်ထောင်ကိုမမယ်၊ မျက်လုံးကိုပွတ်မယ်၊ ဒီလက်နှစ်ဖက်နဲ့ပဲမလား။ ဘာလုပ်လုပ် ဘာကိုင်ကိုင် ဒီလက်ချောင်းတွေ၊လက်ဖဝါးတွေနဲ့ မထိတွေ့ဘဲ မပြီးပါဘူး။ တစ်နေ့တာမှာ ဒီလောက်ထိတွေ့မှုများတဲ့အစိတ်အပိုင်းကို ဘာလို့များသန့်တယ်ထင်နေရတာလဲ။ အမယ် လာသေးတယ်…ငါ့လက်ကဆေးပြီးသားတဲ့။ ဘယ်တုန်းကလဲဆိုရေချိုးတုန်းကလေ ဆိုတာမျိုး။