မိဘ အတော်များများရဲ့ အတွေးက ကလေးကို ဆေးခန်းသွားမယ်ဆိုတာကို မပြောပြရင် ကလေးက ကြောက်စိတ်နည်းသွားမယ်။ ဆေးထိုးရမယ်ဆိုတာကို မပြောပြရင် ကလေးက ကြောက်မှာ မဟုတ်ဘူးလို့ပေါ့။
တကယ်ကတော့ အခြေအနေက ဒါနဲ့ ပြောင်းပြန်ပါ။ ကလေးကို ဆေးစစ်မှုရဲ့ အသေးစိတ်ကို ပြောပြပေးတာက ကလေးကို ကြောက်စိတ် ပိုကင်းစေတာပါ။ ဒါကြောင့် ကလေးကို တို့ဖတ်ယူရတော့မယ်ဆိုရင်။
အခုကတော့ ဘယ်ကို သွားမယ်။ ဘယ်သူတွေနဲ့ တွေ့ရမယ်။ ဘယ်လို စစ်ဆေးမှုတွေ ခံရမယ်။ အနည်းငယ် နာကျင်တာမျိုး ရှိနိုင်တယ်။ အချိန်အားဖြင့် ဘယ်လောက်ကြာမယ်။ ကြောက်စရာမဟုတ်ဘူး။ ကျန်းမာရေးအတွက် လိုအပ်လို့ စစ်ဆေးရတယ် ဆိုတာကို သေချာလေး နားလည်အောင် ပြောပြပေးပါ။
ဒါမှ ကလေးက စစ်ဆေးမှုမှာ အကောင်းဆုံး ပါဝင်နိုင်မှာ ဖြစ်သလို ကြောက်စိတ်လည်း ကင်းမှာပါ။
ကလေးကို အားပေးပါ။
ဆယ်ကျော်သက်အရွယ် မရောက်သေးတဲ့ ကလေးအတွက် အားအကိုးဆုံးက မေမေဖေဖေတို့ပါ။ ဒီတော့ ကလေးကို သေချာလေး အားပေးဖို့ လိုပါမယ်။ အနီးကပ်မရှိနေနိုင်ရင်တောင် ကလေး မြင်သာမယ့်နေရာမျိုးမှာ ထိုင်စောင့်နေပေးတာ၊ ရပ်ကြည့်နေပေးတာမျိုး လုပ်ပေးပါ။ မေမေဖေဖေက သူတို့လေးတွေနဲ့ အနီးဆုံးမှာ ရှိနေပေးတာက ကလေးတွေအတွက် စိတ်ခွန်အားပါပဲ။

ဆေးစစ်မှု ခံယူဖို့ စောင့်ဆိုင်းနေတဲ့ ကာလမှာ ကလေးကို ပျော်စရာဖြစ်မယ့်အရာလေးတွေ၊ ဟာသလေးတွေ ပြောပြပေးတာ၊ ပုံပြင်ပြောပြပေးတာ၊ ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေ ဆော့ပေးတာမျိုး လုပ်ပြီး အာရုံပြောငးထားပါ။ ကလေးက အခြားသူတွေ စစ်ဆေးတာကို အာရုံ မရောက်စေဖို့ပေါ့။ ဒီလို လုပ်ပေးတာက ကလေးကို ကြောက်စိတ် နည်းစေပြီး စစ်ဆေးမှုကို အကောင်းဆုံး ပါဝင်စေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။