ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 29, 2020 . 2 mins read
Share now

လူကြီးတွေလို ရောဂါလက္ခဏာ တိတိကျကျ မပြောပြတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ရင် သူတို့ရဲ့ အပြုအမူနဲ့ ပြင်ပလက္ခဏာလေးတွေကို အမြဲသတိထားမိဖို့ အရေးကြီးပါတယ်။

ကလေးက အစာမစားချင်ဘူးပဲ ပြောနေပြီဆိုရင် ကလေးမှာ အစာမကြေတာများဖြစ်နေလားလို့ စတင် သံသယရှိသင့်ပါပြီ။ အစာမကြေတာက ဝမ်းချုပ်တာလိုပဲ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ကိစ္စတစ်ခုပါ။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။

အစာမကြေတာက ကြီးကြီးမားမား ကျန်းမာရေး ပြဿနာလို့ မဆိုသာပေမယ့် သေချာလေး ဂရုစိုက် စောင့်ရှောက်ဖို့တော့ လိုပါတယ်။ အစာမကြေခြင်းက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်သလို သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ထိခိုက်စေနိုင်လို့ပါ။

ကလေးက အစာမကြေဖြစ်နေတာလား။

ကလေးက အစာမကြေဖြစ်နေတဲ့အခါ

  • လေပွမယ်
  • မကြာခဏ လေတက်နေမယ်
  • စားချဉ့်ရည်(အစာခြေရည်) ပြန်ဆန်တက်မယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • အစားမစားဘဲ နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘာတွေက ကလေးကို အစာမကြေဖြစ်စေတာလဲ။

စားလိုက်တဲ့ အစားအသောက်တွေကြောင့် အစာမကြေဖြစ်နိုင်သလို အချို့သော အခြေအနေတွေကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။

  • အစား အများကြီးစားတာ
  • အစားကို မြန်မြန်စားလိုက်တာ
  • အပူအစပ်တွေ စားတာ
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားတွေ အစားများလွန်းတာ
  • အဆီများတာတွေ စားမိတာ
  • အစာကြေခဲတာတွေ စားတာ
  • ညဘက်နောက်ကျမှ အစားစားတာ
  • ကဖင်းပါတာတွေ သောက်တာ
  • အချိုရည်တွေ သောက်တာ
  • ကောင်းကောင်းမအိပ်တာ
  • ချောကလက်စားများတာ
  • သံဓာတ် အားဖြည့်ဆေးအပါအဝင် ဆေးဝါးတွေ သောက်သုံးရတာ
  • စိတ်ဖိစီးနေတာ
  • တဆင့်ခံ ဆေးလိပ်ငွေ့တို့ကြောင့် ကလေးတွေမှာ အစာမကြေတာ ဖြစ်နိုင်ပါတယ်။

ကလေးကို အစာမကြေမှု ကင်းဝေးစေဖို့

ကလေးက အစာမကြေဖြစ်တတ်တယ်ဆိုရင် အစားအသောက်၊ အနေအထိုင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါကြောင့် ..

အဆီများတာတွေ မကျွေးပါနဲ့

အဆီများတဲ့ အစားအစာတွေက ကလေးကို အစာမကြေ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်၊ သစ်သီး၊ အိမ်ချက်အစားအစာတွေ၊ အာဟာရဖြည့်နို့ စတာတွေ ကျွေးပေးပါ။

ချောကလက် လျှော့ကျွေးပါ

ချောကလက်၊ သကြားလုံးတွေက ကလေးတွေ သည်းခြေကြိုက်ဆိုပေမယ့် အစာမ​ကြေဖြစ်စေနိုင်တာကြောင့် ကလေးကိုလည်း သူနေမကောင်းဖြစ်နိုင်လို့ မစားခိုင်းတာဆိုတာကို နားလည်အောင်ရှင်းပြပါ။
အလိုလိုက်ပြီး ပိုမကျွေးမိအောင်လည်း သတိထားပါ။

ကလေးကို ဖြည်းဖြည်း စားတတ်အောင် သင်ပေးပါ

အစာမြန်မြန်စားတာက အစာမကြေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ ဖြည်းဖြည်းမှန်မှန်နဲ့ သေချာ ကြေညက်အောင်ဝါးစားတတ်ဖို့ အလေ့အကျင့် လုပ်ပေးပါ။

ကလေးကို စိတ်ဖိစီးမှု ကင်းအောင်ထားပါ

ကလေးဆိုပေမယ့် လူကြီးတွေလိုပဲ စိတ်ဖိစီးမှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကလည်း ကလေးကို အစာမကြေ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တာကြောင့် ကလေးကို စိတ်ဖိစိးမှု ကင်းအောင် ဂရုစိုက်ပါ။
အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေမဖြစ်စေဖို့ သတိထားပါ။

အစာစားပြီးပြီးချင်း ပြေးလွှားဆော့တာမျိုး မလုပ်စေဖို့ သတိပြုပါ

အစားစားပြီးပြီးချင်းမှာ ပြေးတာ၊ ခုန်ပေါက်ဆော့တာက ကလေးကို အစာမကြေဖြစ်စေနိုင်ပါတယ်။ အစာစားပြီး အနည်းဆုံး တစ်နာရီကြာမှ ပြေးလွှား လှုပ်ရှားလုပ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကလေးကို အစာစားပြီးပြီးချင်း ပြေးလွှားဆော့တာမျိုး မလုပ်မိအောင် ဂရုစိုက်ပေးပါ။

အစာခြေစနစ်အတွက် အထောက်အကူဖြစ်စေမဲ့ အစားအသောက်တွေပိုကျွေးပါ

ကလေးရဲ့ နေ့စဉ်အစားအသောက်မှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွက်အထောက်အကူဖြစ်စေမဲ့ Prebiotics ပါတဲ့ နို့တွေ၊ အစားအသောက်တွေ (ဥပမာ – ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ကညွတ်၊ အုတ်ဂျုံ၊ ပန်းသီး၊ ရေညှိ စသည်တို့) ပါဝင်အောင် ကျွေးမွေးပါ။

ဒီအချက်လေးတွေ သေချာဂရုစိုက်လိုက်နာပေးရင်တော့  ကလေးအစာမကြေခြင်း ပြဿနာကို အမြန်ဆုံးသိရှိပြီး အလွယ်ကူဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်နော်…။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ကင်ဆာပြန်မဖြစ် အောင် ကာကွယ်လို့ ရလား။ ကင်ဆာပြန်မဖြစ်စေဖို့ ဘယ်လို စားသောက်နေထိုင်မှု ပုံစံတွေကို လိုက်နာသင့်သလဲဆိုတာ ပြောပြပေးပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကင်ဆာရောဂါများ, အခြားကင်ဆာများ ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read